Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15231

အီဘိုလာ ဗိုင်းရပ်စ်ကြောင့် ဂီနီနိုင်ငံတွင် သေဆုံးသူ ၇၀ အထိရှိလာ

$
0
0

ဧပြီ ၂ ၊ ၂၀၁၄
M-Media
Ebola outbreak kills 70 in Guinea
- အာဖရိကအနောက်ခြင်းမှ နိုင်ငံတစ်ခုဖြစ်သည့် ဂီနီနိုင်ငံအတွင်းပျံ့နှံ့နေသည့် အီဘိုလာ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူအရေအတွက်မှာ ၇၀ အထိရှိလာပြီဟု ဂီနီကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူများက ယမန်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

အမြို့တော် ကိုနက်ရီ၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော ကြေညာချက်တွင် ထိုကဲ့သို့ ဖော်ပြထားခြင်းဖြစ်ပြီး၊ နိုင်ငံအရှေ့တောင်ပိုင်း ဝေးလံခေါင်သီသောနေရာများတွင် အများဆုံးဖြစ်ပွားနေသည်ဟု ထည့်သွင်းဖော်ပြထားသည်။

“ဇန်န၀ါရီလမှ မတ်လ ၂၈ ရက်နေ့အထိ နိုင်ငံတစ်ဝှမ်း အဆိုပါဗိုင်းရပ်စ်ကြောင့် အဖျားရောဂါခံစားနေရသော လူဦးရေမှာ ၁၁၁ ဦးရှိပြီး ထိုအထဲမှ ၇၀ သေဆုံးခဲ့ကာ၊ သေဆုံးမှုမှာ ၆၃ ရာခိုင်နှုန်းအထိရှိသည်” ဟု အဆိုပါကြေညာချက်တွင် ဖော်ပြထားသည်။

ထိုဗိုင်းရပ်စ်ပိုးမှာ လူဦးရေ ၂ သန်းနေထိုင်သည့် မြို့တော်အတွင်းသို့ ကူးစက်ပျံ့နှံလာမည်ကို ဂီနီအာဏာပိုင်များက စိုးရိမ်နေသည်။ ကိုနက်ရီမြို့ရှိ Donak ဆေးရုံကမူ ထိုဗိုင်းရပ်စ်ကူးစက်နေသည့် လူနာ ၃၀၀ ခန့် ဆေးရုံသို့ လာရောက်ကုသခဲ့ပြီး၊ အခြားသူများသို့ ရောဂါပိုး ကူးစက်ခြင်းမှ တားဆီးရန် ရောဂါဖြစ်ပွားနေသူများအား ပြည်သူများက သီးသန့်ခွဲထားခြင်းကြောင့် ဆေးရုံရောက်သည့် အရေအတွက်မှာ လျော့ကျနေသဟု သတင်းထုတ်ပြန်ခဲ့သည်။

ထို့ပြင် လိုက်ဘေးရီးယာနှင့် စီယာလီယိုနီ နိုင်ငံများတွင်လည်း အီဘိုလာရောဂါးပိုး ကူးစက်သူ ရာပေါင်းများစွာရှိနေပြီး အနည်းဆုံးသေဆုံးသူ ၆ ဦးနေပြီဟု သိရသည်။ ဆီနီဂေါနိုင်ငံကလည်း အီဘိုလာရောဂါပိုး နိုင်ငံအတွင်းသို့ မ၀င်ရောက်စေရန် နိုင်ငံရှေ့တောင်ပိုင်းရှိ ဂနီနယ်စပ်အား ပိတ်ပစ်ခဲ့သည်။

အီဘိုလာဗိုပ်စ်ပိုးကြောင့် သွေးယိုသည့် အဖျားရောဂါဖြစ်ပွားနိုင်ပြီး ကြွက်သားများနာကျင်ခြင်း၊ အားနည်းခြင်း၊ အန်ခြင်း၊ ၀မ်းရှောခြင်း စသည်တို့ ဆိုးရွားစွာဖြစ်နိုင်ကာ၊ ကိုယ်လက်အင်္ဂါများ အသုံးပြု၍ မရတော့ခြင်းနှင့် သွေးယိုမှု မရပ်တန့်ခြင်းတို့ဖြစ်ပွားနိုင်သည်။

အဆိုပါ ဗိုင်းရပ်စ်ပိုးမှာ သွေး၊ မစင်၊ ချွေး စသည်တို့ဖြင့် တိုက်ရိုက်ထိတွေ့ခြင်းမှ ကူးဆက်နိုင်ပြီး၊ လိင်ဆက်ဆံခြင်းနှင့် ထိုဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသွားသည့် အလောင်းများအား အကာအကွယ်မရှိဘဲ ထိတွေ့ကိုင်တွယ်ခြင်းတို့ကြောင့်လည်း အီဘိုလာဗိုင်းရပ်စ်ပိုး ပျံ့နှံ့နိုင်သည်။

ကမ္ဘာပေါ်တွင် ကြောက်စရာကောင်းသည့် ဗိုင်းရပ်စ်ပိုးထဲမှ တစ်ခုဖြစ်သည့် အီဘိုလာဗိုင်းရပ်စ်ပိုးမှာ ၁၉၇၆ ခုနှစ်က ကွန်ဂိုနိုင်ငံတွင်လည်း ပျံ့နှံ့ခဲ့ဖူးပြီး ကူးစက်သူ ၂၅ မှ ၉၀ ရာခိုင်နှုန်းအထိ သေဆုံးခဲ့သည်။

CAH/HSN/SS


Viewing all articles
Browse latest Browse all 15231

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...