Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

စစ်တွေ NGO ရုံးများ တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ ထိန်းသိမ်းထားသည့် ရခိုင်အမျိုးသားပါတီ ဗဟိုကော်မတီဝင် ကွယ်လွန်

$
0
0

ဧပြီ ၁၂၊ ၂၀၁၄
M-Media
KK

မတ်လ ၂၆/၂၇ ရက်နေ့တွေမှာ ဖြစ်ပွားခဲ့တဲ့ စစ်တွေ အန်ဂျီအိုရုံးများ တိုက်ခိုက်ခံရမူနှင့် ဆက်စပ် ဖမ်းဆီး ထိန်းသိမ်း ခံထားရသည့် ရခိုင်အမျိုးသားပါတီ ( ANP) မှ ဗဟိုကော်မီတီဝင် ဦးသိန်းမောင်မှာ မနေ့ညဥ့် ၁၀ နာရီ ၃၅ မိနစ်တွင် စစ်တွေ ဆေးရုံမှာ ကွယ်လွန်သွားခဲ့သည်ဟု ဘင်္ဂလာဒေရှ်အခြေစိုက် ရခိုင်မီဒီယာတခု ဖြစ်သည့် နိရဉ္စာရာ သတင်းဌာနတွင် ဖော်ပြထားပါတယ်။

စစ်တွေ ကိစ္စ စုံစမ်းရေးကော်မရှင် ဥက္ကဋ္ဌ နယ်စပ်ရေးရာ ဒုတိယ ဝန်ကြီး ဗိုလ်ချုပ် မောင်မောင်အုန်းကတော့ NGO တွေ တိုက်ခိုက်ခံရမှုမှာ ကောလဟာလ သတင်းဖြန့်ပြီး ပြသနာဖြစ်အောင် လှုံ့ဆော်ခဲ့တဲ့ အဖွဲ့တဖွဲ့ရှိကြောင်း၊ ဘယ်သူတွေဖြစ်တယ် ဆိုတာ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဆက်လက်ဖော်ထုတ် သွားမယ်ဆိုတာကို BBC နှင့် အင်တာဗျူးမှာ ထည့်သွင်း ပြောကြားသွားပါတယ်။

ရခိုင်အမျိုးသားပါတီ ( ANP) ဟာ ယခင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD နှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP နှစ်ခုပေါင်း ဖွဲ့စည်းထားခြင်းဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် မတ် ၆ ရက်နေ့မှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ နိုင်ငံရေးပါတီအဖြစ် တရားဝင် မှတ်ပုံတင်ခွင့် ခွင့်ပြုခဲ့တာဖြစ်ပါတယ်။


Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...