Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

ကက်သလစ်ဘုန်းကြီးများ ကလေးငယ်များကို စော်ကားမှုများ အတွက် ပုပ်ရဟန်းမင်းကြီးတောင်းပန်

$
0
0

ဧပြီ ၁၂၊ ၂၀၁၄
M-Media

- ရိုမန်ကက်သလစ်အသင်းတော်မှ ဘုန်းကြီးများ ကလေးငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု၊ ကိုယ်ထိ လက်ရောက်ပြုမူမှုများအတွက် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က တောင်းပန်လိုက်သည်ဟု သိရသည်။

pope_seeks_forgiveness_for_priests_sex_abuse_m5

ထိုတောင်းပန်မှုမှာ ကက်သလစ် အသင်းတော်၏ လိင်ပိုင်းဆိုင်ရာစော်ကားမှု ပြဿနာများအတွက် အထိရောက်ဆုံးစကားများလည်းဖြစ်သည်။ အာဂျင်တီးနားဖွား ပုပ်ရဟန်း မင်းကြီးက နှစ်ပေါင်း ၂၀ ကျော်ကြာ အသင်းတော်အား ခြောက်လှန့်နေခဲ့သည့် ထိုမကောင်း သတင်းအတွက် အသင်းတော် အနေဖြင့် ယခင်ကထက် ပိုမို ရပ်တည်သွားမည်ဟု ယမန်နေ့က ဗာတီကန်တွင်ပြုလုပ်ခဲ့သည့် ကက်သလစ် ကလေးငယ်များ ဗျူရိုတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

“ အသင်းတော်က လူတွေပြုလုပ်တဲ့ ပုဂ္ဂိုလ်ရေးအရ၊ ကိုကျင့်တရားအရ ပျက်ဆီးမှုတွေကို အသင်းတော်အနေနဲ့ သတိထားပါတယ်။ ပြီးတော့ ဒီပြဿနာကို ဘယ်လိုဆောင်ရွက် ရမယ်ဆိုတာနဲ့ ပိတ်ပင်တားမြစ်မှုတွေ ချမှတ်ရမယ် ဆိုတာတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဘယ်တော့မှ နောက်ဆုတ်မှာ မဟုတ်ပါဘူး” ဟု ရဟန်းမင်းကြီးက ပြောကြားခဲ့သည်။

ထိုပြဿနာနှင့် ပတ်သက်၍ ပြတ်ပြတ်သားသား မရပ်တည်ခြင်း၊ ဘရာဇီးသို့ သွားရောက်စဉ် အစော်ကားခံရသူများနှင့် တွေ့ဆုံခြင်း မရှိသောကြောင့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အား ပြစ်မှု ကျူးလွန်ခြင်းခံခဲ့ရသည့် အဖွဲ့များမှ ဝေဖန်ခဲ့ကြပြီး၊ တက်ကြွ လှုပ်ရှားသူများကလည်း ကလေးများအား ကိုယ်ထိ လက်ရောက်စော်ကားသူများကို တစ်နေရာမှ တစ်နေရာသို့ပြောင်းရွှေ့ပေးခဲ့ပြီး ထိုကဲ့သို့ စော်ကားမှုများကို ဆက်လက်လုပ်ဆောင် ခွင်ရရန် ဆောင်ရွက်ပေးသည့် ဘုန်းတော်ကြီးများအား အပြစ်ပေးရန် အသင်းတော်အား တိုက်တွန်းခဲ့သည်။

ဘုန်းတော်ကြီးများ စော်ကားမှုမှ လွတ်မြောက်လာသူများ ကွန်ယက် SNAP ကမူ ပုန်ရဟန်းမင်းကြီး ဖရန်စစ်၏စကားအား သတိဖြင့် လက်ခံရမည်ဟု ပြောကြားခဲ့သည်။

Ref: aljazeera


Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...