Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15231

အစ္စရေးကို ဆန့်ကျင်သော BDS လှုပ်ရှားမှုကို တုံ့ပြန်ရန် လျိုဝှက် ဆွေးနွေးပွဲ လန်ဒန်တွင်ကျင်းပခဲ့

$
0
0

ဧပြီ ၁၃၊ ၂၀၁၄
M-Media

- အစ္စရေး၏ ထုတ်ကုန်များကို သပိတ်မှောက်ရန် နိုင်ငံတကာမှ ဆော်သြတိုက်တွန်းမှုများကို တန်ပြန်တွန်းလှန်ရန်အတွက် ၂၅ နိုင်ငံပါဝင်သည့် လျှို့ဝှက်ဆွေးနွေးပွဲတစ်ခုကို လန်ဒန်တွင်ပြုလုပ်ခဲ့သည်ဟု သိရသည်။
358327_pro-Israeli-meeting
ပါလက်စတိုင်းပိုင်နက်အတွင်း ဆောက်လုပ်နေသော အစ္စရေး၏ တရားမ၀င်အိမ်ရာများကို ဆန့်ကျင်သောအနေဖြင့် ပြုလုပ်သော BDS (သပိတ်မှောက်၊ လုပ်ငန်းရပ်၊ ပိတ်ဆို့မှုလုပ်) လှုပ်ရှားမှုအား ရှောင်လွှဲရန် အစ္စရေး၏ ကြိုးပမ်းမှုအဖြစ်သော အဆိုပါဆွေးနွေးပွဲကို ယခုတစ်ပတ် အတွင်း ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ထိုဆွေးနွေးပွဲသို့ နိုင်ငံခြားနှင့် ဓနသဟာယနိုင်ငံများရေးရာ ဗြိတိန်ပါလီမန် လက်ထောက် အတွင်းရေးမှူးဟောင်း အလစ်စတာ ဘာ့တ်နှင့် အစ္စရေးထောက်လှမ်းရေး ၀န်ကြီး ယူဗဲလ် စတီနစ်ဇ်တို့ အပါဝင် အမေရိကန်၊ ကနေဒါ၊ သြစတေးလျနှင့် ဥရောပနိုင်ငံများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

BDS လှုပ်ရှားမှုမှာ ပါလက်စတိုင်းနယ်မြေအတွင်း တရားမ၀င်အိမ်ရာများအား ဆောက်လုပ်ခြင်းအား ရပ်တန့်ရန် ဖိအားပေးသည့်အနေဖြင့် ကမ္ဘာတစ်ဝှမ်းတွင် ပြုလုပ်နေခြင်းဖြစ်သည်။ ထိုကဲ့သို့ တရားမ၀င်အိမ်ရာများ ဆောက်လုပ်နေခြင်းမှာ အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲ အတွက်လည်း အတားအဆီးတစ်ခုဖြစ်နေသည်။

အမေရိကန်၊ နယ်သာလန်၊ တောင်အာဖရိကနှင့် ဥရောပနိုင်ငံအချို့မှ အသင်းအဖွဲ့များ၊ ဘဏ်များနှင့် စီးပွားရေးလုပ်ငန်းအချို့မှာ အစ္စရေးရှိ စီးပွားရေး လုပ်ငန်းများ ဘဏ်များနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ရပ်ဆိုင်းခဲ့ပြီး၊ အဆိုပါအိမ်ရာများတွင် ပါဝင်နေသည့် စီးပွားရေးလုပ်ငန်းများနှင့် ဆက်သွယ်သော ဥရောပ ကုမ္ပဏီများအား အရေးယူမှုများပြုလုပ်ရန် ဥရောပသမဂ္ဂ နိုင်ငံခြားရေးပေါ်လစီ အကြီးအကဲ ကက်သရင်းအက်ရှ်တန်က ဥရောပ ပါလီမန်သို့ မတ်လ ၂၈ ရက်နေ့က ပေးပို့သောစာတွင် တိုက်တွန်းထားသည်။

၁၉၆၇ ခုမှစ၍ ပါလက်စတိုင်းပိုင်နက်အတွင်း အစ္စရေးမှ ဆောက်လုပ်ခဲ့သည့် တရားမ၀င်အိမ်ရာများတွင် နေထိုင်သူဦးရေမှာ သန်းဝက်ခန့် ရှိနေသည်။ နိုင်ငံတကာမှ တားမြစ်မှုများ ရှိနေသော်လည်း အစ္စရေးကမူ တရားမ၀င် အိမ်ရာဆောက်လုပ်ခြင်းအား မစွန့်လွှတ်သေးပေ။

NT/NN/AS


Viewing all articles
Browse latest Browse all 15231

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...