Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

ပြည်သူ့အသုံးစားရိတ် လျှော့ချရေး ဆန့်ကျင်သူများကို အီတလီရဲတပ်ဖွဲ့ အင်အားသုံးနှိမ်နင်း၊ ဒဏ်ရာရမှုများရှိ

$
0
0

ဧပြီ ၁၃၊ ၂၀၁၄
M-Media

- အီတလီအစိုးရ၏ ပြည်သူ့အသုံးစားရိတ် လျှော့ချရေး ပေါ်လစီကို ဆန့်ကျင့်သောအနေဖြင့် ရောမမြို့တွင် ဆန္ဒပြနေသူများကို ရဲတပ်ဖွဲ့မှ အင်အားသုံးဖြိုခွဲခဲ့သည်ဟု သိရသည်။

image

ပြည်သူ့အသုံစားရိတ်လျှော့ချခြင်း၊ နေအိမ်များ ဈေးနှုန်းကြီးမြင့်လာခြင်းနှင့် အလုပ်လက်မဲ့များ များပြားလားခြင်းကို ဆန့်ကျင်သောအားဖြင့် ဆန္ဒပြသူ ရာပေါင်းများစွာတို့အား ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများအသုံးပြု ယမန်နေ့က လူစုခွဲခဲ့ပြီး ဒဏ်ရာရသူများလည်း ရှိသည်ဟု ဆေးကုသပေးသူများကဆိုသည်။

ဆန္ဒပြသူများကလည်း ရဲတပ်ဖွဲ့အား ကြက်ဥများ၊ လိမ္မော်သီးများနှင့် ပစ်ပေါက်ခဲ့ပြီး အဖမ်းအဆီး အချို့လည်းရှိခဲ့သည်။ ပြည်ထဲရေးဝန်ကြီးဌာကမူ အဆိုပါဖြိုခွင်းမှု အတွင်း လူ ၆ ဦးဖမ်းဆီးထားပြီး အခြား ၁ ဦးမှာ ဆိုးရွာစွာ ဒဏ်ရာ ရရှိနေသည်ဟု သတင်းထုတ်ပြန်ခဲ့သည်။

ထိုဆန္ဒပြပွဲတွင် အလုပ်သမားများ၊ ကျောင်းသားများနှင့် အစိုးရ၏ ပြည်သူ့အသုံးစားရိတ် လျှော့ချမှုအား ဆန့်ကျင်သူ စုစုပေါင်း ၁၅၀၀၀ ခန့်ရှိသည်ဟု ဆန္ဒပြပွဲကို စီစဉ်သူများကဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် အာဏာရခဲ့သည့် ၀န်ကြီးချုပ် မက်တိုရန်ဇီမှာ စီးပွားရေးပြုပြင်ပြောင်းလဲရန် အတွက် ပြည်သူ့အသုံးစားရိတ် ကန်ဒေါ်လာ ၆.၂ ဘီလီယံကို လျှော့ချရန်နှင့် အလုပ်သမား ဥပဒေများကို ပြောင်လဲပြင်ဆင်ရန် စီစဉ်နေသည်။ ထိုဥပဒေ အသစ်များ ပြောင်းလဲခဲ့ပါက အလုပ်သမားများကို အလွယ်တကူ ခန့်ထား၊ ထုတ်ပယ်နိုင်မည့် အခွင့်အရေးကို ကုမ္ပဏီများက ရရှိမည်ဖြစ်သောကြောင့် အလုပ်သမားများက ဥပဒေပြောင်းလဲပြင်ဆင်ရေးအပေါ် ဒေါသထွက်နေကြသည်။
Agencies


Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...