Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

အာဆင်နယ် ချန်ပီယံ အိပ်မက်ပျက်ပြယ်ခြင်းမှာ ဒဏ်ရာရ ကစားသမားများကြောင့်ဟု အာတီတာဆို

$
0
0

ဧပြီ ၁၄။ ၂၀၁၄
M-Media

အာဆင်နယ်အသင်း ချန်ပီယံပြေးလမ်းကြောင်းမှ ဖယ်ပေးခဲ့ရခြင်းမှာ ဒဏ်ရာရ ကစားသမားများကြောင့်ဖြစ်သည်ဟု အာတီတာဆို
316252_heroa
- အာဆင်နယ်အသင်း၏ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ရေးအိပ်မက် ပျက်ပြယ်ခဲ့ရခြင်းမှာ ကစားသမားများ ဒဏ်ရာ ရခြင်းကြောင့်ဖြစ်သည်ဟု အသင်း၏ ကွင်းလယ်လူ အာတီတာက ပြောကြားလိုက်သည်။

အာဆင်နယ်အသင်းမှာ ရာသီအစတွင် ပုံစံကောင်းများပြသခဲ့ပြီး ဇယားထိပ်ဆုံးတွင် အချိန်အတော်ကြာ ဦးဆောင်နိုင်ခဲ့သော်လည်း အသင်းရှိ အဓိက ကစားသမားများဖြစ်သည့် အာရွန်ရမ်ဆေး၊ အိုဇေးလ်၊ ဝေါလ်ကော့နှင့် ၀ီလ်ရှိုင်းယားတို့ ဒဏ်ရာကြောင့် အနားယူခဲ့ရပြီး အာဆင်နယ်အသင်းမှာလည်း အဆင့် ၅ နေရာသို့ ရောက်ရှိခဲ့ရကာ လာမည့်နှစ် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အဲဗာတန်အသင်းနှင့် အပြိုင်လုရတော့မည်ဖြစ်သည်။

“ပြီးခဲ့တဲ့ လေးပတ်အတွင်အမှာ အဖြစ်အပျက်တော်တော်များများ ဖြစ်ပွားခဲ့ပါတယ်။ ဒဏ်ရာရကစားသမား ၈ ဦးအထိရှိခဲ့တယ်။ အဲဒီအချိန်မှာ ပြိုင်ဘက်တွေက ကျွန်တော်တို့ထက် ရလဒ်တွေပိုကောင်းခဲ့ပါတယ်။ ဒါဟာ ဒီရာသီရဲ့ အရေးအကြီးဆုံးအချိန်မှာ ကျွန်တော်တို့ရဲ့ ယုံကြည်မှုကို ရိုက်ခတ်စေခဲ့တာပါပဲ” ဟု အာတီတာက Goal သို့ ပြောကြားခဲ့သည်။

ယမန်နေ့က ကစားခဲ့သည့် FA ဖလား ဆီးမီးဖိုင်နယ်ပွဲစဉ်တွင် အာဆင်နယ်အသင်းမှာ ၀ီဂန်အား ပင်နယ်တီ အဆုံးအဖြတ်ဖြင့် အနိုင်ရရှိကာ နောက်ဆုံးဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ပြီး ဗိုလ်စွဲနိုင်ခဲ့ပါက ၈ နှစ်ကြာ ဆုဖလား မိုးခေါင်မှုကို အဆုံးသတ်နိုင်မည်ဖြစ်သည်။


Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...