Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

ဂျူးလူ့အဖွဲ့အစည်းကို ပစ်မှတ်ထားသည့် ပစ်ခတ်မှုတစ်ခု အမေရိကန်တွင် ဖြစ်ပွား

$
0
0

ဧပြီ ၁၄၊ ၂၀၁၄
M-Media

- အမေရိကန်ပြည်ထောင်စု ကန်ဆက်ပြည်နယ်တွင် ဂျူးများနေထိုင်ရာ ဒေသအား ပစ်မှတ်ထားသော ပစ်ခတ်မှုတစ်ခု ယမန်နေ့က ဖြစ်ပွားခဲ့သည်ဟု သိရသည်။

Kansas-shooting

အသက် ၇၀ အရွယ် အမျိုးသားတစ်ဦးမှာ ကန်ဆက်ပြည်နယ် ကန်ဆက်မြို့ရှိ ဂျူးများ စုဝေးရာ စင်တာသို့ သွားရောက်ကာ သေနတ်ဖြင့်ပစ်ခဲ့ခြင်းဖြစ်ပြီး အမျိုးသားတစ်ဦးမှာ ပွဲချင်းပြီးသေဆုံးခဲ့ကာ အခြားတစ်ဦးမှာ ဆေးရုံအရောက်တွင် သေဆုံးခဲ့သည်။

ထို့နောက် အဆိုပါပြစ်မှုကျူးလွန်သူမှာ အနီးအနားရှိ ရှာလွမ်ရွာသို့ သွားရောက်၍  အမျိုးသမီးတစ်ဦးကို ပစ်သတ်ခဲ့ပြီး အခြားနှစ်ဦး ပစ်ခတ်ခဲ့သော်လည်း ထိမှန်ခဲ့ခြင်းမရှိပေ။ အဆိုပါ ပြစ်မှုကျူးလွန်သူကို စာသင်ကျောင်းဝန်းကျင်တွင် ဖမ်းမိခဲ့သည်ဟု ဒေသခံရဲတပ်ဖွဲ့အကြီးအကဲ ဂျွန်ဒေါက်ဂလပ်စ်က ပြောကြားခဲ့သည်။

ပြစ်မှုကျူးလွန်သူမှာ ထွက်ဆိုချက် အများအပြားကို ပြောဆိုထားပြီး ပြည်သူအားချပြရန် စောလွန်းသေးကြောင်း၊ ထိုပစ်ခတ်မှုမှာ ဂျူးဆန့်ကျင်ရေးလှုပ်ရှားမှု သို့မဟုတ် အမုန်းတရားကြောင့်ဖြစ်လာသည့် ရာဇ၀တ်မှု ဟုတ်မဟုတ်ကို စုံးစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေါက်ဂလပ်စ်က ထပ်လောင်းပြောကြားခဲ့သည်။

ပြစ်မှုကျူးလွန်သူမှာ ကန်ဆက်မြို့မှမဟုတ်ဘဲ၊ အမဲလိုက်သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကာ ပစ္စတို သို့မဟုတ် ရိုင်ဖယ် အသုံးပြုခဲ့ခြင်း ရှိမရှိကိုမူ ကျွမ်းကျင်သူများက ဆုံးဖြတ်ရန်ကြိုးစားနေသည်။
AP


Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...