Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

နိုင်ငံ၏ နျူလက်နက် ပေါ်လစီအား ပြောင်းမည့် သတင်းကို အိန္ဒိယ အတိုက်အခံ ပါတီငြင်းဆို

$
0
0

ဧပြီ ၁၄၊ ၂၀၁၄
M-Media

- မိမိတို့အာဏာရလာပါက နိုင်ငံ၏ နျူးကလီးယား ပေါ်လစီကို ပြောင်းလဲပစ်မည်ဟု သတင်းထွက်ပေါ်နေမှုအား အိန္ဒိယအတိုက်အခံ BJP ပါတီက ငြင်းဆိုလိုက်သည်။

tH4mFfo-360

လက်ရှိပြုလုပ်နေသော ရွေးကောက်ပွဲတွင် အနိုင်ရရှိလိမ့်မည်ဟု ရေးပန်းစားနေသည့် BJP ပါတီအနေဖြင့် နိုင်ငံ၏ “နျူလက်နက် ဦးစားပေး မသုံးစွဲရေး” ပေါ်စီကို ပြင်ဆင်မှုများ ပြုလုပ်မည်ဟု ပြီးခဲ့သည့် သီတင်းပတ်မှစ၍ သတင်းများ ထွက်ပေါ်နေခြင်းဖြစ်သည်။

“နျူကလီးယား လက်နက်တွေအတွက် “နျူလက်နက် ဦးစားပေး မသုံးစွဲရေး” ပေါ်လစီဟာ သေသေချာချာ စီစဉ်ခဲ့တဲ့ ပေါ်လစီတစ်ခုပါ။ အဲဒါကို ပြောင်းလဲဖို့ ကျွန်တော်တို့မှာ ရည်ရွယ်ချက်မရှိပါဘူး” ဟု BJP ပါတီ ဥက္ကဌ ရဂ်ျနသ် ဆင်းက Hindustan Times သတင်းစာနှင့် အင်တာဗျူးတွင် ပြောကြားခဲ့ပြီး ထိုအင်တာဗျူးအား ယနေ့ထုတ် သတင်းစာတွင်ဖော်ပြခဲ့သည်။

၁၉၉၈ ခုနှစ် BJP ဦးဆောင်သည့် ညွန့်ပေါင်းအစိုးရလက်ထက်အတွင်း ပြင်းထန်သော နျူကလီးယား လက်နက် စမ်းသပ်မှုများ ပြုလုပ်ခဲ့သောကြောင့် နိုင်ငံတကာမှ ရှုတ်ချမှုများ၊ အနောက်နိုင်ငံများမှ ကုန်သွယ်ရေး ပိတ်ပင်မှုများကို ပြုလုပ်ခဲ့ပြီးနောက် အိန္ဒိယနိုင်ငံက အဆိုပါပေါ်လစီကို ချမှတ်ခဲ့ခြင်းဖြစ်သည်။

အိန္ဒိယနိုင်ငံအနေဖြင့် ၁၉၇၀ ခုနှစ် ကုလသမဂ္ဂ၏ နျူကလီးယားလက်နက် မပြန့်ပွားရေး စာချုပ်တွင် လက်မှတ်ရေးထိုးထားခြင်း မရှိသော်လည်း အဆိုပါပေါ်လစီကြောင့် နျူကလီးယားလက်နက် ပိုင်ဆိုင်သည့် နိုင်ငံတစ်ခုအဖြစ် နိုင်ငံတကာတွင် အသိအမှတ်ပြုခြင်းခံခဲ့ရသည်။

ဧပြီ ၇ ရက်နေ့မှ မေလ ၁၆ ရက်နေ့အထိ ပြုလုပ်မည့် ရွေးကောက်ပွဲတွင် BJP ပါတီအနိုင်ရရှိမည်ဟု ခန့်မှန်းနေကြပြီး၊ အိန္ဒိယ၏ နျုကလီးယားလက်ပေါ်လစီ မည်သည့်ပြောင်းလဲမှုမျိုးမဆို ပါကစ္စတန်နှင့် တရုတ်နိုင်ငံတို့အတွက် အရေးပါဆုံး ဖြစ်လာမည်ဖြစ်သည်။

AFP/ac


Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...