Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

တောင်ကိုရီးယားတွင် ခရီးသည်တင် သင်္ဘောတစ်စီးနစ်မြုပ် ၊ လူ ၃၀၀ ကျော်ပျောက်ဆုံးနေ

$
0
0

ဧပြီ ၁၆၊ ၂၀၁၄
M-Media

- ကိုရီးယားကျွန်းဆွယ် တောင်ဘက်ပိုင်းတွင် ခရီးသည် ၄၀၀ ကျော် တင်ဆောင်လာသည့် ခရီးသည်တင် သင်္ဘောတစ်စင်း တိမ်းမှောက်သွားသောကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ပြုလုပ်နေရသည်ဟု သိရသည်။

8531A5F2-7FAA-413C-80A7-A1083EDE7008_mw1024_mh1024_s

ယနေ့နံနက်က စတင်ပြုလုပ်နေသော ကယ်ဆယ်ရေးလုပ်ငန်းများတွင် ကျောင်းသားများအပါအ၀င် လူပေါင်း ၁၈၀ ခန့်ကို ကယ်တင်နိုင်ခဲ့ပြီး ကျန်ရှိသည့် လူ ၃၀၀ ကျော်၏ အခြေအနေကို အတည်ပြု၍ မရသေးကြောင်း၊ ကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေကြောင်း တောင်ကိုရီးယားအာဏာပိုင်များက ယနေ့တွင် ပြောကြားခဲ့သည်။ သင်္ဘောထဲမှ သေဆုံးနေသူတစ်ဦးအား တွေ့ရှိခဲ့ရပြီး၊ အခြားတစ်ဦးမှာလည်း ဆေးရုံးသို့ ရောက်စဉ် သေဆုံးခဲ့သည်ဟု ကမ်းခြေစောင့်တပ်ဖွဲ့များက နောက်ပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။

သင်္ဘောနစ်မြုပ်နေကြောင်း ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းက အကြောင်းကြားခဲ့သောကြောင့် တောင်ကိုရီးယား ကမ်းခြေစောင့်တပ်များက သင်္ဘောများ၊ ရဟတ်ယာဉ်များဖြင့် သွားရောက်ကယ်တင်နေခြင်းဖြစ်သည်။

Sewol အမည်ရသည့် အဆိုပါ သင်္ဘောမှာ ခရီးသည်နှင့် ရေယာဉ်ဝန်ထမ်း ၄၇၅ ဦး၊ ယာဉ်အစီးရေ ၁၅၀ ကို တင်ဆောင်ကာ ဆိုလ်းမြို့အနောက်ဘက် ကီလိုမီတာ ၃၀ အကွာတွင်ရှိသည့်  Incheon ဆိပ်ကမ်းမှ တနင်္ဂနွေနေ့က ထွက်ခွာခဲ့ခြင်းဖြစ်ပြီး ဂျဲဂျူးကျွန်းနားအရောက်တွင် တိမ်းမှောက်ကာ နစ်မြုပ်ခဲ့ခြင်းဖြစ်သည်။ သင်္ဘော တိမ်းမှောက်ရသည့် အကြောင်းအရင်းကို မသိရှိရသေးသော်လည်း မျက်မြင်သက်သေ တစ်ဦးကမူ သင်္ဘောမမှောက်ခင် ကျယ်လောင်သော အသံကြားခဲ့ရသည်ဟုဆိုသည်။

Al Jazeera and agencies


Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...