ဧပြီ ၁၇ ၊ ၂၀၁၄
M-Media
- လီဗာပူးလ်အသင်းအား ရှုံးနိမ့်ခဲ့သော်လည်း မန်စီးတီးအသင်းအတွက် ချန်ပီယံဖြစ်ရေး ရည်မှန်းချက်မှာ ထိခိုက်မှုမရှိဟု မန်စီးတီးနည်းပြ ပယ်လီဂရီနီက ပြောကြားလိုက်သည်။
![390084_heroa]()
ပြီးခဲ့သည့်တစ်ပတ်က ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲတွင် မန်စီးတီးအသင်းမှာ လီဗာပူးလ်အား အကြိတ်အနယ်ကစားကာ ၃ ဂိုး ၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရပြီး လီဗာပူးလ်အသင်းကမူ ထိုပွဲအနိုင်ကြောင့် ၂၄ နှစ်ကြာ စောင့်စားခဲ့ရသည့် ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ရေးမျှော်လင့်ချက်မှာ ပိုမိုခိုင်မာလာခဲ့သည်။
သို့သော်လည်း ပယ်လီဂရီနီကမူ လီဗာပူးလ်အား တတ်နိုင်သလောက် ဖိအားပေးရန် အသင်းအား တိုက်တွန်းခဲ့သည်။
“အသင်းဟာ သူတို့ဘာလုပ်ရမယ်ဆိုကာ ကောင်းကောင်းသိတယ်လို့ ကျွန်တော်ထင်ပါတယ်။ (လီဗာပူးလ်နဲ့ပွဲမှာ) ကျွန်တော်တို့ ရှုံးခဲ့တယ်။ ဒါပေမယ့် ကစားဖို့ ၆ ပွဲကျန်ပါသေးတယ်။ ဖလားရဖို့အတွက် နောက်ဆုံးအထိ ကျွန်တော်တို့ တိုက်ပွဲဝင်သွားမှာပါ” ဟု ပယ်လီဂရီနီက ပြောကြားခဲ့သည်။
လီဗာပူးလ်အသင်းမှာ ကျန်ရှိသည့် လေးပွဲစလုံး အနိုင်ရရှိပါက ပရီးမီးယားလိဂ်ဖလားအား ဆွတ်ခူးနိုင်မည်ဖြစ်သည်။
Related Posts
- ချန်ပီယံဖြစ်ရေး ကြိုးစားရအုံးမည်ဟု လီဗာပူးလ်နည်းပြ ရော်ဂျာဆို (Apr 1, 2014)
- လီဗာပူးလ် ၄ ဂိုးပြတ်နိုင်ပြီး ထိပ်ဆုံးရောက်၊ အဲဗာတန် ၅ ပွဲဆက်နိုင်တဲ့ EPL ပွဲစဉ် ၃၂ ဆူပါဆန်းဒေး (Mar 31, 2014)
- ခရစ္စတယ်ပဲလေ့စ်နှင် ပွဲတွင် ပဲလေစ့်၏ ဘောကောက် ကလေးငယ်အား မော်ရင်ဟိုမှ ခြိမ်းခြောက်ခဲ့ (Mar 30, 2014)
- အသင်းလူစာရင်းမှာ ဇရာထောင်းနေ၍ ဖာဂူဆန်ကိုင်လည်း ရုန်းကန်ရမည်ဟု မိုယက်ဆို (Mar 30, 2014)
- ချယ်ဆီးတို့ ခွာလိပ်၊ အာဆင်နယ် နှင့် မန်စီးတီး ၁ မှတ်ဆီ ခွဲယူ၊ မန်ယူ နိုင်ပွဲပြန်ရတဲ့ စနေည EPL ပွဲစဉ် ၃၂ (Mar 30, 2014)
- အသင်းရှိ လူငယ်များကို အခွင့်အရေးပေးသင့်သည်ဟု စပါးနည်းပြ ရှားဝုဒ်ဆို (Mar 29, 2014)
- ခြေချော်လာတဲ့အာဆင်နယ်၊ အိမ်ကွင်းမှာ ဂိုးပြတ်ရှုံးတဲ့ မန်ယူနဲ့ ချန်ပီယံလိဂ်ဝင်ခွင့် မှန်းလာတဲ့ အဲဗာတန်တို့ရဲ့ EPL ပွဲစဉ် ၃၁ (Mar 26, 2014)
- ဆောက်သက်တမ်နှင့်ပွဲ စပါး၏ စိတ်ဓာတ်ကို တင်ရှားဝုဒ် ချီးကျူး (Mar 24, 2014)
- ပွဲ ၁၀၀၀ ပြည့်မှာ အရှက်ကွဲခဲ့ရတဲ့ ၀င်းဂါးနဲ့ အသင်းကြီးတွေ ဂိုးမိုးရွာခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၃၁ (Mar 24, 2014)
- အာဆင်နယ်အသင်းတွင် တတ်နိုင်သလောက် ဆက်ရှိချင်သည်ဟု ၀င်းဂါးဆို (Mar 21, 2014)