Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15231

အစိုးရအဖွဲ့အားလုံး ဖယ်ရှားပေးရန် ထိုင်းအတိုက်အခံများ ဆန္ဒပြ၊ လုံခြုံရေး တပ်ဖွဲ့များမှ အင်အားသုံးနှိမ်နင်း

$
0
0

မေ ၉ ၊ ၂၀၁၄
M-Media

- ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ၀န်ကြီးချုပ် ယင်လပ် ရာထူးမှဆင်းပေးရန် အမိန့်ချမှတ်ခဲ့ပြီးနောက် အစိုးရတစ်ဖွဲ့လုံး နှုတ်ထွက်ရန်အတွက် ထိုင်းအတိုက်အခံများက မြို့တော်ဘန်ကောက်တွင် ချီတက်ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။

20145951147601734_20

ယင်လပ်၏ ကျန်ရှိနေသည့် ဖြူထိုင်းပါတီ အစိုးရအဖွဲ့ ၃ ရက်အတွင်း မဆင်းပေးလျှင် မိမိတို့မှာ ရုပ်သံလွှင့်ဌာန၊ အစိုးရရုံးများနှင့် ရဲစခန်းများကို သိမ်းပိုက်မည်ဟု ဆန္ဒပြသူများက ယနေ့တွင် ကြေညာခဲ့သည်။ အတိုက်အခံ ဒီမိုကရက်တစ်ပါတီမှ ဆန္ဒပြခေါင်းဆောင် ဆူသပ်သောင်ဆူဘန်ကလည်း ထိုင်းပါလီမန်အဆောက်အဦး၊ ၀န်ကြီးချုပ်ရုံးနှင့် ရုပ်သံလွှင့်ဌာန ၅ ခုအား အစိုးရက သုံးစွဲခြင်းကို တားမြစ်ရန်အတွက် ထိုအဆောက်အဦးများရှေ့၌ ဆန္ဒပြရန် ဆော်သြေခဲ့သည်။

အစိုးရ၀န်ထမ်းတစ်ဦးအား ဌာနပြောင်းရွှေ့ရာတွင် ယင်လပ်မှာ အာဏာကို အလွဲသုံးစားလုပ်ခဲ့သည်ဟု အခြေခံဥပဒေခုံရုံးက ဆုံးဖြတ်ခဲ့ပြီးနောက် သူမနှင့် ၀န်ကြီးများမှာ ဗုဒ္ဓဟူးနေ့က ရာထူးမှ ထွက်ပေးခဲ့ရသည်။ ထို့ပြင် နိုင်ငံတော်ဘဏ္ဍာငွေ ဘီလီယံနှင့်ချီ၍ အရှုံးပေါ်ခဲ့သည့် လယ်သမားများဆီမှ ဆန်ဝယ်ယူမှု ကိစ္စတွင်လည်း ယင်လပ်မှာ တာဝန်ပျက်ကွက်ခဲ့သည်ဟု ကြာသာပတေးနေ့က စွဲချက်တင်ခဲ့သည်။

ယနေ့တွင်ဖြစ်ပွားသည့် အဆိုပါ ဆန္ဒပြမှုကို ထိန်းသိမ်းရန် ရဲတပ်သား ရာပေါင်းများစွာကိုစေလွှတ်ထားပြီး မျက်ရည်ယိုဗုံးများ သုံးကာ နှိမ်နင်းနေသည်။ ထို့ပြင် ပြိုင်ဘက်အုပ်စုနှစ်ခုအကြား ပဋိပက္ခများဖြစ်ပွားမည်ကိုလည်း စိုးရိမ်နေရပြီး ယင်းလပ်အားထောက်ခဲ့သည့် ရှပ်နီအဖွဲ့ကမူ စနေနေ့တွင် ဆန္ဒပြပွဲအကြီးအကျယ်ပြုလုပ်ရန် ဆော်သြာ်ထားသည်။

Agencies


Viewing all articles
Browse latest Browse all 15231

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...