Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

နွေရာသီအပြောင်းအရွှေ့တွင် တိုက်စစ်မှူး တစ်ဦး ခေါ်ယူသွားမည်ဟု မော်ရင်ဟိုဆို

$
0
0

မေ ၉ ၊ ၂၀၁၄
M-Media
398848_heroa
- ဖလားလက်မဲ့ရာသီမှ ပြန်လည်ရုတ်းထွက်ရန် မိမိတို့အသင်းမှာ လာမည့် နွေရာသီအပြောင်းအရွှေ့၌ တိုက်စစ်မှူးတစ်ဦး ခေါ်ယူသွားမည်ဟု ချယ်ဆီး နည်းပြမော်ရင်ဟိုက ပြောကြားလိုက်သည်။

ချန်ပီယံလိဂ်တွင် ဆီမီးဖိုင်နယ်မှ ထွက်ခဲ့ရပြီး ပရီးမီးယားလိဂ်တွင်လည်း အဆင့် ၃ သာရခဲ့သည့် ချယ်ဆီးအသင်းတွင် အဓိကပြဿနာမှာ တိုက်စစ်မှူးများ ဂိုးပေါက်ပျောက်ခြင်းဖြစ်ပြီး မော်ရင်ဟိုကလည် အသင်းရှိ တိုက်စစ်မှူးများအား လူသိရှင်ကြား ဝေဖန်ခဲ့သည်။

တိုက်စစ်မှူးများဖြစ်သည့် တောရက်စ်၊ အီတူးနှင့် ဘားတို့မှာ ယခုနှစ်ပရီးမီယားလိဂ်တွင် ၁၈ ဂိုးသာ သွင်းယူထားနိုင်သည်။

“တိုက်စစ်မှူးနေရာဆိုတာ ကျွန်တော် အမြဲပြောတဲ့ ကိစ္စတစ်ခုပါ။ ဒီဇင်ဘာနဲ့ ဇန်န၀ါရီမှာ သတင်းသမားတွေက ကျွန်တော်တို့ ဘာ့ကြောင့် တိုက်စစ်မှူး မ၀ယ်တာလဲလို့ မေးကြပါတယ်။ ကျွန်တော်တို့ သွားနေတာက ရေရှည် အနာဂတ်အတွက်ဖြစ်ပြီး ချက်ခြင်း အဖြေထွက်ဖို့ မဟုတ်ဘူးလို့ ရှင်းရှင်းလင်းလင်း ကျွန်တော်ပြောခဲ့ပါတယ်။ အခု တိုက်စစ်မှူး တစ်ဦး ခေါ်တော့မယ်ဆိုတာ ပုံမှန်ပါပဲ” ဟု ယနေ့ပြုလုပ်သည့် ပွဲစဉ် ၃၈ အကြို သတင်းစာ ရှင်းလင်းပွဲတွင် မော်ရင်ဟိုက ပြောကြားခဲ့သည်။

ချယ်ဆီးအသင်းမှာ လာမည့်နွေရာသီတွင် အက်သလက်တီကို တိုက်စစ်မှူး ဒီယေဂိုကော်စတာအား ယူရို ၄၂ သန်းဖြင့် ခေါ်ယူမည်ဟု သတင်းများ ထွက်ပေါ်နေသည်။


Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...