Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

ဘိုကို ဟရာမ် ၏လုပ်ရပ်သည် အစ္စလာမ်ကို ညစ်ထေးစေဟု ဆော်ဒီ မွဖ်သီချူပ် ပြောကြား

$
0
0

မေ ၁၀ ၊ ၂၀၁၄
M-Media
640x392_67234_64297
ဆော်ဒီအာရေဗီးယားနိုင်ငံရဲ့ မုဖ်သီချူပ် ဖြစ်သူ ရှိက်ခ်အဗ်ဒွလ် အဇစ်စ်က ခရစ်ယျာန်နဲ့ မွတ်စလင် ကျောင်းသူငယ်လေးပေါင်း ( ၂ဝဝ ) ကျော်ကို ပြန်ပေးဆွဲထားတဲ့ ဘိုကို ဟရာမ် အဖွဲ့ရဲ့လုပ်ရပ်ဟာ အစ္စလာမ်သာသနာကို ညစ်ထေးစေတဲ့ လုပ်ရပ်ဖြစ်ကြောင်း အပြစ်တင်ပြောကြားလိုက်ပါတယ်။

ရှိက်ခ်အဗ်ဒွလ် အဇစ်စ်က နိုင်ဂျီးရီးယားမှာ အစ္စလာမ်မစ် တိုင်းပြည်ထူထောင်ချင်တဲ့ ဒီအစွန်းရောက်အဖွဲ့ဟာ လွဲမှားတဲ့ လမ်းညွှန်မှုအောက်မှာရှိနေပြီး၊ သူတို့ရဲ့ မှားယွင်းတဲ့လမ်းစဉ်ကို သိရှိသွားအောင်လုပ်ရမှာဖြစ်တယ် နောက် အဲ့ဒီလမ်းစဉ်ကို စွန့်လွှတ်စေရမှာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။

ရှိက်ခ်အဗ်ဒွလ် အဇစ်စ် ဟာ ပုံမှန်အားဖြင့် အကြမ်းဖက်မှုတွေမှာ ဝင်ရောက်ပြောကြားတာမျိုးလုပ်လေ့ မရှိပေမယ့် ယခုအခါမှာတော့ ဘိုကို ဟရာမ်အဖွဲ့ ရဲ့ ခေါင်းဆောင် ” အဘူဘကရ် ရှေကော” ရဲ့ “ပြန်ပေးဆွဲထားတဲ့ မိန်းကလေးငယ်တွေကို အဓမ္မလက်ထပ်စေခြင်း(လိင်ကျွန်)ပြုဖို့ အတွက်ရောင်းစားရန် အလ္လာဟ်က ပြောတယ် ” ဆိုတဲ့ပြောကြားချက်ကြောင့် မွတ်စလင်ကမ္ဘာထဲက ခေါင်းဆောင်တစ်ဦး အနေနဲ့ ဒီလုပ်ရပ်ကို ရှုံ့ချအပြစ်တင် မှတ်ချက်ပေးတာဖြစ်ပါတယ်။

” ဒီအုပ်စုဟာ အစ္စလာမ်ကို မှေးမှိန်ညစ်ထေးစေတဲ့ အုပ်စုဖြစ်ပြီး သူတို့အမှားကို သိသွားအောင် ထောက်ပြရမယ်။ ဒီအမှားကို သိသွားအောင်နဲ့ စွန့်လွှတ်စေရမှာဖြစ်ကြောင်း ” သောကြာနေ့က အာရဗီဘာသာနဲ့ ထုတ်ဝေတဲ့ Al-Hayat သတင်းစာစောင်မှာဖော်ပြခဲ့ပါတယ်။

” ဒီအုပ်စုဟာ မှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာမရှိပါဘူး။ အကြောင်းက အစ္စလာမ်က ပြန်ပေးဆွဲခြင်း သတ်ဖြတ်ခြင်းတွေကို လုံးလုံးလျှားလျှား ဆန့်ကျင်လို့ပါပဲ ” လို့ သူကပြောပါတယ်။ ” ပြန်ပေးဆွဲထားတဲ့ မိန်းကလေးငယ်တွေကို လက်ထပ်တာဟာလည်း တရားမဝင်ပါဘူး။ ”

ဘိုကိုဟရာမ် အဖွဲ့ဟာ နိုင်ဂျီးရီးယား ကင်မရွန် နယ်စပ်နား ချီဗော့က်ရွာက ၁၄ နဲ့ ၁၅ နှစ်အရွယ် အလယ်တန်းကျောင်းသူငယ်ပေါင်း ( ၂၅ဝ ) ကို သူတို့ စာမေးပွဲဖြေနေတုန်း ပြန်ပေးဆွဲခဲ့တာဖြစ်ပါတယ်။ ၅ဝ ခန့် လွတ်မြောက်ခဲ့ပြီးဖြစ်သည်။

ဘိုကို ဟရာမ်ခေါင်းဆောင်း ရှေကော ၏ ဗီဒီယိုရုပ်သံပေါ်ထွက်ခဲ့ပြီး မကြာမီတွင် နိုင်ဂျီးရီးယားနိုင်ငံနှင့် ကမ္ဘာတစ်ဝန်း ဘိုကိုဟရာမ်အဖွဲ့ပေါ် ပြင်းထန်သော မကျေနပ်မှုများပေါ်ထွက်ခဲ့ပြီး အမေရိကန် ၊ အင်္ဂလန် နှင့် ပြင်သစ်တို့အား ချက်ချင်းအကူအညီပေးရန် တောင်းဆိုခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ကြာသာပတေးနေ့မှာ အစ္စလာမ့် ပညာရှင်တွေ၊ လူအခွင့်ရေး ခေါင်းဆောင်တွေနဲ့ နိုင်ငံ ၅၇ နိုင်ငံပါဝင်တဲ့ ကမ္ဘာ့အကြီးဆုံး အစ္စလာမ့်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) တို့က ” အစ္စလာမ်သာသနာကို ကြောက်ဖွယ်လိလိ မှားယွင်းစွာ တင်ပြနားလည်ခြင်း ” ဖြစ်တယ်လို့ ရှုံ့ချပြောဆိုခဲ့ပါတယ်။

ဒီတပတ်မှာပဲ ကိုင်ရိုက နာမည်ကျော် Al-Azhar တက္ကသိုလ် စွန္နီ သင်ကြားရေးဌာနက ” အစ္စလာမ့်ရဲ့ နားလည်မှုနဲ့ ငြိမ်းချမ်းရေးသင်ကြားချက်တွေနဲ့ မဆိုင်တဲ့ လုပ်ရပ် ” လို့ ပြန်ပေးဆွဲတဲ့လုပ်ရပ်နဲ့ ပတ်သတ်ပြီး ပြောကြားခဲ့ပါတယ်။

Source Reuter


Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...