Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

တရုတ်နိုင်ငံသား ၃၀၀၀ ကျော် ဗီယက်နမ်မှ ကယ်ထုတ်၊ ဆက်လက်ခေါ်ယူရန် လုပ်ဆောင်နေ

$
0
0

မေ ၁၉ ၊ ၂၀၁၄
M-Media
တရုတ်ဆန့်ကျင်ရေး မြင့်မားနေသော ဗီယက်နမ်မှ လူ သုံးထောင်ကျော်ကို တရုတ် ကယ်ထုတ်၊ ဆက်လက်ခေါ်ယူရန်ဆောင်ရွက်နေ
0,,17635395_303,00
- တောင်တရုတ်ပင်လယ် ပြဿနာကြောင့် ဗီယက်နမ်တွင် တရုတ်ဆန့်ကျင်ရေး အကြမ်းဖက်မှုများ ဖြစ်ပွားပြီးနောက် နိုင်ငံသား သုံးထောင်ကျော်ကို တရုတ်နိုင်ငံက ပြန်လည်ခေါ်ယူခဲ့သည်ဟု သိရသည်။

စစ်သင်္ဘော ၅ စီးကို စေလွှတ်မည်ဟု  တရုတ်နိုင်ငံက ယနေ့တွင် ကြေညာခဲ့ပြီး Metallurgical ကော်ပိုရေးရှင်းမှ အလုပ်သမားများကို ကယ်တင်ရန်အတွက် သင်္ဘောများ လေယာဉ်များကို အသုံးပြုရန်လည်း စီစဉ်နေသည်။ ထိုကော်ပိုရေးရှင်းမှ ကန်ထရိုက်တာ တစ်ဦးမှာ ဆိုးဆိုးရွားရွား တိုက်ခိုက်ခြင်းခံခဲ့ရသည်။ တရုတ်နိုင်ငံပိုင် စက်ရုံများကို ပစ်မှတ်ထားသော တိုက်ခိုက်မှုများအတွင်း တရုတ်အလုပ်သမား ၂ ဦးသေဆုံးခဲ့ကာ ရာချီဒဏ်ရာရခဲ့သည်။

တောင်တရုတ်ပင်လယ်ရှိ အငြင်းပွားဖွယ်ရေပိုင်နက်အတွင် တရုတ်က ရေနံစင် ချထားရာမှ အစပြုခဲ့သည့် တရုတ်ဆန့်ကျင်ရေးလှုပ်ရှားမှုများမှာ ပြီးခဲ့သည့် အင်္ဂါနေ့က စတင်ခဲ့ကာ ယနေ့အထိ ဆက်လက်ဖြစ်ပွားနေသည်။ ဗီယက်နမ်အာဏာပိုင်များကမူ ထိုလှုပ်ရှားမှုများကို ဖြိုခွဲနေပြီး ဖမ်းဆီးမှုများလည်း ဆက်တိုက်ပြုလုပ်နေသည်။

Ref: Agencies


Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...