Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15231

ဆူဒန်တွင် ဘာသာပြောင်း၍ သေဒဏ်ပေးခြင်းမှာ အစ္စလာမ့်ဥပဒေနှင့် မသက်ဆိုင်၊ နိုင်ငံရေး အမြတ်ထုတ်ခြင်းဟု ရှရီအာဥပဒေ ပညာရှင်များပြော

$
0
0

မေ ၁၉ ၊ ၂၀၁၄
M-Media

အမျိုးသမီးငယ်တစ်ဦးအား ခရစ်ယာန်ဘာသာသို့ပြောင်းသည်ဟုဆိုကာ ဆူဒန်တွင် သေဒဏ်ပေးခဲ့ခြင်းမှာ အစ္စလာမ်နှင့် မသက်ဆိုင်ဘဲ အာဏာရှင် တည်တံ့ရေးအတွက် လုပ်ဆောင်ခြင်းသာဖြစ်ကြောင်း ရှရီအာ ကျွမ်းကျင်သူများဆို

sudan_woman_faces_death_penalty_for_apostasy_m7

- ခရစ်ယာန်ဘာသာသို့ကူးပြောင်းမှုကြောင့် ကိုယ်ဝန်ဆောင် အမျိုသမီးငယ်တစ်ဦးအား ဆူဒန်တွင် သေဒဏ်ပေးခဲ့ခြင်းမှာ အစ္စလာမ်သာသနာနှင့် ပတ်သက်မှုမရှိဘဲ အာဏာရှင်ဝါဒ တရာဝင်ဖြစ်ရေး ကြိုးပမ်းမှုသာဖြစ်သည်ဟု အစ္စလာမ့် ရှရီအာဥပဒေ ကျွမ်းကျင်သူများက ပြောကြားလိုက်သည်။

အသက် ၂၇ နှစ်အရွယ်ရှိ မရ်ယမ် ယဟ်ယာ အီဗရာဟင်ဟာ ဘာသာပြောင်းလဲမှုကြောင့် ဟုဆိုကာ ကြိုးပေးကွပ်မျက်ရန် Khartoum တရားရုံးမှ ပြီးခဲ့သည့် တစ်ပတ်က ပြစ်ဒဏ် ချမှတ်ခဲ့သည်။ ထို့ပြင် ခရစ်ယာန် ဘာသာဝင်နှင့် လက်ထပ်ထားခြင်းကြောင့် ဆူဒန် ဥပဒေအရ အိမ်ထောင်ရေး ဖောက်ပြန်သည်ဟု သတ်မှတ်ခဲ့ပြီး ကြိမ်ဒဏ် အချက် ၁၀၀ ရိုက်ရန်လည် အမိန့်ပေးခဲ့သည်။

“ဒီအပြစ်ပေးမှုဟာ ဘာသာတရားနဲ့ သက်ဆိုင်ခြင်းမရှိဘဲ နိုင်ငံရေးအရ အာရုံပြောင်းတဲ့ လုပ်ဆောင်ချက်တစ်ခုသာဖြစ်ပါတယ်။ ဒါဟာ “အစ္စလာမ်ကို ကာကွယ်သူများ” ဆိုတဲ့ ပုံစံမျိုး ဖြစ်လာစေပြီး သူတို့ရဲ့ ချစားမှုတွေကို မေ့အောင်လုပ်ဖို့ ဆူဒန်အာဏာရှင်တွေရဲ့ ပရိယာယ်ပါပဲ” ဟု အစ္စလာမ့်တရားစီရင်ရေးဆိုင်ရာ ကျွမ်းကျင်သူ မိုဟာမက် ဂီလန်က မေလ ၁၇ ရက်နေ့တွင် အလ်ဂျာဇီးရား သတင်းဌာနသို့ ပြောကြားခဲ့သည်။

မရ်ယမ်မှာ မွတ်စလင်ဖခင်နှင့် ခရစ်ယာန်မိခင်တို့မှ မွေးဖွားခဲ့ခြင်းဖြစ်ပြီး သူမအသက် ၆ နှစ်အရွယ်တွင် ဖခင်က စွန့်ခွာသွားသောကြောင့် မိခင်၏ အုပ်ထိန်းမှုအောက်တွင် ခရစ်ယာန် ဘာသာဝင် အဖြစ်ကြီးပြင်းခဲ့သည်။ အမိန့်မချခင် မရ်ယမ်အား တရားသူကြီးက နာရီဝက်ခန့်မေးမြန်းခဲ့ပြီး နောက်ပိုင်းတွင် မိမိမှာ ခရစ်ယာန် တစ်ဦးဖြစ်ပြီး မည်သည့်အခါကမှ ဘာသာမပြောင်းခဲ့ဟု မရ်ယမ်က ပြန်လည်ဖြေကြားခဲ့သည်။

ဂီလန်ကမူ အစိုးရ၏ ချစားမှုများ၊ နိုင်ငံရေး ထွက်ပေါက်ပိတ်နေခြင်းနှင့် ဒေသတွင်း ပဋိပက္ခများ ပိုမိုဖြစ်ပွားခြင်းတို့ကို ထောက်ပြပြောဆိုခဲ့ကာ ထိုကဲ့သို့အပြစ်ပေးမှုမှာ ကွန်ဆာဗေးတစ် ထောက်သူများ ပိုမိုရရှိရန်အတွက် သမ္မတ အိုမရ် အလ်-ဘရှီးရ်၏ စမ်းသပ်မှုဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

“(အစ္စလာမ့်သမိုင်းမှာ) လူတစ်ယောက်ဟာ ဘာသာပြောင်းတဲ့အတွက် ကွပ်မျက်ခံရတာမျိုး မရှိပါဘူး။ ကံမကောင်းအကြောင်း မလှစွာနဲ့ပဲ ဒီလိုအဖြစ်အပျက်မျိုးဟာ အာဖဂန်နဲ့ ဆူဒန်လိုနေရာမျိုးမှာ ဖြစ်နေပါတယ်။ ဒါပေမယ့် ဒီလိုအမိန့်ပေးခဲ့တဲ့ တရားသူကြီးတွေဟာ အစ္စလာမ် ရှရီအာဥပဒေကို နားလည် တတ်ကျွမ်းခြင်းမရှိဘဲ လူမျိုးစု ရှုထောင့်ကနေသာ လုပ်ဆောင်နေကြခြင်းဖြစ်ပါတယ်”

နောက်ဆက်တွဲများ

ဘာသာပြောင်းမှုအပေါ် ကုရ်အာန်ကျမ်းတော်မြတ်နှင့် တမန်တော် မုဟမ္မဒ်သခင်၏ ဓလေ့တော်များမှ အထောက်အထားများကို ပြန်လည်ဆန်းစစ်ပြီးနောက် ယခုကဲ့သို့ ကွပ်မျက်မှုမှာ အစ္စလာမ်ခေတ်ဦးပိုင်းက နိုင်ငံတော်သစ္စာဖောက်မှုကြောင့် ကွပ်မျက်သည့်ပုံစံမျိုးကို အတုယူ၍ လုပ်ဆောင်ခြင်းဟု မွတ်စလင် ပညာရှင်များကဆိုသည်။

“(အစ္စလာမ့်သမိုင်းမှာ) လူတစ်ယောက်ဟာ ဘာသာပြောင်းတဲ့အတွက် ကွပ်မျက်ခံရတာမျိုး မရှိပါဘူး။ ကံမကောင်းအကြောင်း မလှစွာနဲ့ပဲ ဒီလို အဖြစ်အပျက်မျိုးဟာ အာဖဂန်နဲ့ ဆူဒန်လိုနေရာမျိုးမှာ ဖြစ်နေပါတယ်။ ဒါပေမယ့် ဒီလိုအမိန့်ပေးခဲ့တဲ့ တရားသူကြီးတွေဟာ အစ္စလာမ် ရှရီအာ ဥပဒေကို နားလည် တတ်ကျွမ်းခြင်း မရှိဘဲ လူမျိုးစု ရှုထောင့်ကနေသာ လုပ်ဆောင်နေကြခြင်းဖြစ်ပါတယ်” ဟု ဆန်ဒီရေဂိုပြည်နယ် တက္ကသိုလ်မှ ဘာသာအယူဝါဒဆိုင်ရာ ပါမောက္ခ ခါလီလ်မိုဟာမက်က ဆိုသည်။

အစ္စလာမ့် တရားစီရင်ရေးဆိုင်ရာ ကျွမ်းကျင်သူ ဂီလန်ကလည်း တူညီသော ၎င်း၏အမြင်ကို ပြောကြားခဲ့သည်။

“သမိုင်းကြောင်း အရကြည့်မယ်ဆိုရင် ဒီလိုအပြစ်ပေးမှုကို ဘာသာပြောင်းတဲ့ အတွက်မဟုတ်ဘဲ ရန်သူစစ်တပ်နဲ့ ပူးပေါင်းသွားခဲ့တဲ့အခြေအနေမျိုးမှာသာ အကောင်အထည်ဖေါ်ခဲ့တာပါ” ဟု ဂီလာနီကဆိုသည်။

ထို့ပြင် စစ်ပွဲကာလမျိုး၌ပင် ရန်သူနှင့်ပူးပေါင်းသည့်အတွက် သတ်မှတ်သော ထိုပြစ်ဒဏ်မျိုးမှ အမျိုးသမီးများမှာ ကင်းလွတ်ခွင့်ရခဲ့သည်ဟု ဂီလာနီက ထပ်လောင်းပြောကြားခဲ့သည်။

“အမျိုးသမီးတွေကို မနစ်နာစေဖို့ ကိုယ်တော်မြတ်က ပြတ်ပြတ်သားသား ကြေညာထားတာကြောင့် (နိုင်ငံတော် သစ္စာဖောက်ခဲ့ပေမယ့်လည်း) အမျိုးသမီးတွေဟာ ကွပ်မျက်ခြင်းမခံရပါဘူး”

ကနေဒါနိုင်ငံ နိုဗာစကော့တီယာပြည်နယ် ဟာလီဖက်စ်မြိုရှိ စိန့်မေရီ တက္ကသိုလ်မှ စီမံခန့်ခွဲရေးနှင့် ဘာသာရေးလေ့လာမှုဆိုင်ရာ ပါမောက္ခ ဂျမားလ် ဘာဒါဝီကလည် အစ္စလာမ့် ခေတ်ဦး ထိုကဲ့သို့ ပြစ်ဒဏ်ပေးမှုများမှာ ဘာသာကူးပြောင်းခြင်းကြောင့်မဟုတ်ဘဲ ကြီးမားသော ရာဇ၀တ်မှုများကို  ကျူးလွန်ခြင်းကြောင့်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

OnIslam & News Agencies


Viewing all articles
Browse latest Browse all 15231

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...