Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

စံချိန်တင် ရှုံးပွဲနဲ့အတူ စတုတ္ထနေနဲ့သာ ကျေနပ်ခဲ့ရတဲ့ အိမ်ရှင်၊ ဟော်လန် တတိယဆုရ

$
0
0

ဇူလိုင် ၁၃ ၊ ၂၀၁၄
M-Media
10445527_946201012062413_804738635418659425_n
- ၂၀၁၄ ဘရာဇီးလ် ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ တတိယနေရာလုပွဲကို ဒီနေ့မနက်မှာကစားခဲ့ပြီး ပြိုင်ပွဲမစခင်က ဗိုလ်စွဲဖို့ရေပန်းစားနေတဲ့ အိမ်ရှင်တို့ ဟော်လန်ကို ဂိုးပြတ်ရှုံးပြီး စတုတ္ထနေရာနဲ့သာ ကျေနပ်ခဲ့ရပါတယ်။

ဆီးမီးဖိုင်နယ်မှာ ဂျာမနီကို ၇ ဂိုး ၁ ဂိုးနဲ့ အရှက်တကွဲရှုံးနိမ့်ခဲ့ရတဲ့ဘရာဇီးတို့ ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှု အနည်းငယ်အသာရခဲ့တာကလွဲကို အိမ်ရှင်ဆိုတဲ့ သိက္ခာကို မထိန်းနိုင်ခဲ့ပါဘူး။

ပြိုင်ပွဲအပြီးမှာ မန်ယူအသင်းကို ကိုင်တွယ်ရမယ့် ဟော်လန်နည်းပြ ဗန်ဂါးလ်အတွက်ကတော့ ဒီနိုင်ပွဲဟာ သူရဲ့နည်းပြ ပုံရိပ်ကို မြင့်တက်စေခဲ့ပါတယ်။ ၃-၅-၂ ကစားကွက်နဲ့ ပွဲထွက်လာတဲ့ ဟော်လန်တို့ ၃ မိနစ်မှာပဲ အဖွင့်ဂိုးရခဲ့ပြီး ရော်ဘင်ကြောင့်ရတဲ့ပင်နယ်တီကို ဗန်ပါစီက သူရဲ့ကမ္ဘာ့ဖလား လေးဂိုးမြောက်အဖြစ် သွင်းယူပေးခဲ့တာပါ။

ဦးဆောင်ဂိုးပေးလိုက်ရပေမယ့် အိမ်ရှင်တို့ ဟော်လန်ဘက်ကို ထိထိရောက်မခြိမ်းခြောက်နိုင်ခဲ့ဘဲ ၁၆ မိနစ်မှာ ဘလင်းရဲ့ဂိုးနဲ့ ပွဲပြီးကာနီး နာကျင်အချိန်ပိုမှာ ၀ဂ်ျနာလ်ဒမ်ရဲ့ ဂိုးတွေကို ထပ်မံခွင့်ပြုခဲ့ရတာကြောင့် ပွဲအပြီးမှာ ၃ ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့ရပါတယ်။ ဒေါ်လာဘီလီယံနဲ့ချီ အကုန်ကျခံ ကျင်းပခဲ့ပြီး အိမ်ရှင်ဆိုတဲ့ အားသာချက်နဲ့ ပြိုင်ပွဲဝင်ခဲ့တဲ့ ဘရာဇီးတို့ကတော့ နေးမာကို လက်လွှတ်ခဲ့ရတာနဲ့အတူ ဒီပြိုင်ပွဲ ကွင်းအတွင်း၊ ကွင်းအပြင်မှာပါ အမြတ်မထွက်ခဲ့ဘဲ အရှုံးတွေနဲ့သာ ပြိုင်ပွဲကို နှုတ်ဆက်ခဲ့ရပါတယ်။

 

10527323_946316838717497_8502119717308905046_n

10553479_946316802050834_1599451630123904989_n

10524735_946316805384167_1000903316008757804_n


Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...