Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

ကြီးမားလာသော နှစ်ဖက် သံသယများကို ဘယ်လို ချေဖျက်ကြမလဲ

$
0
0

ဇူလိုင် ၁၃ ၊ ၂၀၁၄
M-Media
မိုးရဲဆောင်းရဲ – ရေးသားသည်။

အမုန်းတရားများကြောင့် နှင့် မတရား အကြမ်းဖက်မှုများကြောင့် ကြီးမားလာသော နှစ်ဖက် သံသယများကို ဘယ်လို ချေဖျက်ကြမလဲ
10461954_10152217920950669_9097714934122229929_n
တုတ်ကွေးကြောင့် ရုံး မသွား နိုင်တော့ အိပ်ရာထဲမှာခွေနေရင်း ဟိုစဉ်းစားဒီစဉ်းစား နဲ့ ပေါ့။

ဒီနေ့ထုတ် 7 Days Daily မှာ ပါတဲ့ ပဋိပက္ခများနဲ့ လူထုပူပန်မှု ဆိုတဲ့ ခေါင်းစဉ်အောက်က တဦးချင်း ပြောစကားများကို လိုက်ဖတ်နေမိတယ်။

(တကယ်တော့ပဋိပက္ခ ဆိုတဲ့ အသုံးအနှုန်းကို ကျွန်မ လက်မခံပါဘူး – ပဋိပက္ခ ဆိုတာ နှစ်ဖက် ဖြစ်တာပါ – ခု ကိစ္စက တဖက်သတ် အကြမ်းဖက်ခံရတာ – ထားပါလေ -ပြောချင်တာနဲ့ လွဲသွားမှာ စိုးလို့ ဒီကိစ္စကို ခဏ ထားပါ)

ကိုစည်သူ မရမ်းကုန်း မြို့နယ် ဆိုတာက ပြောထားတယ် ” အိမ်နားမှာ ဘာသာခြားတွေ ရှိနေရင် ကိုယ့်မိသားစုကိုပဲ ရန်ရှာမလားဆိုပြီး စိတ်ပူနေရတယ် ” တဲ့။

တကယ်တော့ အဲဒီ ဘာသာခြားက အစ္စလာမ် ဘာသာ သာဆိုရင်တော့ စိတ်မပူနဲ့ လို.ပဲ ပြောချင်ပါတယ် – တကယ်တမ်း အစ္စလာမ် ဘာသာဝင်တွေက အဲလို ရန်ရှာတယ်ဆိုတာ ဘယ်မှာ ရှိလို့လဲ -သူတို့မှာ နင်းပြား ဘ၀ မှာ ကျီးလန့်စာစား နေနေရတာ။

အပြင်ထွက်မယ် ဆိုရင်တောင် သူငယ်ချင်းရဲ့ အဖေ ပြောစကားကို အမြဲ ကြားယောင်မိတယ် – (ကိုရင်ကို တိုက်မိ သပိတ်ကွဲ ပလီဖျက် အိမ်မီးရှို့ ) ဆိုတာတွေ များလွန်းတော့ – အပြင်ထွက်မယ့် သမီးတွေ သမီး သူငယ်ချင်းတွေကို သူငယ်ချင်း အဖေက အမြဲမှာတယ် – ပလီဖျက်ခံရတာ ကိုယ့်ကြောင့် မဖြစ်စေနဲ့ ဘယ်သူ့နဲ့မှ ပြသနာမဖြစ်နဲ့ တတ်နိုင်ရင် အလုပ်ကိစ္စ ကလွဲပြီး အပြင် မထွက်ကြနဲ့တဲ့။

ဒါပေမယ့် လူတချို့ကတော့ ရည်ရွယ်ချက်ကြီးကြီး နဲ့ကို လှုံဆော်နေကြတယ် အမုန်းတရား တွေ တိုက်ကျွေးနေကြတယ် – လူအတော်များများကလဲ မြိန်မြိန်ကြီး သောက်သုံးနေကြတယ် ။

Hate Speech တွေရဲ့ သက်ရောက်မှု ဘယ်လောက်များ အင်အားကြီးနေပြီလဲ ဆိုတာ

အချင်းချင်းတွေ မယုံကြည်နိုင်တော့ဘူး – အိမ်နီးချင်းတွေတောင် သံသယတွေ ပွားရပြီ ။

ဒါကြောင့်လဲ နှစ်ဖက်ပူပန်မှု တွေကို ခံစားပေးလို့ရပါတယ်။

ကိုယ်ကိုတိုင်လဲ အဲလိုစဉ်းစားဘူးတာပဲ ။

မန္တလေး အကြမ်းဖက်မှု ပုံတွေ တက်လာတော့ တုတ်တွေ ဓါးတွေ ကိုင်ပြီး ဆိုင်ကယ်တွေနဲ့ သွားလာ နေကြတဲ့ လူငယ်တွေကို ကြည့်ရင်း မဆီမဆိုင်ကျွန်မ တို့ နယ်မြို့ လေးက ကျွန်မ အချစ်ဆုံး သူငယ်ချင်း ရဲ့ သားလေးမျက်နှာကို ပြေးမြင်မိတယ် ။

မင်မင်း (နာမယ်လွှဲ) သာဆို ဒီလို တုတ်ကိုင်ပြီး င့ါကို ရိုက်လိုက်မှာလား သူ့ကို သူ့လူတွေက တွေ့သမျှ ကုလား အကုန်သတ်ကွာ ဆိုရင် မင်းမင်း ငါ့ကို သတ်လိုက်မှာလား စသဖြင့် အတွေးတွေ မဆုံးနိုင်အောင် တွေးခဲ့ဘူးတယ်။

နောက်ဆုံးမှ ငါဘာတွေ တွေးနေမိတာလဲ – မင်းမင်းက ငါ့အချစ်ဆုံး သူငယ်ချင်းရဲ့သား ၊ သူက ငါ့ကို မှ မဟုတ်ဘူး ဘယ်သူ့ကိုမှ ဒါမျိုး မလုပ်ဘူး ။ အိပ်ရေးတွေပျက် – စိတ်တွေ ချောက်ချားပြီး ငါ ဘာတွေ လျောက်တွေးနေမိပါလိမ့်ဆိုပြီး ဘုရား ကမန်းကတန်း ထရှိခိုးပြီး – အကယ်၍ လူတချို. ကို စိတ်နဲ့ ပြစ်မှားမိခဲ့ပါက ခွင့်လွှတ်ပါရန်အလ္လာအရှင်မြတ်ထံမှာ တောင်းပန်ရတယ်။

ကိုယ်နဲ့ အရမ်းရင်းနှီးပါတယ် ဆိုတဲ့ သူငယ်ချင်းတွေ ရဲ့ ဝေါမှာ ” လူနည်းစုက ၀ံပုလွေ တွေ ဖြစ်နေပြီး လူများစုက သိုးတွေ ဖြစ်နေရင် ဘယ်လိုလုပ်ကြမလဲ ” ဆိုတဲ့ စာတွေကိုလဲ စိတ်မကောင်းစွာ ဖတ်နေရတယ်။

ဒီလောက်အကြမ်းဖက် ခံနေရတဲ့ သူတွေကိုတောင် အဲလို ကျွန်မ နဲ့ အင်မတန် နီးစပ်ရင်းနှီးသူက နားလည်မှု မရှိပါလားလို့ စိတ်မကောင်းခြင်း ကြီးစွာဖြစ်မိတယ်။

“အမ လူမည်းတွေရဲ့ အခွင့်အရေးကို လူမည်းတွေ တောင်းလို့ မရခဲ့ဘူး – လူမည်းတွေ အခွင့်အရေးကို လူဖြူ တွေ တောင်းပေးမှ ရခဲ့တာ” လို့ အမြဲ ပြောဘူးတဲ့ မောင်လေး ဇော်မင်းထွေး ရဲ့ စကားများကိုလည်း အထူး ကြားယောင်နေမိတယ်။

အဖြေမထွက်တဲ့ ပုစ္ဆာ တပုဒ်

အဖြေမရှိတဲ့ ပုစ္ဆာ တပုဒ်ကိုပဲ

ကျွန်မ အကြိမ်ကြိမ် အခါခါ တွက်နေမိပါတော့တယ်


Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...