Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

ပစ်ချခံရပြီး ပျက်ကျခဲ့သည့် မလေးလေယာဉ်တွင် ထင်ရှားသည့် AIDS သုတေသန ပညာရှင်များပါဝင်ခဲ့

$
0
0

ဇူလိုင် ၁၈ ၊ ၂၀၁၄
M-Media
BN-DT218_0718MH_H_20140718023502
- ယနေ့နံနက်ပိုင်းက ယူကရိန်းပိုင်နက်တွင် ဖြစ်ပွားခဲ့သော မလေးရှားလေယာဉ်ပျက်ကျမှု၌ သေဆုံးသွားသူများတွင် AIDS ရောဂါအတွက် သုတေသနပြုလုပ်နေသည့် ကျွမ်းကျင် ဆရာဝန် အများအပြား ပါဝင်ခဲ့သည်ဟု သိရသည်။

မဲလ်ဘုန်းမြို့တွင်ပြုလုပ်မည့် AIDS ၂၀၁၄ ညီလာခံသို့ တက်ရောက်ကြမည့် လူ ၁၀၀ ကျော်မှာ ထိုလေယာဉ်ဖြင့် လိုက်ပါသွားခဲ့ကြပြီး ထိုအထဲတွင် AIDS ရောဂါကုသရေးအတွက် နှစ်ပေါင်း ၃၀ ကျော် နှစ်မြှုပ်ဆောင်ရွက်ခဲ့သည့် ထင်ရှားသည့် ဆရာဝန် ဂျိုပ် လန်ဂီလည်း ပါဝင်သွားခဲ့သည်။

ဂျိုပ်မှာ ဆင်းရဲသောနိုင်ငံများရှိ HIV ပိုးရှိနေသော AIDS ရောဂါဝေဒနာရှင်များအတွက် ဆေးဝါးများရရှိရေးကို အားသွန်ခွန်စိုက် လုပ်ဆောင်နေသူဖြစ်ပြီး ထိုနယ်ပယ်တွင် လူအများလေးစားခံရသည့် ကျွမ်းကျင်ပညာရှင်လည်းဖြစ်သည်။

“ဒီသုတေသနယ်ပယ်မှာ သူဟာ အထင်ရှားဆုံးတွေထဲက တစ်ယောက်ဖြစ်ပါတယ်။ ဒါဟာ ဆုံးရှုံးမှုကြီးတစ်ခုပါပဲ” ဟု မဲလ်ဘုန်းမြို့ မိုနာရှ်တက္ကသိုလ်မှ ပါမောက္ခ ရစ်ခ်ျတ် ဘွိုင်ဒ်က ပြောကြားခဲ့သည်။

ထိုကဲ့သို့ ပညာရှင်အများအပြား သေဆုံးသွားခဲ့သော်လည်း လာမည့် တနင်္ဂနွေနေ့တွင် ပြုလုပ်ရန်စီစဉ်ထားသည် အဆိုပါ ညီလာခံကို ဆက်လက် ကျင်းပသွားမည်ဖြစ်ပြီး တက်ရောက်သူ ၁၂၀၀၀ ကျော်ရှိမည်ဟု ခန့်မှန်းထားသည်။

အမ်စတာဒမ်မှ ကွာလာလမ်ပူသို့ ပျံသန်းသွားသည့် အဆိုပါ MH 17 လေယာဉ်ကို သူပုန်များက ပစ်ချခဲ့ခြင်းဖြစ်သည်ဟု ယူကရိန်းအစိုးရက ပြောကြားထားပြီး သူပုန်များက ငြင်းဆန်ထားသည်။ ထို့ပြင် ပျက်ကျခဲ့သည့် လေယာဉ်အား စုံးစမ်စစ်ဆးမှုများပြုလုပ်ရန် အတွက် ၂ ရက်မှ ၄ ရက်အထိ အပစ်ရပ်ပေးမည်ဟုလည်း ပြောကြားထားသည်။

Ref: Agencies


Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...