Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

ဂါဇာကို မြေပြင်တပ်များဖြင့် အစ္စရေး ကျူးကျော်တိုက်ခိုက်

$
0
0

ဇူလိုင် ၁၈ ၊ ၂၀၁၄
M-Media
179167537
- ဂါဇာအား အစ္စရေးက လေကြောင်းမှ တိုက်ခိုက်မှု ၁၀ ရက်မြောက်လာခဲ့ပြီးနောက် ယနေ့တွင် ဂါဇာဒေသသို့ တင့်ကားများအပါအ၀င် အစ္စရေးခြေလျင် တပ်များ ၀င်ရောက်ကာ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

အစ္စရေးပိုင်နက်အတွင်းသို့ ၀င်ရောက်ရန် ဖောက်လုပ်ထားသည့် ဟားမက်စ်အဖွဲ့၏ လှိုဏ်ခေါင်းများကို ဖျက်ဆီးရန်ဟုဆိုကာ ၀င်ရောက်တိုက်ခိုက်ခဲ့ခြစ်ဖြစ်ပြီး မြေပြင်တိုက်ခိုက်မှုများကို တိုးချဲ့ပြုလုပ်သွားမည်ဟု အစ္စရေး ၀န်ကြီးချုပ် နေတန်ယာဟုက ပြောကြား ထားသည်။

မြေပြင်တိုက်ခိုက်မှုများတွင် စစ်သားတစ်ဦးသေဆုံးခဲ့ပြီး အခြား နှစ်ဦးမှာ ဒဏ်ရာရရှိခဲ့သည်ဟု အစ္စရေးဘက်က ပြောကြားခဲ့သည်။ ဂါဇာတွင်နေထိုင်သူတစ်ဦးကမူ အစ္စရေးစစ်တပ်မှာ အစ္စရေး-ပါလက်စတိုင်းနယ်ခြားတွင် ရှိနေသည်ဟု ပြောကြားခဲ့သည်။

ဂါဇာအား အစ္စရေးမှ တိုက်ခိုက်မှုများမှာ ၁၁ မြောက်လာခဲ့ပြီဖြစ်ပြီး ယမန်နေ့ည လေကြောင်းမှ တိုက်ခိုက်မှု တစ်ခုတည်းတွင်ပင် ပါလက်စတိုင်း အရပ်သား ၂၄ ဦးသေဆုံးခဲ့ပြီး ၂၀၀ ကျော်ဒဏ်ရာရရှိခဲ့သည်။ အစ္စရေး၏ တိုက်ခိုက်မှုကြောင့် သေဆုံးသူ ပါလက်စတိုင်း အရေအတွက်မှာ ၂၆၅ ဦးရှိလာခဲ့ပြီး၊ ဒဏ်ရာရရှိသူများမှာ ၂၀၀၀ နီးပါးရှိလာခဲ့ပြီဖြစ်သည်။

Ref: : Al Jazeera and agencies


Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...