Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15231

“မဟာစင်မုန်တိုင်း အနီရောင် အရေးပေါ်အခြေအနေသို့ရောက်ရှိ”

$
0
0

(မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ၂၀၁၃ ခုနှစ်၊ မေလ (၁၅) ရက်နေ့ မြန်မာစံတော်ချိန်(၁၉း၀၀)နာရီ အချိန်ထုတ်ပြန်ချက်)

253284_10151430505894067_1886853046_n

ယနေ့ မြန်မာစံတော်ချိန်(၁၈း၃၀)နာရီအချိန်တိုင်းထွာချက်များအရဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း မဟာစင် (MAHASEN) သည် မြန်မာနိုင်ငံ၊ မောင်တောမြို့၏ အနောက်တောင်ဘက်မိုင်(၂၇၀)ခန့်၊ စစ်တွေမြို့၏အနောက်တောင်ဘက် မိုင်(၂၈၀)ခန့်၊ ကျောက်ဖြူမြို့၏ အနောက်ဘက်မိုင်(၃၀၀)ခန့်၊ အိန္ဒိယနိုင်ငံ၊ ကိုလ်ကတ္တားမြို့၏ တောင်ဘက် မိုင်(၂၆၀)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။

အဆိုပါဆိုင်ကလုန်းမုန်တိုင်းသည်အရှေ့မြောက်ဘက်သို့ဆက်လက်ရွေ့လျားပြီး၊ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့နှင့် မြန်မာနိုင်ငံ မောင်တောမြို့အကြားမှ ကမ်းခြေကို နောက် (၁၈) နာရီအတွင်း ဖြတ်ကျော်ဝင်ရောက်မည်ဟု ခန့်မှန်းရပါသည်။

ဆိုင်ကလုန်းမုန်တိုင်း၏ လက်ရှိအခြေအနေမှာ အနီရောင် အရေးပေါ်အခြေအနေသို့ ရောက်ရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် မြန်မာနိုင်ငံနယ်စပ်သို့ ဦးတည်ရွေ့လျားလျက်ရှိသည့် အခြေအနေ ဖြစ်ပါသည်။ ဆိုင်ကလုန်းမုန်တိုင်းမဟာစင်(MAHASEN)သည် ကမ်းခြေသို့ဖြတ်ကျော်စဉ် လေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် (၆၀)မှ မိုင်(၇၀)အထိတိုက်ခတ်နိုင်ပြီး မုန်တိုင်းကြောင့် မြင့်တက်နိုင်သော ရေလှိုင်းအမြင့်မှာ မောင်တောမြို့နယ်ကမ်းခြေတွင် (၈)ပေမှ(၁၀)ပေခန့်၊ စစ်တွေခရိုင်ကမ်းခြေတွင် (၆)ပေမှ (၈)ပေခန့်နှင့် ကျောက်ဖြူခရိုင်ကမ်းခြေတွင် (၄)ပေမှ (၆)ပေခန့် မြင့်တက်နိုင်ပါသည်။

ထို့အပြင် မုန်တိုင်းနှင့်အတူ မိုးသည်းထန်စွာ ရွာသွန်းနိုင်ပါသဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မိုးရွာသွန်းမှုကြောင့် မြေပြိုခြင်း၊ တောင်ကျရေများကြောင့်လျှပ်တစ်ပြက်ရေကြီးခြင်းအန္တရာယ်များကို သတိပြုရှောင်ရှားသင့်ပါသည်။

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းအရှိန်ကြောင့် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ်ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၆၀)မှ မိုင်(၇၀)အထိ တိုက်ခတ်နိုင်သည့်အတွက် ပ်င်လယ်မှငါးဖမ်းထွက်သည့် ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများ မုန်တိုင်းအန္တရာယ်ကို ကြိုတင်ရှောင်ရှားကြပါရန် အကြံပြုအပ်ပါသည်။

- မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာန


Viewing all articles
Browse latest Browse all 15231

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...