Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15231

အစ္စရေးမှ ၂၀၁၀ တွင် ဂါဇာသို့ လာရောက်သည့် ကယ်ဆယ်ရေး သဘောင်္များတိုက်ခိုက်မှု ICC စတင်စစ်ဆေး

$
0
0

မေ-၁၅၊၂၀၁၃
M-Media

ဂါဇာဒေသသို့ လာရောက်သော ကယ်ဆယ်ရေး သင်္ဘောများအား အစ္စရေး မှ တိုက်ခိုက်မှုအား အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုဆိုင်ရာ တရားရုံး မှ စစ်ဆေး

freedom_flotilla

International Criminal Court(ICC) အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုဆိုင်ရာ တရားရုံး မှ ၂၀၁၀ ခုနှစ်တွင် အစ္စရေးမှ ပါလက်စတိုင်းတို့၏ ဂါဇာဒေသသို့ လာရောက်သော ကယ်ဆယ်ရေး သင်္ဘောများအား တိုက်ခိုက်မှုကို  စစ်ဘက်ဆိုင်ရာ ပြစ်မှု သို့မဟုတ် လူသားခြင်းစာနာမှုကို ဆန့်ကျင်သောပြစ်မှု မြောက်/မမြောက် ပဏာမ စုံစမ်း စစ်ဆေးရေး ပြုလုပ်မည် ဟုပြောကြားခဲ့သည်။

ICC ၏ စုံစမ်းစစ်ဆေးသူ ဖာတောင် ဘန်ဆောင်ဒါ(Fatou Bensouda) မှ “ကျွန်မ၏ ဌာနတွင် ပဏာမ လေ့လာမှုကိုပြုလုပ်၍ စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် အချက်အလက်များ ပြည့်စုံမှုရှိ/မရှိ စတင် စစ်ဆေးမည် ဖြစ်ကြောင်း” အင်္ဂါနေ့က ပြောကြားခဲ့သည်။

မေလ ၃၁၊ ၂၀၁၀ တွင် အစ္စရေး ကွန်မန်ဒိုများသည် ပထမဆုံး ကယ်ဆယ်ရေး သင်္ဘောအား နိုင်ငံတကာ ရေနယ်နမိတ်ဖြစ်သော မြေထဲပင်လယ်(Mediterranean Sea) တွင် တိုက်ခိုက်ခဲ့ပြီး၊ တူရကီနှင့် အမေရိကန် ၂ နိုင်ငံသား အဖြစ်ခံယူထားသော ဆယ်ကျော်သက်တစ်ယောက် အပါအ၀င် တူရကီ နိုင်ငံသား ၉ ယောက် သေဆုံးခဲ့သည်။ သင်္ဘော ၆ စီးပါဝင်သော အုပ်စုထဲမှ တူရကီ အလံတပ်ထားသော မာဗီ မာမရာ(Mavi Marmara) သင်္ဘောပေါ်သို့ အစ္စရေး ကွန်မန်ဒိုများ ၏ စီနင်းတိုက်ခိုက်မှုကြောင့် လူ ၅၀ နီးပါးလောက် ဒဏ်ရာရခဲ့သည်။

ဘန်ဆောင်ဒါ က အာဖရိကန် နိုင်ငံ ကော်မိုရိုစ်(African state of Comoros) ကို ကိုယ်စားပြု၍ လာရောက်သော တူရကီ ရှေ့နေများစွာအား တွေ့ဖူးကြောင်း၊ နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့ တွင်ရှိသော ICC ရုံးချူပ်သို့ အမှုကို လွှဲပြောင်းခဲ့ရကြောင်း ပြောကြားခဲ့သည်။

မာဗီ မာမရာသင်္ဘောသည် ICC အဖွဲ့ဝင်နိုင်ငံတနိုင်ငံဖြစ်သော အိန္ဒိယ သမုဒ္ဒရာထဲမှ ကျွန်ုးနိုင်ငံ တခုတွင်  မှတ်ပုံထင်ထားသည့် သင်္ဘောဖြစ်သည်။

“ရရှိသောအချက်အလက်များအား သေချာလေ့လာပြီးနောက်၊ ၄င်း အဖြစ်ပျက်၏ ဆုံးဖြတ်ချက်အား ပြည်သူများအားပြောပြမယ်လို့” ဘန်ဆောင်ဒါက ပြောကြားသည်။

တရားရုံးတော်သို့ တင်ပြသော ၁၇ မျက်နှာပါ တိုင်စာတွင် ရှေ့နေများက ကယ်ဆယ်ရေး သင်္ဘောအား တိုက်ခိုက်မှုကို  နိုင်ငံတကာ၏ တုံပြန်မှုများ ပါဝင်ကြောင်း နှင့် ICC သည် ဥပဒေအရ တရားသဖြင့် ဖြေရှင်းပေးနိုင်သော အဖွဲ့စည်းဟု သူတို့မြင်ကြောင်း ရေးသားထားခဲ့သည်။

အစ္စရေး၏ ကယ်ဆယ်ရေး သင်္ဘောများအား တိုက်ခိုက်မှုသည် ကြိုတင် စီစဉ်ထားသော စီမံကိန်း  သို့မဟုတ် မူဝါဒ တစ်ခုအရ ကယ်ဆယ်ရေး သင်္ဘောများအား ပိတ်ဆို့ခံထားရသည့် ဂါဇာနိုင်ငံသို့ မသွားရောက်ရန် တားမြစ်မှု တစ်ခုဖြစ်ကြောင်း ရှေ့နေများက ပြောကြားခဲ့သည်။

အစ္စရေး သည် ဂါဇာသို့ လာရောက်သော ကယ်ဆယ်ရေး သင်္ဘောများအား တိုက်ခိုက်မှုအတွက် ICC မှ ချမှတ်ထားသော စစ်ဘက်ဆိုင်ရာ ပြစ်မှုနှင့် လူသားခြင်းစာနာမှုကို ဆန့်ကျင်သောပြစ်မှုများ မြောက်ကြောင်းကိုလည်း ရှေ့နေများက ထည့်သွင်းပြောကြားခဲ့သည်။

ဂါဇာဒေသအား ၂၀၀၇ ခုနှစ် ဇွန်လမှစတင်၍ ပိတ်ဆို့ထားကြောင်း၊ အဲဒီအတွက် ဂါဇာဒေသတွင်း လူနေမှုပုံစံနိမ့်ပါး၍ အလုပ်လက်မဲ့များ များပြားပြီး ဆင်းရဲဒုက္ခများအား ရင်ဆိုင်နေရကြောင်း သိရသည်။

ဂါဇာသို့လာရောက်သော ကယ်ဆယ်ရေးသင်္ဘောများအား အစ္စရေးမှ တိုက်ခိုက်ခဲ့ပြီးနောက်၊ တဲရ်အဗစ်မြို့မှ ဂါဇာကမ်းမြှောင်ဒေသအား ပိတ်ဆို့ထားမှုကို အနည်းငယ်လျော့ချ၍ အသုံးကုန်ပစ္စည်းများ ရောင်းဝယ် ဖောက်ကားမှုကို ခွင့်ပြုပေးခဲ့သည်။

သို့သော်လည်း ဂါဇာ ကမ်းမြှောင်ဒေသကို အစ္စရေးရေတပ်ဖြင့် ၀ိုင်းရံထားစဲရှိပြီး၊ ထုတ်ကုန်များ ပို့ဆောင်မှုကို ပိတ်ထား၍၊ ကုန်ကြမ်းများနှင့် အိမ်ဆောက်ပစ္စည်းများအား တင်သွင်းခွင့်ကိုလည်း ပိတ်ပင်ထားကြောင်း သိရသည်။

GJH/HGL


Viewing all articles
Browse latest Browse all 15231

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...