Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

၂၀၃၀ မှာ တနိုင်ငံလုံး လျှပ်စစ်ရရှိရေး လုပ်ငန်းများ ၂ ဆတိုး ဆောင်ရွက်သွားမည်ဟု လျှပ်စစ် ဝန်ကြီးဌာနပြော

$
0
0

စက်တင်ဘာ ၁၆ ၊ ၂၀၁၄
M-Media

leccy

၂၀၁၃ ခုနှစ် နိုဝင်ဘာလအတွင်း ပြုလုပ်ခဲ့သည့် လျှပ်စစ်မီး မရရှိ၍ ဖယောင်းတိုင်ထွန်း ဆန္ဒပြပွဲတခု မြင်ကွင်း (Photo- DVB)

– ၂၀၃၀ ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားရရှိရေး ရည်မှန်းချက်ကို ပြည့်မီစေရန်အတွက် လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းများကို နှစ်ဆတိုးမြှင့်သွားမည်ဟု လျှပ်စစ်စွမ်းအင် ၀န်ကြီးဌာနက ပြောကြားခဲ့သည်။

ယမန်နေ့က နေပြည်တော်တွင်ပြုလုပ်ခဲ့သည့် လျှင်စစ်ဓာတ်အားရရှိရေး  အလုပ်ရုံဆွေးနွေးပွဲ၌ လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာန ၀န်ကြီး ဦးခင်မောင်စိုးက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရာတွင် လျှပ်စစ်ကဏ္ဍအတွက် ရင်းနှီးမြှုပ်နှံမှုကြီးများ ဖြစ်ပေါ်လာရန် ဆွဲဆောင်ခြင်းလည်း ပါဝင်မည်ဟုဆိုသည်။

ယခုလက်ရှိတွင် မြန်မာနိုင်ငံ၌ အိမ်ထောင်စု ၂ သိန်းသာ နှစ်စဉ် ပုံမှန် လျှပ်စစ်ဓာတ်အား ရနေပြီး၊ လျှင်စစ်ဓာတ်အားရရှိရေး လက်ရှိဆောင်ရွက်နှုန်း အတိုင်းသွားပါက တစ်နိုင်ငံလုံး ဓာတ်အားရရှိရေးမှာ ၃၆ နှစ် ကြာမည်ဖြစ်ကာ ၂၀၃၀ တွင် တစ်နိုင်ငံလုံး လျှပ်စစ် ဓာတ်အားရရှိရေး ရည်ရွယ်ချက် ပြည့်မီမည် မဟုတ်ဟု  ဦးခင်မောင်စိုးက ထပ်လောင်းပြောကြားခဲ့သည်။

လက်ရှိရည်မှန်းချက်အတိုင်းဆိုပါက နိုင်ငံလူဦးရေ၏ ၆၇ ရာခိုင်နှုန်းရှိမည့် အိမ်ထောင်စု ၇.၂ သန်းအတွက် လျှပ်စစ်ဓာတ်အားရရှိရန် ဆောင်ရွက်ချိန်မှာ ၁၆ နှစ်သာရှိမည်ဖြစ်သည်။

နိုင်ငံအတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရေးအတွက် ရန်ပုံငွေ ကန်ဒေါ်လာ ၁ ဘီလီယံရရှိရန် ကမ္ဘာ့ဘဏ်မှ ဆောင်ရွက်ပေးနေသည့် အတွက်ကြောင့် မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား ရရှိမှုမှာ လာမည့် ၅ နှစ်အတွင်း တိုးတက်မည်ဟု မျှော်လင့်ရသည်။

ထို့ပြင် ရန်ပုံငွေများ၊ ဓာတ်အားပေးရေး ကဏ္ဍအတွင်း ပုဂ္ဂလိက ဆောင်ရွက်မှုများနှင့်အတူ ၂၀၂၀ ခုနှစ်တွင် မြန်မာနိုင်ငံ၏ လူဦးရေ ထက်ဝက်ခန့်မှာ လျှပ်စစ်ဓာတ်အား ရရှိမည်ဖြစ်ပြီး ၂၀၃၀ ရည်မှန်းချက် ပြည့်မီမည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည်။

အာရှဖွံ့ဖြိုးရေးဘဏ်ကလည်း ဓာတ်အားဖြန့်ဖြူးရေးကွန်ယက်များ တိုးတက်ရေးတွင် အသုံးပြုရန်အတွက် ကန်ဒေါ်လာ သန်း ၆၀ နှစ်ရှည်ချေးငွေပေးမည်ဟု ကတိပြုထားသည်။ လျှပ်စစ်စွမ်းအင် ၀န်ကြီးဌာန၏ အဆိုအရ မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ်မှ လျှပ်စစ်ထုတ်လုပ်မှုမှာ ၄၃၆၁ မီဂါဝပ်ရှိသည်ဟု သိရသည်။

အခြားသာ တရားဝင်စာရင်းများရ စွမ်းအင်ကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှာ ၁၉၈၈ နှောင်းပိုင်းမှ ၂၀၁၄ခုနှစ် ဇွန်လအထိ ကန်ဒေါ်လာ ၁၉.၂၈ ဘီလီယံရှိပြီး စွမ်းအင်ကဏ္ဍတစ်ခုလုံး ရင်းနှီးမြှုပ်နှံမှု ပမာဏ၏ ၄၁.၂၈ ရာခိုင်နှုန်းရှိလေသည်။

ref_ ဆင်ဟွာ


Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...