Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

အီဘိုလာ ကိစ္စ တာဝန်မကျေသော အစိုးရတာဝန်ရှိသူ ၁၀ ဦးအား လိုက်ဘေးရီးယား ထုတ်ပယ်

$
0
0

စက်တင်ဘာ ၁၆ ၊ ၂၀၁၄
M-Media
201491420378953734_20
– တိုင်းပြည်အတွင်း အီဘိုလာဗိုင်းရပ်စ်ပိုး ဆိုးရွားစွာ ပြန်နှံ့နေသော်လည်း လိုအပ်သည်များကို ဆောင်ရွက်ခြင်းမရှိဘဲ နိုင်ငံပြင်ပသို့ သွားရောက်နေသည့် အစိုးရ အရာရှိ ၁၀ ဦးကို လိုက်ဘေးရီးယားသမ္မတက ရာထူးမှထုတ်ပယ်လိုက်သည်ဟု သိရသည်။

ထုတ်ပယ်လိုက်သူများတွင် လက်ထောက်ဝန်ကြီး ၆ ဦး၊ ဒုတိယ၀န်ကြီး ၂ ဦးနှင့်  ကော်မရှင်နာ ၂ ဦးတို့ဖြစ်ကြပြီး အကြောင်းပြချက်မရှိဘဲ နိုင်ငံပြင်ပသို့ သွားရောက်နေသောကြောင့် သမ္မတ အဲလင် ဂျွန်ဆင် ဆာရ်လီဖ်က စနေနေ့နှောင်းပိုင်းတွင် ရာထူးမှထုတ်ပယ်လိုက်ခြင်းဖြစ်သည်ဟု သမ္မတရုံးမှထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

၎င်းတို့အား နိုင်ငံအတွင်းသို့ပြန်လာရန် သြဂုတ်လကတည်းက ပြောကြားခဲ့သော်လည်း လာရောက်ခဲ့ခြင်းမရှိပေ။ လိုက်ဘေးရီးယားနိုင်ငံတွင် အီဘိုလာဗိုင်းရပ်စ်ပြန့်နှံ့မှုမှာ ပြင်းထန်စွာဖြစ်ပွားနေပြီး စုစုပေါင်း ရောဂါပိုးကူးစက်မှု ၂၀၈၁ ခုရှိကာ ၁၁၃၇ ဦးသေဆုံးခဲ့သည်။

လိုက်ဘေးရီးယားနိုင်ငံတွင် အီဘိုလာဗိုင်းရပ်စ်ပိုးကူးစက်သူများ၏ ထက်ဝက်ခန့်မှာ သေဆုံးခဲ့ပြီး၊ ပြန့်နှံ့မှုမှာလည်း အဆပေါင်းများစွာ တိုးပွားမည်ဟု WHO က သတိပေးပြောကြားထားသည်။

ref_Agencies




Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...