Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

ချန်ပီယံလိဂ်မှာ လီဗာပူးအသင်း လိုအပ်ကြောင်း နည်းပြ ရော်ဂျာပြော

$
0
0

စက်တင်ဘာ ၁၆ ၊ ၂၀၁၄
M-Media
The Champions League needs Liverpool
– လီဗာပူးလ်အသင်း ချန်ပီယံလိဂ်သို့ ပြန်လည် ပါဝ်ယှဉ်ပြိုင်ခွင့်ရခြင်းမှာ ပြိုင်ပွဲရှိ အသင်းတိုင်းအတွက် အကျိုးရှိပြီး မိမိတို့မှာ ချန်ပီယံလိဂ်တွင် လိုအပ်သော အသင်းဖြစ်သည်ဟု လီဗာပူးလ်နည်းပြ ဘရန်ဒန်ရော်ဂျာက ပြောကြားလိုက်သည်။

လီဗာပူးလ်မှာ ချန်ပီယံလိဂ် အုပ်စုပွဲအဖြစ် ယနေ့ညတွင် ဘယ်လ်ဂျီယံကလပ် လူဒိုဂိုးရက်နှင့် ကစားရမည်ဖြစ်ပြီး ၂၀၀၉ ခုနှစ်နောက်ပိုင်း ချန်ပီယံလိဂ်တွင် ပထမဆုံး ကစားခွင့်ရခြင်းလည်း ဖြစ်သည်။

ရော်ဂျာကမူ ရီးယဲလ်၊ ဘေဆယ်အသင်းတို့ပါဝင်သည့် ၎င်းတို့အုပ်စုမှ တက်ရန် ဆန္ဒရှိနေပြီး ချန်ပီယံလိဂ်ပြိုင်ပွဲသို့ ပုံမှန်ယှဉ်ပြိုင်ခွင့်ရရေးမှာ မိမိ၏ ပစ်မှတ်ဖြစ်သည်ဟု ဆိုသည်။

“ချန်ပီယံလိဂ်မှ ပါဝင်ရတဲ့အတွက် ကျွန်တော်တို့ အရမ်းစိတ်လှုပ်ရှားမိပါတယ်။ လီဗာပူးလ်လို အသင်းမျိုးအတွက် ၅ နှစ်လောက် ပြိုင်ပွဲမှာ ပါဝင်ခွင့်မရခဲ့တာ ရှည်ကြာတဲ့ ကာလတစ်ခုပါပဲ။ ကျွန်တော်တို့ရဲ့ အဓိကရည်ရွယ်တွေထဲက ပထမဆုံးတစ်ခုဟာ အုပ်စုအဆင့်ကနေလွတ်ဖို့ပါပဲ” ဟု ပြိုင်ပွဲအကြို သတင်းစာရှင်းလင်းပွဲတွင် ရော်ဂျာက သတင်းထောက်များအား ပြောကြားခဲ့သည်။

ထို့ပြင် ဥရောပ၏ ဂုဏ်သိက္ခာအရှိဆုံးပြိုင်ပွဲဖြစ်သည့် ချန်ပီယံလိဂ်တွင် ပါဝင်ခွင့်ရခြင်းမှာ ပြီးခဲ့သည့် နှစ်အနည်ငယ်အတွင်း ကြိုးစားမှုများ၏ ရလဒ်ဖြစ်သည်ဟု ၎င်းကထပ်လောင်းပြောကြားခဲ့သည်။ လီဗာပူးလ်အသင်းမှာ ချန်ပီယံလိဂ်တွင် အအောင်မြင်ဆုံး အင်္ဂလိပ်အသင်းလည်း ဖြစ်သည်။




Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...