Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15231

ဒေးဗစ်ဘက်ခမ်း ဘောလုံးကစားခြင်းမှ အနားယူပြီ

$
0
0

မေ-၁၆၊၂၀၁၃
M-Media

David Beckham
ကမ္ဘာကျော် ဘောလုံးသမား ဒေးဗစ်ဘက်ခမ်းက ဒီနှစ် ဘောလုံးရာသီအကုန်တွင် ဘောလုံးကစားသမား ဘ၀မှ အနားယူမည်ဖြစ်ကြောင်း ကြေညာလိုက်သည်။

အသက် ၃၈ နှစ် ရှိပြီဖြစ်သော ဘက်ခန်းသည်၊ မန်ချက်စတာ ယူနိုက်တက် တွင် ဘောလုံးသမားဘဝကို စတင်ခဲ့ပြီး ကမ္ဘာကျော် ထိပ်တန်း နာမည်ကျော်ဘောလုံးသမားဖြစ်သူ တယောက်ဖြစ်သည်။ လက်ရှိတွင် ပြင်သစ် ပဲရစ်စိန့်ဂျာမိန်း(Paris Saint Germain) ကလပ် နှင့် ချန်ပီယံ ဆု ဆွတ်ခူးရရှိခဲ့ပြီး နိုင်ငံလေးနိုင်ငံမှ ကလပ်အသင်း ၄ ခု ဖြင့် ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။

ဘက်ခမ်းသည် ၁၉၉၉ခုနှစ်တွင် မန်ချက်စတာယူနိုက်တက်အသင်းနှင့် ဥရောပချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးရရှိခဲ့ပြီး ပဲရစ်စိန့် ဂျာမိန်းသို့ မရောက်မီ ရီးရဲလ်မက်ဒရစ်အသင်းနှင့် စပိန်လာလီဂါချန်ပီယံ၊ လော့စ်အိန်ဂျလီစ်ဂလက်ဆီ အသင်းနှင့် အမေရိကန် မေဂျာလိဂ်ချန်ပီယံ ဖြစ်ခဲ့သည်။

ကမ္ဘာ့ထိပ်သီးကလပ်အသင်းများတွင် ကစားခဲ့ပြီး ထင်ရှားကျော်ကြားခဲ့သော်လည်း အင်္ဂလန်လက်ရွေးစင်အသင်း၏ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူရခြင်းကို သူ့ဘ၀၏ ဂုဏ်အယူရဆုံး အောင်မြင်မှုထဲမှတစ်ခုအဖြစ် ထုတ်နှုတ်ပြောဆိုခဲ့သည်။

“အင်္ဂလန်အသင်း အင်္ကျီကို ၀တ်ဆင်တဲ့အခါတိုင်းမှာ ကျနော်ဟာ ကစားသမားကောင်းတွေထဲက တစ်ယောက်အဖြစ်သာမက၊ သူတို့တိုင်းပြည်ကို အရူးအမူး စွဲလမ်းကြတဲ့ အင်္ဂလန်အသင်း ပရိတ်သတ်တွေကိုလည်း ကိုယ်စားပြုနေတယ်ဆိုတာ ကျနော်သိပါတယ်။ ကွင်းအတွင်းမှာရော ပြင်ပမှာပါ အင်္ဂလန်အသင်းကို ကိုယ်စားပြုခွင့်ရတဲ့အတွက် ကျနော် ဂုဏ်ယူမိပါတယ်။ ကျနော့်ရဲ့ အသင်းဖော်တွေနဲ့ အသင်းနည်းပြတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ ပြီးတော့ ကျနော့်ကိုအားပေးခဲ့တဲ့၊ ကျနော်အောင်မြင်မှုရအောင် အင်အားတွေ ပေးခဲ့တဲ့ ပရိတ်သတ်အားလုံးကိုလည်း ကျေးဇူးတင်ကြောင်း ပြောပါရစေ။” ဟု သူက ပြောဆိုသွားခဲ့သည်။

“ကျွန်တော့် ကလပ်မှာ ထပ်ပြီးကစားဖို့ ကမ်းလှမ်းခဲတဲ့ ပဲရစ်စိန့်ဂျာမိန်း(PSG) ကို ကျေးဇူးတင်ကြောင်း၊ ဒါပေမယ့် အခုအချိန် ပရောဖက်ရှင်နယ် ဘောလုံး သမားဘဝမှ အနားယူရန်အချိန် ဖြစ်နေပြီဖြစ်ကြောင်း၊ မိမိဘဝမှ အဆင့်မြင့် ဘောလုံးအသင်းများမှာ အောင်မြင်စွာ ကစားခဲ့ပြီးပြီ” ဟု ဘက်ခမ်းက ပြောကြားခဲ့သည်။

ဘက်ခမ်းသည် ယူနိုက်တက်အပါအ၀င် စပိန် ရီးရယ်မက်ဒရစ် နှင့် အမေရိကန် LA ဂလက်ဆီ ကလပ်များတွင်ကစားခဲ့ပြီး၊ ဆုဖလား များစွာ ဆွတ်ခူးပေးခဲ့သူ ဖြစ်သည်။
ဘက်ခန်းသည် အင်္ဂလန် နိုင်ငံအသင်းကို ကိုယ်စားပြုပြီး နိုင်ငံတကာပွဲပေါင်း ၁၅၅ ပွဲကို ကွင်းလယ်ကစားသမားအဖြစ် ကစားခဲ့သူပင်ဖြစ်သည်။


Viewing all articles
Browse latest Browse all 15231

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...