Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15231

ဘာသာပေါင်းစုံ လူငယ်များနှင့် အရပ်ဖက်လူမူ အဖွဲ့အစည်းများမှ သဘောထား ထုတ်ပြန် ကြေညာချက်အား ဆက်သွယ် မေးမြန်းချက်

$
0
0

မေလ-၁၅၊ ၂၀၁၃
M-Media
သတင်း – ဆူးထက်

မြန်မာနိုင်ငံအတွင်း ဖြစ်ပွားခဲ့သော ဘာသာရေး၊ လူမျိုးရေး အကြမ်းဖက်မူများနှင့် စပ်လျဉ်း၍ ဘာသာပေါင်းစုံ လူငယ်များနှင့် မြန်မာအရေး ဆောင်ရွက်နေသော အရပ်ဖက်လူမူအဖွဲ့အစည်းများမှ မေလ ၁၄-ရက်နေ့က ထုတ်ပြန်ခဲ့သော သဘောထားကြေငြာချက်နှင့် ပတ်သတ်၍ ဦးဆောင်သူ Pray For Myanmar လူငယ်ကွန်ရက်မှ လူငယ်တစ်ဦးဖြစ်သော ကိုသန့်ဇင်ထွေးမှ M-Media မှ ဆက်သွယ်မေးမြန်းခဲ့ပါသည်။

M-Media – Pray For Myanmar မှ ဦးဆောင် စီစဉ်ပြီး ကြေညာချက်ထုတ်ဖြစ်ခဲ့တဲ့ ရည်ရွယ်ချက် ကိုပြောပြပေးပါ။

ဖြေ – ဒီကြေညာချက် ထုတ်ရတဲ့အကြောင်းက မိထ္တီလာကနေစပြီး ဥက္ကံ အထိ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မူတွေ၊ အကြမ်းဖက်မူတွေ ပေါ်ပေါက်လာဖို့ လှုံ့ဆော်တာနဲ့ ပတ်သတ်ပြီး ဘာသာပေါင်းစုံက လူငယ်တွေက အကြမ်းဖက်မှုကို လက်မခံဘူးဆိုတဲ့ အကြောင်းရယ်၊ အကြမ်းဖက်မူတွေ ဖြစ်ပေါ်လာအောင် သွေးထိုး လှုံ့ဆော်သူတွေဖြစ်တဲ့ နောက်ကွယ်က ကြိုးကိုင်နေသူတွေကို အရေးယူမူ အပိုင်းမှာ အားနည်းနေတဲ့အတွက် အမြန်ဆုံးဖော်ထုတ် အရေးယူပေးဖို့ တောင်းဆိုချင်တာရယ်၊ လူမျိုး ဘာသာမခွဲခြားဘဲ တရားဥပဒေအောက်မှာ တန်းတူ အခွင့်အရေးရရှိနိုင်ဖို့နဲ့ တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်နိုင်ဖို့ ရယ်၊ ပြည်ပမှာ အကြမ်းဖက်မူများ လုပ်ဆောင်ရန် နှိုးဆော်ခြင်းကို ပြည်ပနိုင်ငံတွေမှာ ရောက်နေတဲ့ မြန်မာနိုင်ငံသား လူနည်းစု ဗုဒ္ဓ ဘာသာတွေ လုံခြုံမူ ရရှိစေဖို့ စတဲ့ အချက်တွေနဲ့ ပြည်တွင်းမှာလည်း တစ်တိုင်းပြည်လုံး ငြိမ်းချမ်းသွားစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ထုတ်ပြန်ကြေညာခဲ့တာပါ။

M-Media - အကိုတို့ ကြေညာချက် ထွက်လာပြီးတဲ့ နောက်တနေ့မှာပဲ ပြည်တွင်း၊ ပြည်ပ မီဒီယာအချို့က ဒီကြေငြာချက်က ဂျီဟာဒ်ဆိုတာကို ဆန့်ကျင်တဲ့ ကြေညာချက် တစ်ခုတည်းကို ဇောင်းပေးဖော်ပြနေတာနှင့် ပတ်သက်ပြီး ဘာများပြောချင်ပါသလဲ။

ဖြေ – ဂျီဟာဒ်အမည်ခံ အလွဲသုံးစားလုပ်ပြီး အကြမ်းဖက်တာကို ကျွန်တော်တို့က လက်မခံတာပါ။ ဂျီဟာဒ် ဆိုတာက အကြမ်းဖက်တာ၊ သာသနာပြုတာ၊ နယ်မြေ ချဲ့ထွင်တာ မဟုတ်ပါဘူး။ ကျွန်တော်တို့က မည်သည့် အကြမ်းဖက်မှုကိုမှ လက်မခံပါဘူးဆိုတဲ့ အကြောင်းကို ကျွန်တော်တို့ ကြေညာချက်မှာ ပြည့်စုံစွာ ဖော်ပြထားပါတယ်။ ဒီကြေငြာချက်ကို ရရှိတဲ့ တာဝန်ရှိသူတွေ၊ မီဒီယာတွေ၊ ပြည်သူတွေက ပြည်ြ့ပည့် စုံစုံ ဖတ်စေချင်ပါတယ်။ မီဒီယာတွေက မိမိလိုရာဆွဲပြီး အသားပေးမဖော်ပြဖို့ ၊ မလုပ်ဖို့ပြောချင်ပါတယ်။

M-Media - ဒီအကြောင်းအရာတွေနှင့် ပတ်သတ်ပြီး ဘာများဖြည့်စွက်ပြောကြားလိုပါသေးသလဲ။

ဖြေ – “မြန်မာနိုင်ငံ၏ တရားဥပဒေအောက်တွင် ဘာသာလူမျိုး မခွဲခြားဘဲ တန်းတူအခွင့်အရေး ရရှိနိုင်ရန်နှင့် တရားဥပဒေစိုးမိုးရေးကို ပိုမိုအလေးထား ဆောင်ရွက်ပါရန် သက်ဆိုင်ရာပုဂ္ဂိုလ်များအား တောင်းဆိုသည်” ဟုကြေငြာချက် အမှတ်(၄)မှာ ဖော်ပြထားတာနဲ့ ပတ်သတ်ဆက်စပ်ပြီး ပြောချင်တာက အင်ဒိုနီးရှားနိုင်ငံမှာ ရက်တစ်ပတ်က မြန်မာသံရုံးကို ဗုံးခွဲမယ့် သံသယရှိသူနှစ်ဦးကို ဖမ်းဆီးခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂-ရက်တုန်းကလည်း အဲဒီဖြစ်ရပ်ရဲ့ နောက်ကွယ်က ကြိုးကိုင်သူတွေကို ဖမ်းဆီးရင်း အပြန်အလှန်ပစ်ခတ်ကြရာ(၇)ယောက်ကို အသေပစ်ခတ်ဖမ်းဆီးခဲ့ပြီး (၆)ယောက်ကို အရှင်လက်ရ ဖမ်းဆီးခဲ့တယ်။

ကျွန်တော်ပြောချင်တာက အင်ဒိုနီးရှားနိုင်ငံက အစ္စလာမ်နိုင်ငံတစ်ခု ဖြစ်တယ်။ သူတို့ဟာ ဂျီဟာဒ်ဆိုတာနဲ့ အကြမ်းဖက်မှုဆိုတာကို ကွဲကွဲပြားပြားနားလည်တယ်။ အဲလိုပဲ ကျွန်တော်တို့ကလည်း ဂျီဟာဒ်နဲ့ အကြမ်းဖက်မူကို ကွဲကွဲပြားပြား နားလည်တာကြောင့် မဆိုင်တဲ့ သူတွေကို မနစ်နာစေချင်တဲ့အတွက် ဂျီဟ.ဒ်အမည်ကို အလွဲသုံးစားလုပ်ပြီး အကြမ်းဖက်မှာကို ဆန့်ကျင်တာဖြစ်တယ်။ အားလုံးကို ကွဲကွဲပြားပြား သိစေချင်ပါတယ်။ မြန်မာနိုင်ငံက တာဝန်ရှိ ပုဂ္ဂိုလ်တွေအနေနဲ့လည်း ပြည်တွင်းအကြမ်းဖက်မူတွေနဲ့ ပတ်သတ်ပြီး ဘာသာ လူမျိုးမခွဲခြားဘဲ အခုလိုမျိုး ထိထိရောက်ရောက် အရေးယူ ကိုင်တွယ်ဖြေရှင်းစေချင်ပါတယ်” ဟု M-Media သို့ပြောကြားခဲ့သည်။

*အခုလို သိလိုသမျှကို ပြန်လည်ဖြေကြားပေးသာ Pray For Myanmar လူငယ်ကွန်ယက်မှ လူငယ်တစ်ဦးဖြစ်သော ကိုသန့်ဇင်ထွေးအား M-Media မှ ကျေးဇူးတင်ရှိပါတယ်


Viewing all articles
Browse latest Browse all 15231

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...