Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

အနောက်၏ မဟာဗျူဟာ အမှားကြောင့် အကြမ်းဖက်ဝါဒ ပေါ်လာတာ ဖြစ်ကြောင်း အီရန်သမ္မတဆို

$
0
0

စက်တင်ဘာ ၂၆ ၊ ၂၀၁၄
M-Media
afp-iran-leader-slams-west-blunders-but-eyes-cooperation
– အရှေ့အလယ်ပိုင်း နိုင်ငံများတွင် အမေရိကန်နှင့် အနောက်နိုင်ငံတို့မှ ပြုလုပ်ခဲ့သော အမှားများကို ဝေဖန်ခဲ့ပြီး ထိုအမှားများက အကြမ်းဖက် ၀ါဒအား ဖြစ်ထွန်းစေခဲ့သည်ဟု အီရန်သမ္မတ ရူဟာနီက ကုလသမဂ္ဂအထွေထွေ ညီလာခံတွင် ပြောကြားလိုက်သည်။

“အရှေ့အလယ်ပိုင်း၊ အလယ်အာရှနဲ့ ကော့ကေးရှပ်ဒေသတွေမှာ အနောက်နိုင်ငံတွေရဲ့ မဟာဗျူဟာအမှားတွေက ဒီဒေသတွေကို အကြမ်းဖက်သမားတွေနဲ့ အစွန်းရောက်တွေ ပျော်မွေ့ရာဒေသအဖြစ် ပြောင်းလဲပေးလိုက်ပါတယ်” ဟု ယမန်နေ့က ပြောကြားသော မိန့်ခွန်း၌ ရူဟာနီက ထည့်သွင်းပြောဆိုခဲ့သည်။

ထိုအကြောင်းအရာအတွက် ဆီးရီးယားနိုင်ငံကို ရူဟာနီက ဥပမာပေးခဲ့ပြီး၊ ကမ္ဘာကြီးကို ခြိမ်းခြောက်နေသည့် အကြမ်းဖက်ဝါဒအား ဖြေရှင်းရေး နိုင်ငံတကာ အထောက်ပံ့နှင့်အတူ ဆောင်ရွက်ခြင်းက အကောင်းဆုံးအခြေအနေတစ်ရပ်သို့ ရောက်စေသည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။

တိုင်းပြည်၏ နျူကလီးယားကိစ္စနှင့် ပတ်သက်၍လည်း ရူဟာနီက မိမိတို့မှာ အပြန်အလှန်နားလည်မှုနှင့် ယုံကြည်မှုတို့ကို အခြေခံ၍ စိတ်အားထက်သန်စွာ ညှိနှိုင်း ဆွေးနွေးသွားမည်ဟု ဆိုသည်။

အီရန်နျူကလီးယားအစီအစဉ်အား ရပ်တန့်ရန်အတွက် အပြီးသတ် သဘောတူညီချက်မရသေးဘဲ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံနှင့် ဂျာမနီတို့က နိုဝင်ဘာ ၂၄ ရက်နေ့တွင် အီရန်နှင့် ဆွေးနွေးမှုများ ဆက်လက်ဆောင်ရွက်ရန် စီစဉ်ထားသည်။

– AFP/ec/de




Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...