Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

မန်ယူနည်းပြဘ၀မှာ သက်တမ်း တစ်လျှောက် အခက်ခဲဆုံးဟု ဗန်ဂါးလ်ဖွင့်ဟ

$
0
0

စက်တင်ဘာ ၂၆ ၊ ၂၀၁၄
M-Media
Van Gaal
– မန်ယူအသင်း၏ အခြေအနေအား ဆုံးဖြတ်ရန်အတွက် တစ်နှစ်ခန့် စောင့်ကြည့်ရမည်ဖြစ်ပြီး မိမိနည်းပြ သက်တမ်းတစ်လျှောက် မန်ယူနည်းပြရာထူးမှာ အခက်အခဲဆုံး အလုပ်ဖြစ်သည်ဟု မန်ယူနည်းပြ ဗန်ဂါးလ်က ပြောကြားလိုက်သည်။

ပရီးမီးယားလိဂ် ၅ ပွဲကစားပြီးချိန်တွင် မန်ယူမှာ ၂ ပွဲအထိရှုံးနိမ့်ထားပြီး အဆင့် ၁၂ နေရာသို့ရောက်ရှိနေသည်။ ထို့ပြင် ဗန်ဂါးလ်မှာ အသင်းတွင် ဒဏ်ရာအနာတရနှင့် ပွဲပယ်ခံရသည့် ပြဿနာများနှင့်လည်း ရင်ဆိုင်နေရသည်။

ထိုအခြေအနေမှာ နည်းပြဘ၀ အခက်အခဲဆုံးအခြေအနေလားဟု မေးမြန်းခဲ့ရာတွင် ဗန်ဂါးလ်က

“ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် တစ်ပတ်လောက်ကို ကြည့်တာမျိုး မဟုတ်ဘဲ တစ်နှစ်လောက် စောင့်ကြည့်ရပါမယ်။ ကျွန်တော်တို့မှာ ဒဏ်ရာရကစားသမားနဲ့ ပွဲပယ်ပြစ်ဒဏ်ခံထားရတဲ့ ကစားသမား ၉ ယောက်လောက်ရှိပါတယ်” ဟု ပြန်လည် တုံ့ပြန်ခဲ့သည်။

ထို့ပြင် ယခုအချိန်မှာ အကူးအပြောင်းကာလတစ်ခုဖြစ်နေပြီး မိမိတို့အသင်းမှာ ရာသီအကြိုတွင် အနိုင်ရလဒ်များ ရခဲ့သော်လည်း ယခုအချိန်တွင် အခက်အခဲများနှင့် ရင်ဆိုင်ရခြင်းဖြစ်ကာ စောင့်ကြည့်ရမည်ဖြစ်ကြောင်း ဗန်ဂါးလ်က ထပ်လောင်းပြောကြာခဲ့သည်။

မန်ယူမှာ ယခုတစ်ပတ်တွင် ၀က်စ်ဟမ်းအသင်းအား အိုးထရက်ဖို့ဒ်၌ ဧည့်ခံကစားရမည် ဖြစ်သည်။




Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...