Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

ညီညွတ်သော ပါလက်စတိုင်း အစိုးရ ပေါ်ပေါက်ရေး ဟားမက်စ်နှင့် ဖာတာတို့ သဘောတူ

$
0
0

စက်တင်ဘာ ၂၆ ၊ ၂၀၁၄
M-Media
2014925142549256734_20
– ပါလက်စတိုင်းမှ အတိုက်အခံနှစ်ဖွဲ့ဖြစ်သည့် ဖာတာနှင့် ဟားမက်စ်အဖွဲ့တို့မှာ ညီညွတ်သော အစိုးရတစ်ရပ်ဖြစ်လာရေး အစီအစဉ်ကို ဆောင်ရွက်နိုင်မည့် သဘောတူညီချက်တစ်ရပ်ကို ရှိခဲ့သည်ဟု သိရသည်။

ကိုင်ရိုတွင် ၂ ရက်ကြာ ကျင်းပပြုလုပ်ခဲ့သည့် အစည်းအဝေးပြီးနောက် ယမန်နေ့တွင် နှစ်ဖက်အဖွဲ့မှ တာဝန်ရှိသူများက ထိုကဲ့သို့ သဘောတူခဲ့ခြင်းဖြစ်ပြီး၊ ထိုသဘောတူညီချက်အရ ဂါဇာကမ်းမြှောင်ဒေသအား သမ္မတ မဟ်မူဒ်းအဘတ်စ် ဦးဆောင်သည့် ညီညွတ်သောအစိုးရက အုပ်ချုပ်သွားမည်ဖြစ်သည်။

“ဒီသဘောတူညီချက်ဟာ ညီညွတ်သောအစိုးရ ရင်ဆိုင်နေရတဲ့ အတားအဆီးပေါင်းစုံကို ဖယ်ရှားဖို့အတွက် မဆိုင်းမတွ ဆောင်ရွက်ရမယ့် ကိစ္စပါပဲ။ ၂၀၀၉၊ ၂၀၁၁နဲ့ ၂၀၁၄တို့မှာ အစ္စရေးရဲ့ ကျူးကျော်တိုက်ခိုက်မှုကို ခံခဲ့ရတဲ့ ဂါဇာဒေသ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းအတွက်လည်း ကျွန်တော်တို့ ဆွေးနွေးခဲ့ကြပါတယ်” ဟု ဖာတာကိုယ်စားလှယ်အဖွဲ့မှ ခေါင်းဆောင် အာဇတ်အလ် အဟ်မဒ်က ပြောကြားခဲ့သည်။

သို့သော်လည်း ထိုသဘောတူညီချက်တွင် ဂါဇာဒေသ လုံခြုံရေးကဏ္ဍမှာ အခက်အခဲဆုံး ကိစ္စတစ်ခုဖြစ်ခဲ့သည်။ ဟားမက်စ်အဖွဲ့ကမူ ဂါဇာဒေသလုံခြုံရေးအတွက် အဘတ်စ်ဦးဆောင်သည့် ပါလက်စတိုင်းအာဏာပိုင်းများမှ လုံခြုံရေးတပ်ဖွဲ့များကို လက်ခံရန် အဆင်သင့်ဖြစ်နေသည်ဟု စောစောပိုင်းက ပြောကြားခဲ့သည်။

ဂါဇာရှိ လူနေအိမ်များ၊ ပြန်လည်တည်ဆောက်ခြင်းအတွက် ကန်ဒေါ်လာ ၂.၅ ဘီလီယံ၊ စွမ်းအင်ကဏ္ဍအတွက် သန်း ၂၅၀ အပါအ၀င် ဂါဇာဒေသ ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများ အတွက် စုစုပေါင်း ကန်ဒေါ်လာ ၇.၈ ဘီလီယံ ကုန်ကျမည်ဟု ပါလက်စတိုင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

ref_ Al Jazeera and agencies




Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...