Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

အလ်-အက်ဆွာသို့ ၀င်ရောက်ခွင့် ပိတ်ပင်ထားမှု အစ္စရေးရုပ်သိမ်း

$
0
0

နိုဝင်ဘာ ၁၄ ၊ ၂၀၁၄
M-Media
201442859587734_20
– ပါလက်စတိုင်းပိုင် အရှေ့ဂျေရုစလင်ရှိ အလ်-အက်ဆွာ ဗလီဝတ်ကျောင်းတော်သို့ ပါလက်စတိုင်းများ ၀င်ရောက်ခွင့် ပိတ်ပင်ထားမှုအား အစ္စရေးက ရုပ်သိမ်းခဲ့သည်ဟု သိရသည်။

ဗုဒ္ဓဟူးနေ့က အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနှင့် ဂျော်ဒန်ဘုရင် အဘ်ဒူလာ ၂ တို့၏ ဆွေးနွေးမှု အတွင်း အလ်-အက်ဆွာ ဗလီဝတ်ကျောင်းတော်၏ လက်ရှိအခြေအနေကို ထိန်းသိမ်းထားရန် ထိုကဲ့သို့ သဘောတူညီခဲ့ခြင်းဖြစ်သည်ဟု ထိုဆွေးနွေးပွဲတွင် ပါဝင်ခဲ့သည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ပြောကြားခဲ့သည်။

ထို့ပြင် အစ္စရေးနှင့်ဂျော်ဒန်တို့မှာ တင်းမာနေသောအခြေအနေများကို လျော့ချရန်နှင့် ယုံကြည်မှု ပြန်လည်တည်ဆောက်ရန်အတွက်လည်း သဘောတူညီခဲ့ကြသည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

အလ်-အက်ဆွာဗလီဝတ်ကျောင်းတော်ရှိသည့် ဂျေရုစလင်အရှေ့ပိုင်းအား ပါလက်စတိုင်း ပိုင်နက်အဖြစ် ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာအသိုင်းအ၀ိုင်းက သတ်မှတ်ပေးထားသော်လည်း အစ္စရေးမှာ ထိုဒေသအား ပိတ်ဆို့ထားသည်။

ထို့ပြင် အဆိုပါ ဗလီဝတ်ကျောင်းတော်အား ပါလက်စတိုင်းများဝင်ရောက်ခွင့်ကို ကန့်သတ်ထားသောကြောင့် ပြီးခဲ့သည့် သီတင်းပတ်အနည်းငယ်မှစ၍ ပါလက်စတိုင်းများက ဆန္ဒပြခဲ့ကြပြီး အစ္စရေးစစ်သားများက အင်အားသုံးနှိမ်နင်းခဲ့ကာ တင်းမာမှုများမှာ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

ref_ Al Jazeera and agencies


Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...