Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

မန်ယူအသင်း ခေါင်းဆောင်ဟောင်း ရွိုင်ကိန်း ပရိတ်သတ်နှင့် ပြဿနာဖြစ်ပြန်

$
0
0

နိုဝင်ဘာ ၁၄ ၊ ၂၀၁၄
M-Media
Roy-Keane-Main
– မန်ယူအသင်းခေါင်းဆောင်ဖြစ်ပြီး ဒေါသကြီးရာတွင် နာမည်ကျော်သည့် ရွိုင်ကိန်းမှာ ဒက်ဘလင်မြို့ရှိ ဟိုတယ်တစ်ခုတွင် ပရိတ်သတ်တစ်ယောက်နှင့် ယမန်နေ့က ပြဿနာဖြစ်ပွားခဲ့သည်ဟု သိရသည်။

အိုင်ယာန်လန်အသင်း လေ့ကျင့်ရေးကွင်းအနီးရှိ အသင်းသားများ တည်းခိုရာ Portmarnock ဟိုတယ်တွင် ရွိုင်ကင်း၏ အထုပ္ပတ္တိကို ဖတ်နေသော ပရိတ်သတ်တစ်ဦးက ရွိုင်ကင်းအား စာအုပ်တွင် လက်မှတ်ထိုးပေးရန် တောင်းဆိုရာမှ ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အခင်းဖြစ်ပွားချိန်တွင် ထိုဟိုတယ်အတွင်း၌ ရှိနေခဲ့သူ တစ်ဦးကမူ ထိုပရိတ်သတ်၏ လက်မှတ်ထိုးရန် တောင်းဆိုမှုကို ရွိုင်းကင်းက ငြင်းဆိုခဲ့ရာမှ စကားများကာ ပြဿနာဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိုပရိတ်သတ်အား အရေးပေါ်ကားခေါ်၍ ဆေးရုံသို့ ပို့လိုက်ရသည်ဟု ပြောကြားခဲ့သည်။

အိုင်ယာလန် ဘောလုံးအဖွဲ့ချုပ် FAI ကလည်း ထိုအဖြစ်အပျက် ဖြစ်ပွားခဲ့သည်ကို အတည်ပြုခဲ့သည်။

“အိုင်ယာလန်အသင်း နည်းပြ မာတင်အိုနေးလ်နဲ့ အိုင်ယာလန်ဘောလုံးအဖွဲ့ချုပ်တို့ဟာ ဒီအဖြစ်အပျက်ဖြစ်ပွားခဲ့တဲ့ အကြောင်းအရင်းတွေအားလုံးကို သိရှိထားပြီး လက်ထောက်နည်းပြ (ရွိုင်ကိန်း) ကိုလည်း အပြည့်အ၀ ထောက်ခံမှု ပေးထားပါတယ်” ဟု FAI မှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

အိုယာလန်မှာ ယူရို ၂၀၁၆ ခြေစစ်ပွဲအဖြစ် စကော့တလန်အသင်းနှင့် ယနေ့တွင် ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။

ရွိုင်ကိန်းမှာ ယခင်ကလည်း ထိုကဲ့သို့ ပြဿနာများဖြစ်ဖူးပြီး မန်ယူအသင်းတွင်ကစားစဉ် ရာသီအကြို အာရှခြေစမ်းပွဲသွားရာ၌ အသင်းရှိ ဂိုးသမား ပီတာရှမိုက်ကယ်နှင့် ပြဿနာ ဖြစ်ပွားခဲ့ဖူးသည်ဟု ၎င်း၏ ကိုယ်ပိုင်ရေးအထုပ္ပတ္တိတွင် ဖွင့်ဟထားသည်။

ref_ The Mirror




Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...