Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

ကမ္ဘာ့အကောင်းဆုံး ဆန်ဆု ကမ္ဘောဒီးယားနှင့် ထိုင်းတို့မှ ရရှိ

$
0
0

နိုဝင်ဘာ ၂၀ ၊ ၂၀၁၄
M-Media
133802886_14164726261451n
– ယနေ့နံနက်ပိုင်း ဗီယက်နမ်နိုင်ငံ ဖနွမ်းပင်မြို့တွင် ပြုလုပ်ခဲ့သည့် ၆ ကြိမ်မြောက် ကမ္ဘာ့ဆန်ညီလာခံတွင် အကောင်းဆုံးဆန်အတွက် ပေးအပ်သောဆုအား ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့မှ ရရှိခဲ့သည်ဟု သိရသည်။

ကမ္ဘာ့အကောင်းဆုံးဆန်ဆုအတွက် ကမ္ဘောဒီးယား၊ ထိုင်း။ ဗီယက်နမ်၊ အိန္ဒိယ၊ မြန်မာနှင့် အမေရိကန်ပြည်ထောင်စုအပါအ၀င် နိုင်ငံပေါင်း ၁၅ နိုင်ငံမှ ဆန်နမူနာများပေးအပ်ကာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်ဟု အဆိုပါပြိုင်ပွဲကို စီစဉ်ကျင်းပသော ဆန်ကုန်သည်ကြီးများအသင်းမှ ဥက္ကဌနှင့် အမှုဆောင်အရာရှိ ဂျယ်ရီမီ ဇွင်ဂါက ပြောကြားခဲ့သည်။

အကောင်းဆုံးဆန်ဆုအတွက် ဆန်၏ အရောင်းအဆင်း၊ ပုံစံနှင့် အရသာတို့အပေါ် အဓိကထားကာ ရွေးချယ်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့မှ မွှေးရနံ့သင်းသော ဆန်များက ရရှိသွားခဲ့ခြင်းဖြစ်သည်။

ကမ္ဘောဒီးယားမှ အဆိုပါဆန်မှာ သုံးနှစ်ဆက်တိုက် ထိုဆုအား ရရှိခဲ့ခြင်းဖြစ်သည်ဟု ကမ္ဘောဒီယား ဆန်စပါးအသင်းမှ ဥက္ကဌဖြစ်သူ ဆွတ် ပူသီဗက်သ်က ပြောကြားခဲ့သည်။

“ကမ္ဘောဒီးယား ဆန်ထုတ်လုပ်မှုလုပ်ငန်းအတွက် နောက်ထပ် သမိုင်းမှတ်တိုင်တစ်ခုပါပဲ။ ဒီဆုဟာ ကျွန်တော်တို့ဆန်ရဲ့ အရည်အသွေးမြင့်မား မှုကို ရောင်ပြန်ဟပ်စေတာဖြစ်ပြီး ကျွန်တော်တို့နိုင်ငံက ဆန်ကို နိုင်ငံတကာက ပိုပြီး သိလာလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ပူသီဗက်သ်က ဆိုသည်။

ဆုရသွားခဲ့သည့်ထိုင်းဆန်မှာ “စံပယ်ညို” ဆန်ဖြစ်ပြီး မိမိတို့နိုင်ငံမှာ ကမ္ဘာ့အကြီးဆုံး ဆန်တင်ပို့သည့်နိုင်ငံဖြစ်ကာ မိမိတို့၏ ဆန်အရည်အသွေးကို နိုင်ငံတကာက အသိအမှတ်ပြုကြသည်ဟု ထိုင်း ဆန်တင်ပို့သူများအသင်းမှ ဥက္ကဌ ချိုကီယက် အိုဖက်စ်ဝွန်ဆီက့ ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံမှာ ယခုလက်ရှိတွင် ကြိတ်ခွဲပြီး ဆန်တန်ချိန် ၈ သန်းခန့် နိုင်ငံခြားသို့ တင်ပို့ပြီး ဖြစ်ပြီး ယခုနှစ်အကုန်တွင် ၁၀.၅ သန်း တင်ပို့နိုင်ရန် မျှော်လင့်ထားသည်။ ကမ္ဘောဒီးယားနိုင်ငံကမူ ယခုနှစ် ၁၀ လပိုင်းအကုန်အထိ ဆန်တန်ချိန် ၃၀၄၇၈၈ တန် တင်ပို့ထားပြီး ၀င်ငွေ ကန်ဒေါ်လာ သန်း ၁၈၀ ခန့် ရရှိထားသည်။

ref_ ဆင်ဟွာ




Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...