Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

မယ်ကမ္ဘာပြိုင်ပွဲ ဝင်မည့် ဟွန်ဒူးရပ်စ် အလှမယ် အသတ်ခံရ

$
0
0

နိုဝင်ဘာ ၂၀ ၊ ၂၀၁၄
M-Media
Miss Honduras shot dead 'after fleeing sister's boyfriend'
– လန်ဒန်တွင်ပြုလုပ်မည့် မယ်ကမ္ဘာပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်မည့် ဟွန်ဒူးရပ်စ်အလှမယ် မာရီယာ ဂျိုဆေး အလ်ဗာရိုနှင့် အမဖြစ်သူတို့မှာ ပါတီတစ်ခုတွင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်ဟု သိရသည်။

အသက် ၁၉ နှစ်အရွယ်ရှိ အလ်ဗာရိုနှင့် အသက် ၂၃ နှစ်အရွယ်ရှိ အမဖြစ်သူ ဆိုဖီယာ ထရိနီဒတ်တို့မှာ လွန်ခဲ့သည့် ၆ ရက်က ပါတီတစ်ခုသို့အသွားတွင် ပျောက်ဆုံးသွားခဲ့သည်။ ထို့ကြောင့် တာဝန်ရှိသူများက လိုက်လံရှာဖွေခဲ့ရာ မတည်ငြိမ်မှုများ ဖြစ်ပွားတတ်သည့် နိုင်ငံအနောက်မြောက်ပိုင်း အာရာဒါမြို့ရှိ Aguagual မြစ်ကမ်းနံဘေးတွင် ၎င်းတို့၏ အလောင်းများအား မြှုပ်နှံထားသည်ကို တွေ့ရှိခဲ့ရသည်။

ဟွန်ဒူးရပ်စ်သတင်းစာ La Prensa ကမူ အလ်ဗာရိုတို့နှစ်ဦးမှာ ပါတီသို့သွားရောက်ပြီးနောက် ထရီနီဒက်မှာ အခြားအမျိုးသားတစ်ဦးနှင့် တွဲကနေသည်ကို ၎င်း၏ ချစ်သူ ပလူတာကို ရူအစ်ဇ်က တွေ့မြင်ခဲ့ရာ သ၀န်တိုပြီး ထရီဒက်၏ ဦးခေါင်းအား သေနတ်ဖြင့် ပစ်သတ်ခဲ့ကာ၊ အလ်ဗာရိုက ထွက်ပြေးမည်ပြုရာ ရူအစ်ဇ်က နောက်ကျောသို့ သေနတ်ဖြင့် ၂ ချက် ထပ်ပစ်ခဲ့သည်ဟု ရေးသားဖော်ပြခဲ့သည်။

ရဲတပ်ဖွဲ့ဝင်များမှာ ရူအစ်ဇ်ကို အောက်တိုဘာ ၁၈ ရက် အင်္ဂါနေ့က ဖမ်းဆီးခဲ့ပြီး Colt 45 ပစ္စတိုနှင့် ကားနှစ်စီးကိုလည်း သိမ်းဆည်းခဲ့သည်။ ဟွန်ဒူးရပ်စ် လုံခြုံရေးဝန်ကြီး အာတူရို ကော်ရေးလ်စ်ကမူ ရူအစ်ဇ်မှာ ထိုရာဇ၀တ်မှု၏ နောက်ကွယ်တွင်ရှိသည်ကို သံသယဖြစ်စရာမလိုဘဲ ၎င်းအား အခြားအမျိုးသားတစ်ဦးက ကူညီပေးခဲ့သည်ဟု ပြောကြားခဲ့သည်။

“ရူအစ်ဇ်က ဒီရာဇ၀တ်မှုကို ကိုယ်ထိလက်ရောက် ဦးဆောင်တယ်လို့ ကျွန်တော်တို့ထင်ပါတယ်” ဟု ကော်ရေးလ်စ်က ဆိုသည်။

ပစ်ခတ်မှုကို ဖုံးကွယ်ပေးသူများ၊ အလောင်းအား သယ်ဆောင်သွားပြီး မြှုပ်နှံခဲ့သည့် ပစ်ကတ်ကားအား သန့်ရှင်းရေးပြုလုပ်ကာ ဆေးသုတ်ပေးသူများ အပါအ၀င် ထိုအမှုတွင် ပါဝင်သည်ဟု သံသယရှိသူများကို ရဲတပ်ဖွဲ့က ဆက်လက် စုံစမ်းစစ်ဆးလျက်ရှိနေသည်။


Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...