Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

ယခုနှစ် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု မက်ဆီ၊ ရော်နယ်ဒိုတို့နှင့် မထိုက်တန်ဟု ဗန်ဂါးလ်ပြော

$
0
0

နိုဝင်ဘာ ၂၀ ၊ ၂၀၁၄
M-Media
Argentina vs Portugal - International Friendly
– ယခုနှစ် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု Ballon d’Or ဆုကို မက်ဆီနှင့် ရော်နယ်ဒိုတို့က ရရှိမည်မဟုတ်ဘဲ ကမ္ဘာ့ဖလားချန်ပီယံ ဂျာမနီအသင်းမှ ကစားသမားများကသာ ရရှိလိမ့်မည်ဟု မန်ယူနည်းပြ ဗန်ဂါးလ်က ပြောကြားလိုက်သည်။

စကာတင်စာရင်းတွင် Ballon d’Or လေးကြိမ်ရ မက်ဆီ၊ ယမန်နှစ်ဆုရှင် ရော်နယ်ဒိုတို့နှင့်အတူ ကမ္ဘာ့ဖလားဗိုလ်စွဲခဲ့သည့် ဂျာမနီအသင်းမှ ကစားသမား ၆ ဦးပါဝင်နေပြီး မက်ဆီ၊ ရော်နယ်ဒိုတို့ကသာ ထိုဆုရရှိရန် ရေပန်းစားနေသည်။

သို့သော်လည်း ဗန်ဂါးလ်ကမူ တိုနီကရုစ်၊ ဖိလစ်လမ်း၊ သောမတ်စ်မူလာ၊ မန်နျူယဲလ်နျူအာ၊ ရှဝိုင်းစတိုင်ဂါနှင့် မာရီယိုဂေါ့ဇီတို့ထဲမှ တစ်ဦးဦးကသာ ထိုဆုနှင့် ထိုက်တန်သည်ဟု ဆိုသည်။

“ကျော်ကြားတဲ့ ကစားသမားတွေကသာ (Ballon d’Or) ကို အများဆုံး ရရှိခဲ့တာပါ။ ဗိုလ်စွဲဖို့ အကောင်းဆုံးက ကမ္ဘာ့ဖလားပါ။ ကျွန်တော်ကတော့ (Ballon d’Orဆု ရမယ့်သူဟာ) ဂျာမန်ကစားသမားတစ်ယောက် ဖြစ်မယ်လို့ မျှော်လင့်ပြီး သူတို့ဟာ တိုက်တန်ပါတယ်။ ဘွန်ဒစ်လီဂါပွဲတွေရဲ့အဆင့်အတန်းဟာလည်း အရမ်းမြင့်မားပါတယ်။ ဒ့ါကြောင့် ကျွန်တော်ကတော့ ဂျာမနီကစားသမားဖြစ်မယ်လို့ ထင်ပါတယ်” ဟု MUTV သို့ ပြောကြားခဲ့သည်။

ရော်နယ်ဒိုမှာ ရီးယဲလ်မက်ဒရစ်နှင့် ခြေစွမ်းပြနိုင်ခဲ့သော်လည်း ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပေါ်တူဂီအသင်းနှင့် စွဲမက်ဖွယ်ခြေစွမ်းများ ပြသနိုင်ခြင်း မရှိခဲ့ချေ။ ကမ္ဘာဖလားဗိုလ်လုပွဲရောက်ခဲ့သည့် အာဂျင်တီးနားအသင်း၏ အဓိကကစားသမားဖြစ်ခဲ့သူ မက်ဆီမှာ ပြိုင်ပွဲအပြီးတွင် ရွှေဘောလုံးဆု ရရှိခဲ့သည်။




Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...