Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

သီရိလင်္ကာတွင် တမီလ်လူမျိုးတစ်ဦး တရားရေးအကြီးအကဲဖြစ်လာ

$
0
0

ဇန်န၀ါရီ ၃၁၊ ၂၀၁၅
M-Media

sri

– ယခုလစောပိုင်းတွင် အာဏာရရှိခဲ့သည့် သီရိလင်္ကာသမ္မတသစ် မိုင်သရီပါလာ ဆရီစီနာက နိုင်ငံ၏ တရားရေးအကြီးအကဲအဖြစ် လူနည်းစုတမီလ်လူမျိုးထဲမှ တရားသူကြီတစ်ဦးကို ခန့်အပ်ခဲ့သည်ဟု သိရသည်။

တရားရေးအကြီးအကဲအဖြစ် ခန့်အပ်ခြင်းခံရသူမှာ အသက် ၆၂ နှစ်အရွယ် တမီလ်လူမျိုး ကာနာဂါဆာဘာပက်သီ ဆရီပါဝမ်ဖြစ်ပြီး ယမန်နေ့တွင် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။ ဆရီပါဝမ်မှာ နှစ်ပေါင်း ၂၀ ကျော်အတွင်း နိုင်ငံ၏ ထိုကဲ့သို့ အမြင့်ဆုံးရာထူး၌ တာဝန်ထမ်းဆောင်သည့် ပထမဆုံး တမီလ်လူမျိုးလည်း ဖြစ်လာမည်ဖြစ်သည်။

`တရားရေးအကြီးအကဲ ဆရီပါဝမ်ဟာ သမ္မတ ဆရီစီနာရဲ့ အရှေ့မှာ ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပြီးပါပြီ´ ဟု သမ္မတရုံးအတွင်းဝန်၏ ကြေညာချက်တွင် ဖော်ပြထားသည်။

တရားရေးအကြီးအကဲအဖြစ် တမီလ်လူမျိုးအား ခန့်အပ်ခဲ့ခြင်းမှာ ၃၇ နှစ်ကြာ စစ်ပွဲပြီးနောက် နိုင်ငံ၏ အကြီးဆုံး လူနည်းစုဖြစ်သည့် တမီလ်လူမျိုးများနှင့် ဆက်ဆံရေးပြန်လည်ကောင်းမွန်ရန် သီရိလင်္ကာခေါင်းဆောင်ပိုင်း၏ ကြိုးပမ်းမှုလည်းဖြစ်သည်။

တရားရေးဌာန အကြီးအကဲဟောင်းမှာ ဘန်ဒရာနာယက်ဖြစ်ပြီး ၎င်းအား ချစားမှုစွဲချက်ဖြင့် ယခင်သမ္မတဟောင်း ရာဂျာပက်ဆာက ရာထူးမှ ထုတ်ပယ်ထားခြင်းဖြစ်သည်။ သူမမှာ သမ္မတသစ်လက်ထက်တွင် ပြန်လည်တာဝန်ထမ်းဆောင်ခဲ့ပြီး ဗုဒ္ဓဟူးနေ့က တရားဝင်ရာထူး ရယူခဲ့သော်လည်း တစ်ရက်သာခံခဲ့ပြီး ကြာသာပတေးနေ့တွင် ရာထူးမှ ဆင်းပေးခဲ့ရသည်။

လူများစု ဆင်ဟာလီများကြီးစိုးသည့် ဆရီစီနာ အစိုးရမှာ နိုင်ငံအတွင်းရှိ တမီလ်လူနည်းစုများနှင့် ပြန်လည်ရင်ကြားစေ့ရေး လုပ်ငန်းများကို လုပ်ဆောင်မည်ဟု ကတိပြုထားသည်။ တမီလ်လူမျိုးများမှာ ၁၉၇၂ ခုနှစ်မှစ၍ လက်နက်ကိုင်ကာ ခွဲထွက်ရေးအတွက် ဆောင်ရွက်ခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် အစိုးရတပ်များက အမြစ်ဖြတ်ချေမှုန်းနိုင်ခဲ့သည်။ ၃၇ နှစ်တာကြာမြင့်ခဲ့သည့် ထိုကာလအတွင်း အနည်းဆုံး လူပေါင်း ၁ သိန်းခန့် အသက်ဆုံးရှုံးခဲ့ရသည်။

သီရိလင်္ကာ တရားရေးအကြီးအကဲအဖြစ် နောက်ဆုံး တာဝန်ထမ်းဆောင်ခဲ့သူ တမီလ်လူမျိုးမှာ ဟာရ်ဘတ် သမ်ဘီယာဖြစ်ပြီး ၁၉၉၁ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။

Ref: aljazeera


Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...