Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

သြစတေးလျဘောလုံးအသင်း အာရှဖလားကို ပထမဆုံးအကြိမ် ဆွတ်ခူး

$
0
0

ဇန်န၀ါရီ ၃၁၊ ၂၀၁၅
M-Media

aus

– ယနေ့ညနေက ကစားခဲ့သော အာရှဖလားနောက်ဆုံးဗိုလ်လုပွဲတွင် အိမ်ရှင် သြစတေးလျအသင်းက တောင်ကိုရီးယားအသင်းကို ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ကစားပြီး ပထမဆုံးအာရှဖလားကို ဆွတ်ခူးနိုင်ခဲ့သည်။

ဆစ်ဒနီတွင်ကစားခဲ့သည့် အဆိုပါပွဲမှာ အကြိတ်အနယ်ရှိခဲ့ပြီး ပထမပိုင်း ၄၅ မိနစ်တွင် လူအွန်ဂိုက အိမ်ရှင်အသင်းအတွက် ဦးဆောင်ဂိုးသွင်းပေးခဲ့သည်။ ထို့နောက် တောင်ကိုရီးယားဘက်ကလည်း ချေပဂိုးရရန် ကြိုးစားခဲ့ပြီး ဂိုးသွင်းခွင့်အချို့ ရခဲ့သော်လည်း လိုအပ်နေသည့် ချေပဂိုးကို ဒုတိယပိုင်း နာကျင်အချိန်ပိုတွင်မှ ဟွန်မင်ဆန်က သွင်းယူပေးနိုင်ခဲ့သည်။

ပွဲအပြီး အချိန်ပိုဆက်လက်ကစားခဲ့ရာ ၁၀၅ မိနစ်တွင် ထရိုအီစီက သြစတေးလျအတွက် အဖိုးတန်အနိုင်ဂိုး သွင်းပေးခဲ့ပြီး မိမိကွင်း၊ မိမိပရိတ်သတ်ရှေ့မှောက်တွင် အာရှဖလားကို ပထမဆုံးအကြိမ် ဆွတ်ခူးနိုင်ခဲ့သည်။

`လူတိုင်းလူတိုင်း အင်မတန်ကောင်းတဲ့ အားထုတ်မှုတွေ လုပ်ခဲ့ပါတယ်။ နောက်ဆုံးဗိုလ်လုပွဲက လွယ်ကူခဲ့တာတော့ မဟုတ်ပါဘူး။ ခက်ခဲတယ်။ အကြိမ်ကြိမ်ကြိုးစားခဲ့ရပြီး ကစားသမားတွေပြသတဲ့ သတ္တိကတော့ အံမခန်းပါပဲ´ ဟု သြစတေးလျနည်းပြ အန်ဂီ ပေါ့စ်တီကော့ဂ်လူက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

သြစေတးလျမှာ ၂၀၁၁ ခုနှစ် အာရှဖလားပွဲတွင် ဒုတိယဖြင့်သာ ကျေနပ်ခဲ့ရသည်။

Ref:channelnewsasia




Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...