Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

ဒူဘိုင်း၌ ယခုနှစ်အတွင်း အစ္စလာမ်ကို သက်ဝင်ယုံကြည်သူ လူမျိုးပေါင်းစုံ ၁၄၀၀ ကျော်ရှိ

$
0
0

စက်တင်ဘာ ၄၊ ၂၀၁၅
M-Media

dubai

– ယခုနှစ်အတွင်း ဒူဘိုင်းအစ္စလာမ့် သတင်းအချက်အလက်စင်တာ ဒါရ်အလ်ဘာရ်တွင် အစ္စလာမ်သို့ ပြောင်းလဲသက်ဝင်ခဲ့သူ နိုင်ငံခြားသား တစ်ထောင်ကျော်ရှိခဲ့ပြီး ထိုအထဲမှ ရာပေါင်းမျာစွာမှာ ပြီးခဲ့သည့် ရမ်ဇာန်ဥပုသ်လတွင် သက်ဝင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

“စင်တာဟာ အဖ်သာရ်ဝါဖြေပွဲတွေလုပ်ပြီး လူ ၆၁၀၀ လောက်ကို ဧည့်ခံကျွေးမွေးခဲ့ပါတယ်။ အစီအစဉ်နဲ့ လှုပ်ရှား ၁၇ ခုကိုလည်း လုပ်ခဲ့ပါတယ်။ ပြီးတော့ ဒီမြင့်မြတ်တဲ့ ရမ်ဇာန်လမှာ လက်ကမ်းစာစောင်ပေါင်း ၇၆၁၀၀ ကိုလည်း ဝေငှခဲ့ပါတယ်” ဟု အစ္စလာမ့်သတင်းအချက်အလက်စင်တာမှ မန်နေဂျာဖြစ်သူ ရာရှစ် အလ်-ဂျူနိုက်ဘီက Khaleej Times သတင်းစာသို့ စက်တင်ဘာ ၂ ရက်နေ့တွင် ပြောကြားခဲ့သည်။

ဒါရ်အလ်ဘာရ်စင်တာမှ ထုတ်ပြန်သော အချက်အလက်များအရ ယခုနှစ်အတွင်း အစ္စလာမ်ကို ပြောင်းလဲသက်ဝင်ခဲ့သူများမှာ ၁၄၆၀ ကျော်ရှိပြီး နိုင်ငံပေါင်းစုံမှ လူမျိုးပေါင်းစုံဖြစ်သည်ဟု ဆိုသည်။

အလ်ဂျူနိုက်ဘီကမူ မိမိတို့စင်တာမှာ ဟောပြောပို့ချချက်ပေါင်း ၂၂၁၃ ခု၊ စီဒီပေါင်း ၇၂၉၆၈၉ ချပ် တို့မှတစ်ဆင့် အစ္စလာမ်၏ စစ်မှန်သော သင်ကြားမှုများကို မိတ်ဆက်ပို့ချပေးခဲ့သည်ဟု ဆိုသည်။ ထို့ပြင် ဧည့်သည်များအတွက် ဟောပြာပို့ချချက်နှင့် သင်ကြားမှုအတန်းပေါင်း ၂၂၃ ခုကို စီစဉ်ပေးခဲ့ပြီး စင်တာသို့လာရောက်၍ အစ္စလာမ်အကြောင်း လေ့လာကြသူများမှာ နေ့စဉ် ရာနှင့်ချီ၍ ရှိသည်ဟု
ပြောကြားခဲ့သည်။

“ဒူဘိုင်းတရားရုံး၊ အစ္စလာမ့်ရေးရာနဲ့ ပရဟိတဌာနတို့က မှန်ကန်ကြောင်း အသိအမှတ်ပြုပေးတဲ့ အသိအမှတ်ပြုလက်မှတ်ပေါင်း ၇၆၇ ခုကို ကျွန်တော်တို့ ထုတ်ပေးပြီးပါပြီ။ ပြီးတော့ သစ်လွင်မွတ်စလင်တွေအတွက်လည်း ပို့ချမှုတော်တော်များများကို စီစဉ်ဆောင်ရွက်ခဲ့ပါတယ်” ဟု အလ်- ဂျူနိုက်ဘီက ထပ်လောင်းပြောကြားခဲ့သည်။

ဒါရ်အလ်ဘာရ်စင်တာမှာ စိတ်ဝင်စားသူများကို နေ့စဉ် ကြိုဆိုလျက်ရှိနေပြီး သစ်လွင်မွတ်စလင်များ၊ နိုင်ငံရပ်ခြားမှလာရောက်ကြသည့် အစ္စလာမ်ဘာသာဝင်များ၏ ကလေးများအတွက် အတန်းများ၊ လှုပ်ရှားမှုလည်း ဖွင့်လှစ်ဆောင်ရွက်ပေးနေကာ၊ အစ္စလာမ်နှင့်ပတ်သက်သည့် စာအုပ်စာတမ်းများကိုလည်း အခမဲ့ ရိုက်နှိပ်ဖြန့်ချီလျက်ရှိသည်။

လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ က စတင်တည်ထောင်ခဲ့သော အဆိုပါစင်တာတွင် နိုင်ငံပေါင်း ၂၀၀ ကျော်မှ လူမျိုးပေါင်းစုံ ၂၀၀၀၀ ခန့်မှာ အစ္စလာမ်သို့ သက်ဝင်ယုံကြည်ခဲ့ကြသည်။

၂၀၁၃ ခုနှစ်တွင် ဒါရ်အလ်ဘာရ်စင်တာ၌ အစ္စလာမ်သို့ ပြောင်းလဲသက်ဝင်သူအရေအတွက်မှာ ၂၁၁၅ ဦးရှိပြီး၊ ၂၀၁၂ ခုနှစ်တွင် ၁၉၀၇ ဦး ရှိခဲ့သည်။ ၂၀၁၁ တွင်မူ ၁၃၈၀ ဦး၊ ၂၀၁၀ တွင် ၁၅၀၀ ဦး၊ ၂၀၀၉ ခုနှစ်တွင် ၁၀၅၉ ဦး အသီးသီးရှိခဲ့ကြသည်။

Ref: Onislam




Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...