Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

ဝေးလ်၏ ယူရိုမျှော်လင့်ချက် ပိုကောင်းလာမှုအတွက် တိုက်စစ်မှူးဘေးလ် ချီးကျူး

$
0
0

စက်တင်ဘာ ၄၊ ၂၀၁၅
M-Media

bale

– ဆိုက်ပရက်စ်အသင်းအား အနိုင်ရခဲ့ကာ ယူရိုခြေစစ်ပွဲအောင်မြင်ရန် အလားအလာ ပိုကောင်းလာသည့်အတွက် စိတ်သက်သာရာ ရမိသည်ဟု ဝေးလ်တိုက်စစ်မှူး ဂါရက်ဘေးလ်က ပြောကြားလိုက်ပြီး အသင်းဖော်များကိုလည်း ချီးကျူးလိုက်သည်။

ယမန်နေ့က ကစားခဲ့သည့် ယူရို ၂၀၁၆ ခြေစစ်ပွဲတွင် ဝေးလ်မှာ ဆိုက်ပရက်စ်အသင်းအား ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး ဂါရက်ဘေးလ်က အဆိုပါအနိုင်ဂိုးကို ခေါင်းဖြင့် လှပစွာ သွင်းယူပေးခဲ့သည်။ ထိုပွဲအနိုင်ကြောင့် တနင်္ဂနွေနေ့တွင် ကစားမည့် အစ္စရေးနှင့်ပွဲတွင် အနိုင်ရပါက ယူရိုခြေစစ်ပွဲ အောင်မြင်မည်ဖြစ်ကာ ၁၉၅၈ ခုနှစ်နောက်ပိုင်း နိုင်ငံတကာ အဓိကပြိုင်ပွဲတစ်ခုကို ပထမဆုံးအကြိမ်အဖြစ် ၀င်ခွင့်ရမည်ဖြစ်သည်။

ထို့ပြင် ထိုပွဲအနိုင်ကြောင့် ဝေးလ်မှာ ဖီဖာ၏ ကမ္ဘာ့အဆင့် ရပ်တည်ချက်တွင် သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် အင်္ဂလန်အသင်းအား ကျော်ဖြတ်နိုင်ခဲ့သည်။ ဘေးလ်ကမူ ဆိုက်ပရက်စ်နှင့်ပွဲမှာ မိမိတို့အတွက် စမ်းသပ်မှုဖြစ်ခဲ့ပြီး စိုစွတ်သော ရာသီဥတု အခြေအနေကြောင့် ပိုမိုခက်ခဲခဲ့သည်ဟု ပြောကြားခဲ့သည်။

“(ဆိုက်ပရက်စ်နဲ့ပွဲဟာ) ခက်ခဲတယ်ဆိုတာထက်ကို ပိုပါတယ်။ ဒီမှာကစားရတာနဲ့ အရင်က ရလဒ်မကောင်းတာတွေဟာ အဓိကအားဖြင့် စိုစွတ်မှုကြောင့် ဖြစ်တယ်ဆိုတာကို ကျွန်တော်တို့ သိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့မှာ ဗျူဟာရှိပြီး အဲဒီအတိုင်း တိတိကျကျ ကစားခဲ့ပါတယ်။ ပြီးတော့ ကံလည်းကောင်းခဲ့ပြီး ဂိုးတစ်ဂိုးရခဲ့ပါတယ်။ အဲဒီဂိုးက ကြီးကျယ်တဲ့နေရာကို ပို့ဆောင်ပေးခဲ့ပါတယ်” ဟု
ဘေးလ်က Sky Sports သို့ ပြောကြားခဲ့သည်။

ထို့ပြင် မိမိအနေဖြင့် ထိုပွဲတွင် အကောင်းဆုံးပုံစံရခဲ့သည်ဟု မထင်ပဲ ကံကောင်း၍သာ မိမိ၏ ထိချက်က အရေးပါသည့် ၃ မှတ်ကို ရစေခဲ့သည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့ကာ တနင်္ဂနွေနေ့ အစ္စရေးနှင့်ပွဲအတွက် အသင်းမှာ အတူတကွရှိပြီး စိန်ခေါ်မှုအတွက်လည်း အဆင်သင့်ဖြစ်နေသည်ဟု ဆိုသည်။

“စမ်းသပ်မှုက လာနေပြီဆိုတာ ကျွန်တော်တို့ သိခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ပြောကြဆိုကြတာတွေအများကြီး ရှိနေပါတယ်။ ဘာလုပ်ရမလဲဆိုတာ ကျွန်တော်တို့ သိပါတယ်။ ကျွန်တော်တို့ဟာ တောင့်တင်းတဲ့အသင်းဖြစ်ပြီး ကျွန်တော်တို့ရဲ့ လုပ်နိုင်စွမ်းဟာ ဘာလဲဆိုတာကိုလည်း သိပါတယ်”

Ref: Goal




Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...