Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

မျိုးစောင့် ဥပဒေကို ပုပ်ရဟန်းမင်းကြီး၏ ကာဒီနယ် ချားလ်စ်မောင်ဘို ပြင်းပြင်းထန်ထန် ရှုတ်ချ

$
0
0

စက်တင်ဘာ ၁၁၊ ၂၀၁၅
M-Media

Myanmar's Cardinal

(Photo: Archdiocese of Yangon)

–  လူနည်းစု ဘာသာဝင်များအား ပစ်မှတ်ထားလာနိုင်သည့် အငြင်းပွားဖွယ် ဥပဒေ လေးခုကို ပြန်လည်သုံးသပ်ရန် မြန်မာနိုင်ငံမှ ကာဒီနယ် ဆရာတော် ချားလ်စ် မောင်ဘိုက တိုက်တွန်းလိုက်ပြီး၊ အဆိုပါ ဥပေဒက “စည်းလုံးသော မြန်မာနိုင်ငံဖြစ်ရေး အိပ်မက်ကို” ပျက်စီးစေလိမ့်မည်ဟု ပြောကြားလိုက်သည်။

စက်တင်ဘာ ၁၀ ရက်နေ့က ရေးသားပေးပို့ခဲ့သော မေတ္တာရပ်ခံချက်တွင် ဆရာတော်က အမျိုးစောင့် ဥပဒေဟု လူသိများသည့် ထိုဥပဒေများကို ရှုတ်ချခဲ့ခြင်းသည်။ လူ့အခွင့်အရေးအဖွဲ့များနှင့် ဘာသာရေးခေါင်းဆောင်များကမူ အဆိုပါဥပဒေအား ဗုဒ္ဓဘာသာဝင် အများစုရှိသည့် မြန်မာနိုင်ငံတွင် လူနည်းစု ဘာသာဝင်များကို နှိပ်ကွပ်ရန် အသုံးပြုမည်ကို စိုးရိမ်နေကြသည်။

“ကောင်းကျိုး မပေးတဲ့ ဒီဥပဒေတွေကို တရားဝင်ပြဌာန်းဖို့ ဘာသာရေး ခေါင်းဆောင်တစ်စုရဲ့ အတင်းအကျပ် တောင်းဆိုမှုကို လွှတ်တော်က ခံခဲ့ရပါတယ်။ ဒါဟာ စည်လုံးတဲ့ မြန်မာနိုင်ငံဖြစ်ရေး အိပ်မက်တွေ ပျက်သုဉ်း သွားတယ်လို့ ပြောလို့ရပါတယ်” ဟု ကာဒီနယ် ချားလ်စ်မောင်လဘိုက ပြင်းပြင်းထန်ထန် ပြောကြားခဲ့သည်။

“မြန်မာပြည်သူတွေက ရွေးကောက် တင်မြှောက်ထားတဲ့ သူတွေမဟုတ်ဘဲ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ဘာမှမဆိုင်တဲ့ အဆွယ်အပွား ပုဂ္ဂိုလ်တွေက အကြံပေးတဲ့ ဒီဥပဒေလေးခုဟာ အမွှေးအတောင်စုံတဲ့ ဒီမိုကရေစီအတွက် အန္တရာယ်ရှိတဲ့ ရှေ့ပြေးနိမိတ်ပါပဲ”

အဆိုပါ မျိုးစောင့်ဥပဒေလေးခုမှ နောက်ဆုံးတစ်ခုကို သမ္မတဦးသိန်းစိန်က သြဂုတ်လ ၃၁ ရက်နေ့တွင် လက်မှတ်ရေးထိုး အတည်ပြုခဲ့သည်။ ကန့်သတ်ချုပ်ချယ်မှုများ ပါရှိသည့် အဆိုပါ မျိုးစောင့်ဥပဒေကို မဘသဟုခေါ်သည့် သဘောထားတင်းမာသော ဘုန်းကြီးများအုပ်စုမှ စတင်အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်သည်။

image.adapt_.990.high_.myanmar_rohingya_monk_052815.1432895633375

လူ့အခွင့်အရေးအဖွဲ့များနှင့် ဘာသာရေးခေါင်းဆောင်များကမူ ထိုဥပေဒများကို မြန်မာနိုင်ငံရှိ မွတ်စလင်လူနည်းစုများ၊ အထူးသဖြင့် ငြှင်းပမ်းနှိပ်စက်ခံ ရိုဟင်ဂျာမွတ်စလင်များကို ပစ်မှတ်ထားရန် ရည်ရွယ်ကြိုးပမ်းမှုဖြစ်မည်ကို စိုးရိမ်နေကြသည်။

ယမန်နေ့ ကြေညာချက်တွင် ကာဒီနယ် ချားလ်စ်မောင်ဘိုက ထိုဥပဒေများမှာ ဆယ်စုနှစ်နှင့်ချီ၍ စစ်အုပ်ချုပ်ရေးအောက်တွင် သီးခြားဖြစ်နေမှုမှ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို ဆောင်ရွက်ခဲ့သည့် မြန်မာနိုင်ငံအတွက် ထင်ရှားသည့် နောက်ပြန်ဆုတ်မှု တစ်ခုဖြစ်သည်ဟု ဖော်ပြခဲ့သည်။

“ကျွန်တော်တို့က ငြိမ်းချမ်းရေးလို လိုတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးကို လိုအပ်တယ်။ နိုင်ငံသားတွေ အတွက် မျှော်လင့်ချက်ရှိတဲ့ တိုင်းပြည်အဖြစ် မျှဝေမှုနဲ့ ယုံကြည်မှုရှိတဲ့ အမှတ်သညာမျိုးကို ကျွန်တော်တို့ လိုပါတယ်။ ဒါပေမယ့် ဒီဥပဒေလေးခုက အဲဒီမျှော်လင့်ချက် အတွက် မရဏခေါင်းလောင်း ထိုးလိုက်သလိုပါပဲ”

ထို့ပြင် အနန္တစကြာဝဠာနှင့် အနန္တသတ္တ၀ါများအပေါ် မေတ္တာတရားနှင့် သနားကြင်နာမှုရှိရန် ဗုဒ္ဓ၏ သွန်သင်ဆုံးမမှုများမှာလည်း “အမုန်းဝါဒီများ” ၏ ခြိမ်းခြောက်မှုကို ခံနေရသည်ဟု ကာဒီနယ်က ထည့်သွင်းပြောကြားခဲ့သည်။

“ဗုဒ္ဓဘာသာရဲ့ သန့်ရှင်းတဲ့ပုံရိပ်နဲ့ ကမ္ဘာလုံးဆိုင်ရာ မေတ္တာတရားကို  ညှိုးနွမ်းစေတဲ့ ဘယ်လို ဆောင်ရွက်မှုမျိုးမဆို ကျွန်တော်တို့တိုင်းပြည်က ပြည်သူတွေအားလုံး ကာကွယ်ဖို့ လိုအပ်ပါတယ်”

ထိုဥပဒေများအား ပြန်လည်သုံးသပ်ရန်အတွက် ဆရာတော်က သမ္မတဦးသိန်းစိန်ကို တိုက်တွန်းခဲ့သည်။

“ဒီဥပဒေလေးခုက အမုန်းတရားရဲ့ ရလဒ်ပါပဲ။ ဆယ်စုနှစ်ချီမယ့် ပဋိပက္ခအတွက် အဆိပ်အတောက်အဖြစ်ပြောင်းသွားနိုင်တဲ့ ဒီဥပဒေတွေကို သုံးသပ်ဖို့ အုပ်ချုပ်သူတွေနဲ့ ရွေးကောက်တင်မြှောက်ခံထားရသူတွေကို ကျွန်တော်တို့ တိုက်တွန်းပါတယ်”

ref:Coconuts Yangon




Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...