Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

မက္ကာရှိ မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော်အတွင်း ကရိန်းလဲကျမှု လူ ၁၀၀ ကျော် သေဆုံး

$
0
0

စက်တင်ဘာ ၁၂၊ ၂၀၁၅
M-Media

sau

– ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့ရှိ မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော်အတွင်း ကရိန်းတစ်ခု ယမန်နေ့ ညနေပိုင်းက လဲကျခဲ့သောကြောင့် အနည်းဆုံး လူ ၁၀၀ ကျော် သေဆုံးခဲ့ပြီး ၂၀၀ ကျော်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

အဆိုပါ ကရိန်းမှာ ဗလီဝတ်ကျောင်းတော် ချဲ့ထွင်မွမ်းမံမှုများ လုပ်ဆောင်ရာတွင် အသုံးပြုသော ကရိန်းဖြစ်ပြီး မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် လေပြင်းတိုက်ခိုက်မှုကြောင် ယမန်နေ့ညနေ ဒေသစံတော်ချိန် ၅ နာရီခွဲခန့်က ဗလီဝတ်ကျောင်းတော်၏ တတိယထပ်သို့ လဲကျခဲ့ခြင်းဖြစ်သည်ဟု မျက်မြင်သက်သေများက ပြောကြားခဲ့သည်။

မက္ကာမြို့အုပ်ချုပ်ရေးမှူး မင်းသား ခါလစ်ဒ် အလ်-ဖိုင်ဆယ်မှာ အခင်းဖြစ်ပွားရာနေရာကို လာရောက်ကြည့်ရှုခဲ့ပြီး အဆိုပါ အဖြစ်အပျက်အတွက် ချက်ခြင်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် အမိန့်ပေးခဲ့သည်။ ဒဏ်ရာရရှိသူများကိုလည်း အကောင်းဆုံးကုသမှုပေးရန် မင်းသားက တိုက်တွန်းခဲ့ပြီး၊ စုံစမ်းစစ်ဆေးရေး အဖွဲ့တစ်ခုကို ဖွဲ့စည်းသွားမည်ဟု ပြောကြားခဲ့သည်။

သေဆုံးသူများမှာ အနည်းဆုံး ၁၀၇ ဦး ရှိခဲ့ပြီး ဒဏ်ရာရရှိသူများမှာလည်း ၂၃၈ ဦးရှိခဲ့ကာ မည်သည့်နိုင်ငံများမှ ဖြစ်သည်ကို ထုတ်ပြန်ခြင်း မရှိသေးပေ။ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်နှင့် မလေးရှားနိုင်ငံတို့ကမူ ဒဏ်ရာရရှိသူများတွင် ၎င်းတို့၏ နိုင်ငံသားများ ပါဝင်သည်ဟု ကြေညာထားသည်။

ကမ္ဘာတစ်ဝှမ်းမှ ရောက်ရှိလာကြမည့် ဟဂ်ျဘုရားဖူးခရီးသည်များ အဆင်ပြေစေရန်အတွက် ဆော်ဒီအစိုးရမှာ မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော်ကို လွန်ခဲ့သည့် နှစ်အနည်းငယ်ကတည်းက တိုးချဲ့မှုများ ပြုလုပ်ခဲ့သည်။

ယခုနှစ်ဟဂ်ျရာသီမှာ မကြာမီ ကျရောက်တော့မည်ဖြစ်ပြီး ယခုအဖြစ်အပျက်ကြောင့် ဟဂ်ျဘုရားဖူးခရီးသည်များ၏ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ပတ်သက်၍ စိုးရိမ်မှုများ မြင့်တက်လာခဲ့သည်။

Ref: Aljazeera




Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...