Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

တရုတ်နိုင်ငံမှ ဆိုက်ဘာတိုက်ခိုက်မှုမှာ လက်ခံနိုင်စရာမဟုတ်ဟု အိုဘားမားပြော

$
0
0

စက်တင်ဘာ ၁၂၊ ၂၀၁၅
M-Media

– တရုတ်နိုင်ငံမှ ဆိုက်ဘာတိုက်ခိုက်မှုများမှာ လက်ခံနိုင်စရာမဟုတ်ဟု အမေရိကန်သမ္မတ ဘာရက်အိုဘားမားက သတိပေး ပြောကြားလိုက်ပြီး တရုတ်သမ္မတ ဇီကျင်ပင်း အိမ်ဖြူတော်သို့ လာရောက် လည်ပတ်သည့်အချိန်တွင်လည်း ထိုကိစ္စကို ပြောကြားသွားမည်ဟု ဆိုသည်။

ယမန်နေ့က ယခုကဲ့သို့ သတိပေးလိုက်ခြင်းဖြစ်ပြီး ဆိုက်ဘာတိုက်ခိုက်မှု အရှိန်မြင့်လာခြင်းကို တားဆီးရန်အတွက် နိုင်ငံတော်တာဝန်ရှိသူများက စည်းမျဉ်းစည်းကမ်းများကို သဘောတူညီရမည်ဟု အိုဘာမားက ထည့်သွင်းပြောကြားခဲ့သည်။

“ဒီတိုက်ခိုက်မှုဟာ အမျိုးသားလုံခြုံရေးကို အဓိကခြိမ်းခြောက်မှုလို့ ကျွန်တော်တို့ယူဆတဲ့ အခြေနေမျိုးကို ရောက်လာပါပြီ။ အဲဒီအခြေအနေအတိုင်း တုန့်ပြန်သွားမှာပါပဲ။ တရုတ်နိုင်ငံသားတွေကို ကျွန်တော် ရှင်းရှင်းလင်းလင်းပြောခဲ့တာက သူတို့ပါဝင်နေတဲ့ လုပ်ရပ်တွေလို့ ကျွန်တော်တို့ သိတာတွေဟာ တရုတ်နိုင်ငံကနေပြီး စလာတာပါ။ ပြီးတော့ ဒါဟာ လက်မခံနိုင်စရာပါပဲ” ဟု အိုဘားမားက ပြောကြားခဲ့သည်။

အမေရိကန်ကုမ္ပဏီများနှင့် အမေရိကန်အစိုးရ၏ ကွန်ပျူတာစနစ်များအပေါ် ဆိုက်ဘာတိုက်ခိုက်မှုများမှာ ယခုနှစ်များအတွင်း ပိုမို မြင့်တက်လာခဲ့ပြီး၊ အမေရိကန်က ထိုတိုက်ခိုက်မှုများအတွက် တရုတ်နိုင်ငံကို အပြစ်တင်ထားသည်။ အစိုးရတာဝန်ရှိသူများကမူ တရုတ်ကုမ္ပဏီများနှင့် အချို့သူများမှာ ထိုတိုက်ခိုက်မှုအတွက် ပိတ်ဆို့မှုကို ခံရနိုင်သည်ဟု ပြောကြားမှုများလည်း ရှိခဲ့သည်။

အမေရိကန် အစိုးရ၀န်ထမ်းများ၏ အချက်အလက်များကို သိမ်းဆည်းထားသည့် ကွန်ပျူတာစနစ် တိုက်ခိုက်ခံရမှုတွင် ထိပ်တန်းတာဝန်ရှိသူများအပါအ၀င် ၀န်ထမ်း သန်းပေါင်းများစွာ၏ အချက်အလက်များ ဖောက်ထွင်းယူဆောင်ခြင်း ခံခဲ့ရသည်။

အမေရိကန် ထောက်လှမ်းရေးကလည်း တရုတ်နိုင်ငံမှ အချက်အလက်များကို ရရှိရန် ဆိုက်ဘာတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟု အမေရိကန် အမျိုးသားလုံခြုံရေးအေဂျင်စီမှ ၀န်ထမ်းဟောင်း အပ်ဒ၀ပ်စနိုးဒင်၏ ဖော်ထုတ်မှုများအရ သိရသည်။

Ref: Alarabiya




Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...