Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

ချီလီအင်အားပြင်းငလျင် ကနဦးသေဆုံးသူ ၅ ဦးရှိပြီး ထပ်မံ တိုးလာနိုင်

$
0
0

စက်တင်ဘာ ၁၇၊ ၂၀၁၅
M-Media

chili

– တောင်အမေရိက နိုင်ငံတစ်ခုဖြစ်သည့် ချီလီနိုင်ငံတွင် ပြင်းအား ၈.၃ မဂ္ဂနီကျုရှိ အင်အားပြင်း ငလျင်တစ်ခု ယမန်နေ့ညပိုင်းက လှုပ်ခတ်ခဲ့ပြီး ကနဦးသတင်းများအရ ၅ ဦးသေဆုံးကာ ငလျင်ကြောင့် ဆူနာမီသတိပေးချက်လည်း ထုတ်ပြန်ထားသည်။

မြို့တော် ဆန်တီယာဂိုမြောက်ဘက် ကီလိုမီတာ ၅၀၀ အကွာရှိ ဒေသသို့ ဗဟိုပြု၍ ဒေသစံတော်ချိန် ည ၇ နာရီ ၅၄ မိနစ်ခန့်က လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ချီလီတက္ကသိုလ်မှ ငလျင်သုတေသန ပညာရှင်များက ပြောကြားခဲ့သည်။

သမ္မတ မီရှဲလီ ဘာချီလက်က မိမိအနေဖြင့် ငလျင်ဒဏ် အဆိုးရွားဆုံး ခံစားရသည့် ဒေသများသို့ သွားရောက်မည်ဟု နိုင်ငံပိုင် ရုပ်သံမှတစ်ဆင့် ပြောကြားခဲ့သည်။ ပြည်ထဲရေ၀န်ကြီး မဟ်မွဒ် အယ်လ်ဝေးက ကနဦး အချက်အလက်များရ ငလျင်ကြောင့် သေဆုံးသူမှာ အနည်းဆုံး ၅ ဦးရှိလာပြီး လူပေါင်း ၁ သန်းခန့်ကို ကယ်ဆယ်ပြောင်းရွှေ့ ပေးခဲ့ရသည်ဟု ဆိုသည်။

ကမ်းရိုးတမ်းမြို့အချို့တွင် ဆူနာမီ လှိုင်းအသေးစားများကြောင့် ရေလွှမ်းမှုများ ရှိနေပြီး၊ နောက်ဆက်တွဲ လှုပ်ခတ်မှုများလည်း ရှိနေကာ ငလျင်ဗဟိုချက်နှင့်နီးသည့် ကမ်းရိုးတန်းဒေသများတွင် ဆူနာမီ သတိပေးချက်လည်း ထုတ်ပြန်ထားသည်။

ဆန်တီယာကို မြောက်ပိုင်း ကီလိုမီတာ ၂၈၀ အကွာတွင် တည်ရှိသော ကုန်တွင်းပိုင်း အီလာပဲလ်မြို့ရှိ မြေစိုက်အိမ်ငယ် အချို့မှာ ပြိုကျပျက်ဆီးသွားခဲ့သည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။ ထိုမြို့မှ အာဏာပိုင်များကလည်း သေဆုံးသူများမှာ ၈၆ ဦး ရှိနေပြီဟု ပြောကြားခဲ့သော်လည်း အသေးစိတ်အချက်အလက်များကို ဖော်ပြခဲ့ခြင်းမရှိပေ။

ဖရန့်ခ်ျပိုလီနီစီယာ ကမ်းရိုးတမ်းတစ်လျှောက် ဆူနာမီလှိုင်းများမှာ ၃ မီတာခန့် ရှိနိုင်သည်ဟု ဟာဝိုင်ယီရှိ ပစိဖိတ်ဆူနာမီစင်တာ PTWC မှ သတိပေးချက် ထုတ်ပြန်ထားသည်။ ထို့ပြင် အဆိုပါ ဆူနာမီလှိုင်းများမှာ ဂျပန်၊ အန်တာတိကနှင့် နယူးဇီလန်၊ ဖီဂျီ၊ တွန်ဂါ၊ ဗနူအာတူ၊ ဆော်လမွန်ကျွန်းများအပါအ၀င် တောင်ပစိဖိတ်ရှိ နိုင်ငံများအထိ ရောက်ရှိနိုင်ပြီး လှိုင်းအမြင့်မှာ ၀.၃ မီတာမှ၊ ၁ မီတာအထိ ရှိနိုင်သည်ဟု ဆိုသည်။

Ref: Aljazeera


Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...