Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15231

နိုင်ပွဲအရသာကို မေ့နေပြီဟု မော်ရင်ဟို အရွှန်းဖောက်

$
0
0

စက်တင်ဘာ ၁၇၊ ၂၀၁၅
M-Media

mrh

– ချန်ပီယံလိဂ်အဖွင့်ပွဲစဉ်တွင် ဂိုးပြတ်ဖြင့် အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည့် မော်ရင်ဟိုက မိမိမှာ နိုင်ပွဲအရသာကိုပင် မေ့သွားပြီဟု အရွှန်းဖောက် ပြောကြားလိုက်သည်။

ယနေ့မနက်က မက်ကာဘီ တဲလ်အဗီးနှင့် ကစားခဲ့သည့်ပွဲတွင် ၀ီလီယံ၊ အော်စကာ၊ ဒီယေဂိုကော်စတာနှင့် ဖာဘရီဂက်စ်တို့၏ ဂိုးများဖြင့် ၄ ဂိုးပြတ် ချယ်ဆီးက အနိုင်ရရှိခဲ့ပြီး နောက်ဆုံး ၃ ပွဲတွင် ချယ်ဆီး၏ ပထမဆုံးနိုင်ပွဲ ဖြစ်ခဲ့သည်။ မော်ရင်ဟိုကမူ မိမိမှာ နိုင်ပွဲ၏ အရသာကို မေ့နေပြီဟု ဆိုသည်။

“နိုင်ပွဲဆိုတဲ့ ခံစားမှုကို ကျွန်တော် မေ့နေပြီ။ မနိုင်တာ တော်တော်ကြာနေပြီကိုး။ သိပ်ကောင်းပါတယ်။ သိပ်ကောင်းတဲ့ ခံစားမှုပါပဲ” ဟု မော်ရင်ဟိုက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

ပွဲအစ စောစောပိုင်းတွင် ရရှိခဲ့သည့် ပင်နယ်တီကို ကွင်းလယ်ကစားသမား ဟဇာ့ဒ်က လွဲချော်ခဲ့ပြီး မော်ရင်ဟိုကမူ ထိုလွဲချော်ခြင်းမှာ စမ်းသပ်မှုဖြစ်သည်ဟု ပြောကြားခဲ့သည်။

“ကျွန်တော်တို့ ပင်နယ်တီ လွဲချော်ခဲ့တယ်။ ဒါက ကျွန်တော်တို့အတွက် စမ်းသပ်မှုကြီးလို့ ထင်ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ အနီကဒ်တွေ၊ ပင်နယ်တီတွေ၊ ဆုံးဖြတ်ချက်၊ ကံတရား၊ ဒဏ်ရာတွေ အားလုံးက ခင်ဗျားကို ဆန့်ကျင်နေတဲ့အခါ၊ ခင်ဗျားကလည်း အနိုင်ရဖို့ လိုနေတယ်။ ပြီးတော့ ၅ မိနစ်လောက်မှာ ပင်နယ်တီလွဲခဲ့တယ်။ ဒါက အသင်းအခြေအနေရဲ့ အကြီးကျယ်ဆုံး
စမ်းသပ်မှုဖြစ်တယ်လို့ ကျွန်တော် ထင်ပါတယ်” ဟု မော်ရင်ဟိုက ထပ်လောင်းပြောကြားခဲ့ပြီး အသင်း၏ စွမ်းဆောင်ရည်နှင့် ရလဒ်အတွက် ကျေနပ်မိသည်ဟု ပြောကြားခဲ့သည်။

ချယ်ဆီးမှာ ယခုတစ်ပတ် ပရီးမီးယားလိဂ်တွင် အာဆင်နယ်အသင်းကို အိမ်ကွင်း၌ ဧည့်ခံကစားရမည်ဖြစ်ပြီး မော်ရင်ဟိုက အနိုင်ရရှိရန်မှာ အလွန်အရေးကြီးသည်ဟု ဆိုသည်။

Ref: Goal


Viewing all articles
Browse latest Browse all 15231

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...