Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

ကုရ်အာန်ကျမ်းမြတ်ဆိုင်ရာ ပြခန်းတစ်ခု မဒီနာတွင် ဖွင့်လှစ်

$
0
0

စက်တင်ဘာ ၁၈၊ ၂၀၁၅
M-Media

quran

– ကုရ်အာန်ကျမ်းတော်မြတ်၏ သမိုင်းကြောင်း၊ ထိန်းသိမ်းမှုများနှင့် ကျမ်းတော်မြတ်နှင့် ပတ်သက်ဆက်နွယ်မှုများကို စုံလင်စွာ ပြသထားသည့် ပြခန်းတစ်ခုကို ဆော်ဒီအာရေဗျနိုင်ငံ မဒီနာမြို့တွင် ဖွင့်လှစ်ခဲ့ပြီး မဒီနာ အုပ်ချုပ်ရေးမှူး မင်းသား ဖိုင်ဆယ် ဘင် ဆလ်မန် တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်ဟု သိရသည်။

အဆိုပါပြပွဲကို မဒီနာရှိ အစ္စလာမ့်ရေးရာ ၀န်ကြီးဌာနနှင့် Simaya Group တို့ပူးပေါင်းကာ စီစဉ်ခဲ့ခြင်းဖြစ်သည်။ ၁၅၀၀ စကွဲယားကီလိုမီတာရှိသည့် ပြပွဲနေရာတွင် ကုရ်အာန်ကျမ်းတော်မြတ်၏ သမိုင်းနှင့် အရေးပါမှုကို စနစ်ကျစွာ ပြသထားသည်။

ကုရ်အာန်ကျမ်းတော်မြတ်အကြောင်း ရိုက်ကူးထားသည့် မှတ်တမ်းရုပ်ရှင်လည်း ပြပွဲတွင် ပါဝင်ပြီး၊ အသံများ၊ ဂရပ်ဖစ် နည်းပညာများဖြင့်လည်း ကျမ်းတော်မြတ်၏ အဓိကကျမှုကို ဖော်ပြထားသည်။ ထို့ပြင် သမိုင်းကြောင်း၊ ပြန်ဆိုချက်များ၊ ဖတ်ရွတ်သရဇ္ဈာယ်မှု၊ တစ်ဦးချင်း၊ မိသားစုနှင့် လူ့အဖွဲ့အစည်းအပေါ် ကျမ်းတော်မြတ်၏ လွှမ်းမိုးမှုများအကြောင်းကိုလည်း ထည့်သွင်း ပြသထားသည်။

ထို့ပြင် အဆိုပါပြခန်း၌ မဒီနာရှိ ဘုရင် အဗ်ဒူလ် အဇစ် စာကြည့်တိုက်နှင့် တမန်တော်မြတ်၏ ဗလီဝတ်ကျောင်းတော် စာကြည့်တိုက်မှ ရှားပါးပြီး တန်ဖိုးကြီးသည့် ကုရ်အာန်လက်ရေးမူများကိုလည်း ပြသထားသည်။ ကအ်ဘာ ကျောင်းတော်အား လွန်ခဲ့သည့် နှစ်ပေါင်း ၁၄၀ ခန့်က ဖုံးလွှမ်းခဲ့သည့် အ၀တ်အစိတ်အပိုင်းကိုလည်း ထိုပြခန်း၌ တွေ့မြင်နိုင်သည်။

မဒီနာအုပ်ချုပ်ရေးမှူး မင်းသား ဖိုင်ဆယ်ကမူ ကုရ်အာန်ကျမ်းတော်မြတ်အကြောင်း ထိုကဲ့သို့ ပြည့်စုံစွာ ပြသနိုင်ရန် အားထုတ်ခဲ့သူများကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပြီး ၎င်းတို့အား မေတ္တာလက်ဆောင်များ ပေးအပ်ခဲ့သည်။

ထိုပြခန်းများကို နေ့စဉ် မနက်မှ ည ၉ နာရီအထိ ဖွင့်လှစ်ပြသသွားမည်ဖြစ်ပြီး၊ သောကြာနေ့တွင်မူ နေ့လည်ပိုင်းမှ ည ၉ နာရီအထိ ဖွင့်လှစ်သွားမည်ဖြစ်သည်။

Ref: Arabnews




Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...