Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

ဟဂ်ျပြုရန် ဟင်းခတ်အမွှေးအကြိုင်ရောင်း၍ ၁၅ နှစ် ငွေစုခဲ့သည့် ကင်ညာအဘိုးအို

$
0
0

စက်တင်ဘာ ၂၃၊ ၂၀၁၅
M-Media

kenya

– ဟဂ်ျဘုရားဖူးခရီးစဉ် သွားရောက်ရန်အတွက် ဟင်းခတ်အမွှေးအကြိုင်များ ရောင်းချကာ ငွေစုခဲ့သည့် ကင်ညာနိုင်ငံမှ မွတ်စလင်အဖိုးအိုတစ်ဦးမှာ ၁၅ နှစ်တာ ကြာခဲ့ပြီးနောက် ၎င်း၏ အိပ်မက်များ အကောင်အထည် ပေါ်လာခဲ့သည်။

“ဟဂ်ျခရီးစဉ် မသွားနိုင်ခင်မှာ ဒီလောကကြီးကို မစွန့်ခွာဘူးလို့ ကျွန်တော် ကိုယ့်ကိုယ်ကို ကတိပေးခဲ့ပါတယ်။ “မိုဂါဒစ်ရှူးအသေးလေး” လို့ခေါ်တဲ့ အီတ်စ်လေးမြို့မှာ ကျွန်တော်ဟာ ဟင်းခတ်အမွှေးအကြိုင်တွေ ရောင်းခဲ့ပါတယ်။ အခုဆိုရင် ၁၅ နှစ်တောင် ရှိပါပြီ။ စီးပွားရေးက အမြဲတမ်းတော့ မကောင်းဘူးပေါ့ဗျာ။ တစ်ခါတစ်ရံမှာ ကျွန်တော်ဟာ ဗိုက်ဆာဆာနဲ့ အိပ်ခဲ့ရတာတွေလည်း ရှိခဲ့ပါတယ်။ ဒါပေမယ့် ဒီဟဂ်ျခရီးစဉ်အတွက် အမြဲတမ်း ကျွန်တော် သီးခြား ဘဏ်အကောင့်တစ်ခုနဲ့ ငွေစုခဲ့ပါတယ်” ဟု အသက်
၆၂ နှစ်အရွယ်ရှိ အဘ်ဒီ မိုဟာမက်က Anadolu သတင်းအေဂျင်စီသို့ ပြောကြားခဲ့သည်။

ယခုနှစ်ဟဂ်ျပြုရန်အတွက် ကင်ညာနိုင်ငံမှ လာရောက်သူအရေအတွက်မှာ ၄၅၀၀ ရှိပြီး ထိုအထဲတွင် အဘ်ဒီလည်း ပါဝင်ခဲ့သည်။ ကင်ညာနိုင်ငံ၏ ထိုအရေအတွက်မှာ စံချိန်တင်အရေအတွက်လည်း ဖြစ်သည်။

“ဟဂ်ျက အစ္စလာမ်ရဲ့ ပဉ္စမမြောက် မဏ္ဍိုင်ကြီးပါ။ တစ်ချိန်မှာ ဒီခရီးကို သေချာပေါက်လာမယ်လို့ တွက်ထားတာပါ။ ကြီးကျယ်မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်က ကျွန်တော့်အပေါ်မှာ ကောင်းချီးမင်္ဂလာအဖြာဖြာ ချပေးသနားတော် မူခဲ့ပါတယ်”

မက္ကာမြို့သို့ သွားရောက်နိုင်သည့် ကြွယ်ဝမှုနှင့် ကျန်းမာရေးအခြေအနေရှိသူ အစ္စလာမ်ဘာသာဝင် အမျိုးသား၊ အမျိုးသမီးတိုင်းမှာ တစ်သက်လျှင် တစ်ကြိမ် ဟဂ်ျပြုရန် မလုပ်မနေရ တာဝန်ဖြစ်သည်။ အဘ်ဒီကမူ ငယ်ရွယ်စဉ်အခါကတည်းက ဟဂ်ျပြုရန် ဆုံးဖြတ်ချက် ချခဲ့သည်။

“အသက် ၇၀ ကျော်သူတွေတောင်မှ ဟဂ်ျပြုဖို့ ငွေစုနေကြတုန်းပဲဆိုတာ ကျွန်တော် သိရပါတယ်။ အစိုးရက ကျွန်တော်တို့ကို ကူညီသင့်တယ်။ ဒါမှသာ အနည်းဆုံး အသက်ကြီးသူတွေဟာ ဒီခရီးကို သွားနိုင်မှာပေါ့။ ဟဂ်ျသွားဖို့ အရေအတွက်ကို တိုးမြှင့်ပေးဖို့လည်း အစိုးရက ဆော်ဒီနဲ့ ဆွေးနွေးသင့်ပါတယ်” ဟု အဘ်ဒီက ထပ်လောင်းပြောကြားခဲ့သည်။

စံချိန်တင်ပမာဏ

ယခုနှစ်တွင် ကင်ညာနိုင်ငံအတွက် ဟဂ်ျခွဲတမ်းမှာ ၄၅၀၀ ရခဲ့ပြီး ကင်ညာမွတ်စလင်များကမူ ထိုအရေအတွက်ကို တိုးမြှင့်ပေးရန် ဆော်ဒီအာဏာပိုင်များအား တိုက်တွန်းခဲ့သည်။

“ဆော်ဒီသံရုံးရဲ့ လူဝင်မှုကြီးကြပ်ရေးဌာနဟာ ကျွန်တော်တို့နဲ့ အပြည့်အ၀ ပူးပေါင်းဆောင်ရွက်နေပါတယ်။ ပြီးတော့ ကင်ညာပြည်သူ တော်တော်များများဟာ ဟဂ်ျခရီးစဉ်အတွင် နိုင်ရိုဘီကိုသွားရောက်ပြီး ပြင်ဆင်ခဲ့ကြပါတယ်” ဟု ကင်ညာ ဟဂ်ျစေလွှတ်ရေးအဖွဲ့မှ ဒုတိယဥက္ကဌဖြစ်သူ ရှရစ်ဖ် ဟူစိန်က ပြောကြားခဲ့သည်။

ထို့ပြင် မိမိတို့ အဖွဲ့မှာ ဟဂ်ျခွဲတမ်းအတွက် လူ ၅၀၀ ထပ်မံတိုးပေးရန် တောင်းဆိုခဲ့သည်ဟု ဟူစိန်က ထည့်သွင်းပြောကြားခဲ့သည်။

“ဒီကိစ္စကို စဉ်းစားနေတယ်လို့ ဆော်ဒီအစိုးရက ကျွန်တော်တို့ကို အကြောင်းပြန်ပါတယ်။ ဒါပေမယ့် အခုအချိန်အထိတော့ ပြောင်းလဲမှုမရှိသေးပါဘူး။ ကင်ညာမှာ အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်သူ အရေအတွက်ဟာ တော်တော်မြန်မြန် တိုးလာပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ ခွဲတမ်း ထပ်တိုးတောင်းတာပါ”

Ref: Onislam


Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...