Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15231

သြဂုတ် ၃၀ ပြည်တွင်းနှင့် နိုင်ငံတကာ သတင်းတို

$
0
0

သြဂုတ် ၃၀ ရက်၊ ၂၀၁၃
M-Media

လယ်မြေသိမ်းခံရသည့် ကိစ္စများ အမြန်ဆုံးဖြေရှင်းပေးဖို့ သူရဦးရွှေမန်းက သမ္မတဦးသိန်းစိန်သို့ သဝဏ်လွှာပို့

မြန်မာနိုင်ငံအနှံ့ အကြောင်းအမျိုးမျိုးနဲ့ သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေတွေကို အစိုးရအဖွဲ့က အချိန်မဆွဲဘဲ အမြန်ဆုံးဖြေရှင်းဆောင်ရွက်ပေးဖို့ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း က နိုင်ငံတော်သမ္မတဆီ သ၀ဏ်လွှာ ပေးပို့ထားကြောင်းသိရပါတယ်။
_________________________
ကာချူပ် မင်းအောင်လှိုင် နှင့် အမေရိကန်သံအမတ်တွေ့ဆုံဆွေးနွေး

စစ်ဘက်ဆက်ဆံရေး တိုးမြှင့်ရန် မြန်မာတပ်မတော် အကြီးအကဲ ကာချူပ် ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင် နှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရစ် မစ်ချဲလ် တို့ သြဂုတ်လ ၂၉ ရက်နေ့က တွေ့ဆုံ၍ ဆွေးနွေးကြောင်း သိရသည်။
_________________________
မစ္စတာ ဗီဂျေနမ်ဘီးယား အား သူရဦးရွှေမန်း လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဗီဂျေနမ်ဘီးယားအား နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်ဧည့်ခန်းမဆောင်တွင် လက်ခံတွေ့ဆုံသည်။
___________________________
ဗြိတိန် က ဆီးရီးယားကို တိုက်ခိုက်ရာတွင်မပါဝင်တော့

ဗြိတိန် ပါလီမန်က ဆီးရီးယားကို အရေးယူတိုက်ခိုက်မည့်ကိစ္စကို ပယ်ချခဲ့သည်။ ပြင်သစ်နှင့် ဟော်လန် ကမူ အရေးယူတိုက်ခိုက်ရာတွင် ပူးပေါင်းသွားမည် ဟုဆိုသည်။
___________________________
မြောက်ကိုးရီးယား ဥသျှောင် ကမ်ဂျုံအွန်းကို လူကြိုက်များ

စစ်တမ်းကောက်ယူမှုအရ အင်မ်ဂျုံအွန်း၏ ရမှတ်မှာ ၅၀% ၏ အထက်တွင်ရှိနေသည်။ နိုင်ငံတွင်းတွင် ကောက်ယူသော စစ်တမ်း မဟုတ်သော်လည်း မြောက်ကိုရီးယားမှ တောင်ကိုရီးယားသို့ ထွက်ပြေးလာသူများကို မေးမြန်းထားသည့် ရလာဒ်ဖြစ်သည်။
___________________________
စနိုးဒန်းမှ ထုတ်ဖေါ်ထားသော ”အမဲရောင် ဘတ်ဂျတ်”

NSA နှင့် CIA တို့အပြင် အမေရိကန်၏ ဘတ်ဂျတ် အများဆုံး သုံးစွဲသော လျှို့ဝှက် အဖွဲ့အစည်းများ ရှိသေးကြောင်း National Reconnaissance Office သည် စပိုင်ဂြိုဟ်တုများကို ထိန်းချုပ်ရပြီး National Geospatial-Intelligence Program သည် ထောက်လှမ်းရေး မြေပုံများနှင့် တယ်လီဖုန်းများကို ခြေရာခံသော အဖွဲ့များ ဖြစ်ကြောင်း ဖေါ်ထုတ်ထားသည်။
___________________________
ရေခဲပြင်အောက်မှ ကျောက်တောင်ကြား

Greenland ရေခဲပြင်အောက်ကို ယခုနောက်ဆုံး သုတေသီများက လေ့လာရာတွင် Grand Canyon ထက် ပိုမို ရှည်လျား၍ ပိုမိုကြီးမားသော Canyon ကြီးကို တွေ့ရှိခဲ့သည်။
___________________________
ကိုးကင်းသယ်ဆောင်လာသည့် ဗြိတိန်အမျိုးသမီးတစ်ဦးအား အင်ဒိုနီးရှားသေဒဏ်ချမှတ်

ကိုးကင်းသယ်ဆောင်လာမှုအတွက် ဗြိတိန်အမျိုးသမီးတစ်ဦးအား အင်ဒိုနီရှားတရားရုံးတစ်ခုက သေဒဏ်ချမှတ်လိုက်သည်ဟုသိရသည်။ လင်ဆေးဆန်ဒီဖို့ဒ်ဟု အမည်ရသည့် အသက် ၅၇ နှစ်အရွယ်ရှိ ဗြိတိန်အမျိုးသမီးတစ်ဦးမှာ ဒေါ်လာ ၂.၅သန်းတန်ဖိုးရှိ ကိုကင်း ၄.၇၉ ကီလိုဂရမ်အား ဇန်န၀ါရီလအတွင်းက အင်ဒိုနီးရှားနိုင်ငံ ဘာလီသို့ သယ်ဆောင်လာစဉ် ရဲတပ်ဖွဲ့ဝင်များက ဖမ်းမိခဲ့ခြင်းဖြစ်ပြီး တရားစွဲဆိုကာ ယခုကဲ့သို့ ပြစ်ဒဏ်ချမှတ်လိုက်ခြင်းဖြစ်သည်။
___________________________
မဲရလဒ်နှင့်ပက်သက်၍ ဆွေနွေးရန် ကမ္ဘောဒီးယားအတိုက်အခံ ပါတီခေါင်းဆောင် တိုက်တွန်း

ကမ္ဘောဒီးယားအတိုက်အခံပါတီခေါင်းဆောင် ဆမ် ရိန်းစီ က ဂျူလိုင် ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ပါလီမန်ရွေးကောက်ပွဲတွင် အငြင်းပွားဖွယ်မဲရလဒ်များနှင့်ပက်သက်၍ဆွေးနွေးညှိနှိုင်းရန် အဏာရပါတီအားတိုက်တွန်းပြောဆိုလိုက်သည်။ ထိုရွေးကောက်ပွဲ၌ ပါလီမန်နေရာ ၁၂၃ နေရာတွင် ယခုလက်ရှိ အာဏာရပါတီ CNRP ပါတီက ၆၈ နေရာရရှိခဲ့ပြီး၊ အတိုက်အခံ CPP ပါတီက ၅၅ နေရာရရှိခဲ့သော်လည်း မဲပေးရွေးချယ်ရာတွင်မရိုးသားမှုများရှိသည်ဟု CPP ကပြောကြားခဲ့ပြီး ယခုကဲ့သို့ ဆွေးနွေးရန် ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။
___________________________
အပူပိုင်းမုန်တိုင်းကြောင့် ဖိလစ်ပိုင်တွင် လူတစ်ဦးသေဆုံး

ဖိလစ်ပိုင်နိုင်ငံတွင်တိုက်ခတ်ခဲ့သော အပူပိုင်းမုန်တိုင်း “ကွန်ရေး” ကြောင့် လူတစ်ဦးသေဆုံးခဲ့ပြီး တစ်ဦးဒဏ်ရာရရှိခဲ့သည်ဟုသိရသည်။ မိသားစု ၃၆၀၀မှ လူပေါင်း ၁၇၀၀၀ မှာအဆိုပါအပူပိုင်းမုန်တိုင်းဒဏ်ကို ခံစားခဲ့ရသည်ဟု အမျိုးသားသဘာဝဘေးအန္တရာယ်ကာကွယ်ရေးနှင့် စီမံခန့်ခွဲရေးကောင်စီမှ ယနေ့ နေ့လည်ပိုင်းက ထုတ်ပြန်ခဲ့သည်။
___________________________
နှစ်လျှောစီးရာတွင်အသုံးပြုသည့်ပစ္စည်းများတင်သွင်းမှုပိတ်ပင်ခဲ့သည့် နိုင်ငံများအား မြောက်ကိုရီးယားအပြစ်တင်

ဥရောပနိုင်ငံများက နှင်းလျှောစီးရာတွင်အသုံးပြုသည့်ပစ္စည်းများအား မြောက်ကိုရီးယားသို့တင်ပို့မှုကို ပိတ်ပင်လိုက်ပြီး ထိုကိစ္စနှင့်ပက်သက်၍ မြောက်ကိုရီးယားက ဥရောပနိုင်ငံများအား ပြစ်တင်ပြောဆိုလိုက်သည်။ ကုလသမ္မဂ္ဂ၏ စီးပွားရေးပိတ်ဆို့မှုအရ ဇိမ်ခံပစ္စည်းများအား မြောက်ကိုရီးယားသို့တင်သွင်းခြင်းမပြုရန် တားမြစ်လိုက်ခြင်းကြောင့် ဥရောပနိုင်ငံများက နှင်းလျှောစီးရာတွင်အသုံးပြုသည့် ပစ္စည်းများအား တင်ပို့မှု ရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်။


Viewing all articles
Browse latest Browse all 15231

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...