Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15231

ဗျူဟာကောင်းပေမယ့် ကံမကောင်းခဲ့ဘဲ စူပါဖလားကို လက်လွှတ်လိုက်ရတဲ့ ချယ်ဆီး

$
0
0

သြဂုတ်လ- ၃၁ ရက်၊ ၂၀၁၃
M-Media
ကိုလေး

Bayern Munich celebrate with the Super Cup
ဥရောပချန်ပီယံလိဂ် ချန်ပီယံအသင်းနှင့် ယူရိုပါလိဂ်ချန်ပီယံအသင်းတို့ယှဉ်ပြိုင်ကစားရသည့် ဥရောပစူပါဖလားဗိုလ်လုပွဲကို ဘိုင်ယန်မြူးနစ်အသင်းနှင့် ချယ်ဆီးအသင်းတို့ ယနေ့နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့ကြသည်။

ချယ်ဆီးအသင်းတွင် အဓိက ကစားသမားများဖြစ်ကြသည့် လူးဝစ်ဇ်၊ အက်ရှ်လေကိုး၊ အီဗန်နိုဗစ်၊ လမ်းပတ်၊ ရာမီးရက်စ်၊ တောရက်စ် စသည့်ကစားသမားများပါဝင်ခဲ့ကြပြီး ဘိုင်ယန်မြူးနစ်အသင်းတွင်လည်း ဖီလစ်လမ်း၊ ရော်ဘင်၊ ရီဘာရီ၊ မန်ဇူကစ်တို့ ပါဝင်ခဲ့ကြသည်။

ပွဲစသည်နှင့်တစ်ပြိုင်နက် ဘိုင်ယန်အသင်းမှ ချယ်ဆီးအသင်းအား ကစားကွက်အသာဖြင့် ဖိကစားနိုင်ခဲ့ပြီး ချယ်ဆီးအသင်းက တန်ပြန်တိုက်စစ်ဖြင့်သာ ဘိုင်ယန်အသင်းဘက်သို့ ထိုးဖောက်ရန်ကြိုးစားခဲ့သည်။ ဘိုင်ယန်၏တိုက်စစ်ကို ခုခံနေရင်း ပထမပိုင်း ၈ မိနစ်တွင် ချယ်ဆီးအသင်းက တန်ပြန်တိုက်စစ်မှ တစ်ဆင့် ဦးဆောင်ဂိုးရရှိခဲ့သည်။ ထိုဂိုးကို ဟာနန်ဒက်ဇ်၊ ရှိုယေးတို့တွဲလုံးမှတစ်ဆင့် ချယ်ဆီးအသင်းမှ ထွက်ခွာရန်ရှိနေသည့် တိုက်စစ်မှူးဖာနန်ဒိုတောရက်စ် သေသေသပ်သပ်သွင်းယူသွားခဲ့သည်။

ဦးဆောင်ဂိုးပေးလိုက်ရပြီးနောက် ဘိုင်ယန်မြူးနစ်အသင်းမှာ ချယ်ဆီးအသင်းဘက်သို့ ပိုမိုဖိကစားခဲ့သော်လည်း ချေပဂိုးမရရှိခဲ့ဘဲ ပထမပိုင်းအပြီးတွင် ချယ်ဆီးက ၁ ဂိုး ဂိုးမရှိဖြင့်ဦးဆောင်နေခဲ့သည်။

ဒုတိယပိုင်း ပြန်လည်စတင်ပြီး ၂ မိနစ်အကြာတွင် ဥရောပအကောင်းဆုံး ဘောလုံးသမားဆုကို ပူပူနွေးနွေးရရှိထားသည့် ဘိုင်ယန်ကွင်းလယ်လူ ရီဘာရီက ၁၈ ကိုက်စည်းထိပ်မှ လှပစွာကန်သွင်းပြီး ချေပဂိုးသွင်းယူခဲ့သည်။ ချေပဂိုးရပြီး နောက်ပိုင်း ဘိုင်ယန်ကပင် အသာစီးဖြင့်ကစားနိုင်ခဲ့သည်။ ၆၃ မိနစ်တွင် ချယ်ဆီးကွင်းလယ်လူ အော်စကာအပိုင် တစ်လုံးရခဲ့သော်လည်း ဂိုးအဖြစ်မပြောင်းလဲနိုင်ခဲ့ချေ။ ၇၁ မိနစ်တွင်ချယ်ဆီးဂိုးသမား ပီတာချက် အမှားတစ်ခုပြုလုပ်ခဲ့ပြီး ကံကောင်းစွာပင် ဂိုးမပေးခဲ့ရချေ။ ၈၇ မိနစ်တွင် ရာမီးရက်ဇ် ဘောလုံးဖျက်ထုတ်ရာတွင်ကြမ်းတမ်းသည့်အတွက် နှစ်ဝါတစ်နီဖြင့် အထုတ်ခံခဲ့ရသည်။ ပွဲပြီးဆုံးချိန်တွင်တစ်ဂိုးစီ သရေကျနေခဲ့ပြီး အချိန်ပိုဆက်လက်ကစားရာ ၉၂ မိနစ်တွင် ဟာနန်ဒက်ဇ်က ချယ်ဆီးအသင်းအတွက်ဒုတိယဦးဆောင်ဂိုး သွင်းယူခဲ့သည်။
အနိုင်ဂိုးရပြီးနောက် ချယ်ဆီးအသင်းမှာ ပိတ်ကစားလာခဲ့ပြီး ဘိုင်ယန်အသင်းက ပိုမို ဖိကစားလာနိုင်ခဲ့သည်။ အချိန်ပို ဒုတိယပိုင်းပြီးဆုံးပြီး နာကျင်အချိန်ပို တစ်မိနစ်တွင် မာတီနက်ဇ်က ဘိုင်ယန်အသင်းအတွက် ဒုတိယချေပဂိုးကို သွင်းယူခဲ့သဖြင့် ပွဲပြီးဆုံးချိန်တွင် ၂ ဂိုးစီသရေကျနေခဲ့ကာ ပင်နယ်တီအဆုံးအဖြတ်ကို ခံယူခဲ့ရသည်။

ဘိုင်ယန်မြူးနစ်အသင်းမှ ပင်နယ်တီ ၅ လုံးစလုံးကို ၀င်အောင် ကန်သွင်းနိုင်ခဲ့ပြီး ချယ်ဆီးအသင်းမှ နောက်ဆုံးကန်သွင်းသည့် လူငယ် တိုက်စစ်မှူး လူကာကူ၏ ဘောလုံးအား ဘိုင်ယန်ဂိုးသမားနူအာ ကာကွယ်နိုင်ခဲ့သဖြင့် ဘိုင်ယန်မြူးနစ်အသင်းမှာ ဥရောပစူပါဖလားကို ရရှိသွားခဲ့သည်။

Photo-Getty Images


Viewing all articles
Browse latest Browse all 15231

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...