Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15231

နိုဝင်ဘာ၂၆- နိုင်ငံတကာသတင်းစုစည်းမှု

$
0
0

နိုဝင်ဘာ-၂၆ ၂၀၁၃
M-Media

2013-11-25T085917Z_1814879206_GM1E9BP1AAS01_RTRMADP_3_THAILAND-PROTEST-BUILDING

- အစိုးရ ဆန့်ကျင်ရေးဆန္ဒပြပွဲများအား ဦးဆောင်သူ တစ်ဦးဖြစ်သူ ဆူသပ် သောင်ဆူဘန်အား ထိုင်းအစိုးရက ဖမ်းဝရမ်းထုတ်ခဲ့သည်ဟု သိရသည်။ ယမန်နေ့က ပြုလုပ်ခဲ့သည့် အဆိုပါ ဆန္ဒပြမှုအတွင်း ဆန္ဒပြသူများမှာ ဘဏ္ဍာရေးဝန်ကြီးဌာန အဆောက်အအုံနှင့် နိုင်ငံခြားရေး ၀န်ကြီးဌာန အဆောက်အအုံတို့အား သိမ်းပိုက်ထားခဲ့သည်။ ယခင်ပါလီမန်အမတ်ဟောင်းဖြစ်သူ သောင်ဆူဘန်က အစိုးရကပြုလုပ်မည့် ဥပဒေဆိုင်ရာ ခြိမ်းခြောက်မှုများအား ကြောက်ရွံ့နေမည် မဟုတ်ဟု ပြောကြားခဲ့သည်။

- အိန္ဒိယနိုင်ငံတောင်ပိုင်း ကာနာတာက ပြည်နယ်ရှိ အဆောက်အဦးတစ်ခုမှာ ယနေ့နံနက်ပိုင်းတွင် ပြိုကျခဲ့ပြီး ကလေးငယ်တစ်ဦးအပါအ၀င် လေးဦးသေဆုံးခဲ့ကာ အမြောက်အများ ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ ဒဏ်ရာရရှိသူများအား ဆေးရုံသို့ပို့ဆောင်ထားပြီး အဆောက်အဦးပျက် အတွင်း ရှာဖွေကယ်ဆယ်မှုများကို ပြုလုပ်နေသည်ဟု ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

- အမေရိကန်ပြည်ထောင်စု အရှေ့ အုက္ကလန်းရှိ လမ်းမတစ်ခုတွင် ယမန်နေ့ညပိုင်းကာ သေနတ်ဖြင့် လိုက်လံပစ်ခတ်မှု တရပ် ဖြစ်ပွားခဲ့ပြီး လူ ၇ ဦးမှာ သေနတ်ထိမှန်ခဲ့သည်ဟု သိရသည်။ ထိုလမ်းတစ်လျှောက် အသားကင်များဖြင့် စားသောက်ပွဲပြုလုပ်နေစဉ် လူတစ်ဦးမှ သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရရှိသူများထဲမှ နှစ်ဦးမှာ စိုးရိမ်ရသော အခြေအနေတွင်ရှိနေကြောင်း၊ ဖြစ်စဉ်အသေးစိတ်ကို စုံစမ်းနေကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

- ဗြိတိန်ရှိ အမျိုးသမီး ၁၀ ဦးတွင် ၁ ဦးမှာ လိင်ပိုင်းဆိုင်ရာ စော်ကားခြင်း ခံနေရသည်ဟု လူမှုဘ၀နှင့် လိင်ပိုင်းဆိုင်ရာ အပြုအမူများ လော့လာရေးအဖွဲ့(Nastsal) ၏ မကြာသေးခင်ကပြုလုပ်ခဲ့သော လေ့လာမှုများက ဆိုသည်။ ထိုရလဒ်မှာ အသက် ၁၆ နှစ်မှ ၇၄ နှစ်အတွင်းရှိ လူပေါင်း ၁၅၀၀၀ ကို မေးမြန်းခြင်းမှ ထွက်ပေါ်လာခြင်းဖြစ်ပြီး အသက် ၁၈ နှစ်အရွယ်ဝန်းကျင်တွင် စော်ကားခံရမှုအများဆုံးဟု သိရသည်။

- ရုရှား စစ်ဘက်ဆိုင်ရာအကြံပေးနှစ်ဦးမှာ ယီမင်နိုင်ငံတွင် သေနတ်သမားများ၏ ပစ်ခတ်သတ်ဖြတ်မှုကိုခံခဲ့ရသည်ဟု သိရသည်။ အဆိုပါ အကြံပေးနှစ်ဦးမှာ ယမန်နေ့က မြို့တော် ဆန်နာတောင်ပိုင်းရှိ ၎င်းတို့တည်းခိုရာဟိုတယ်မှ ထွက်လာစဉ် ဆိုင်ကယ်စီးလာသော အမည်မသိသေနတ်သမားနှစ်ဦက ပစ်ခတ်သွားခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။ ယီမင်နိုင်ငံတွင် ယီမင်စစ်တပ်အားအကူအညီပေးနေသော ရုရှား စစ်ဘက်ဆိုင်ရာအကြံပေးများစွာရှိလေသည်။

- စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့(ECO) အဖွဲ့ဝင်နိုင်ငံများ၏ ၂၁ ကြိမ်မြောက် ၀န်ကြီးများအစည်းအဝေးကို အီရန်နိုင်ငံ၏ မြို့တော် တီဟီရန်၌ ယနေ့တွင် စတင်ကျင်းပခဲ့ကြသည်။ ထိုအဖွဲ့အား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ရန် အီရန်၊ ပါကစ္စတန်နှင့် တူရကီတို့ပူးပေါင်းကာ ၁၉၈၅ ခုနှစ်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး၊ အီရန်သမ္မတ ဟာဆန်ရူဟာနီနှင့် နိုင်ငံ ခြားရေးဝန်ကြီး ဂျာဗဒ်ဇာရစ်ဖ်တို့က စီစဉ်ကျင်းပခြင်းဖြစ်ပြီး ၂ ရက်တာကြာမြင့်မည်ဖြစ်သည်။

- ၂၀၀၄ ခုနှစ်တွင် ဂျစ်ဒ္ဒါ Red Sea မြို့ရှိ အမေရိကန်ကောင်စစ်ဝန်ရုံးအား တိုက်ခိုက်ခဲ့မှုတွင် ပါဝင်ခဲ့သည့် လူ ၂၀ အား ဆော်ဒီတရားရုံးက ယနေ့တွင် ပြစ်ဒဏ်ချမှတ်ခဲ့သည်ဟု သိရသည်။ ၎င်းတို့အထဲမှ တစ်ဦးအား သေဒဏ်နှင့် အခြား ၁၉ ဦး ထောင်ဒဏ် ၂၅ နှစ်စီ အသီးသီးချတ်မှတ်ခဲ့ခြင်းဖြစ်သည်။ ၂၀၀၄ ခုနှစ်က ဖြစ်ပွားခဲ့သော အဆိုပါတိုက်ခိုက်မှုတွင် သံရုံးအား စောင့်ကြပ်နေသည့် လုံခြုံရေးဝန်ထမ်း ၄ ဦးသေဆုံးခဲ့သည်။

- ဆီးရီးယားအစိုးရနှင့် အတိုက်အခံတို့ကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲတစ်ခုကို လာမည့်နှစ် ဇန်န၀ါရီလတွင် ဂျီနီဗာ၌ ပြုလုပ်ရန် ကုလသမဂ္ဂက ရက်သတ်မှတ်ခဲ့သည်။ ၃၂ လကြာဖြစ်ပွားနေသည့် အဆိုပါပြည်တွင်းစစ်အတွင်း ဆီးရီးယားနိုင်ငံသား ၁ သိန်းကျော်သေဆုံးခဲ့ပြီး လူသန်းပေါင်းများစွာမှာလည်း အိုးအိမ်များကို စွန့်ခွာကာ ထွက်ပြေးနေရသည်။

- ရုရှား၏ ဖိအားပေးမှုကြောင့် ဥရောပ၏ လွတ်လပ်စွာကုန်သွယ်ရေး စာချုပ်အား လက်မှတ်မထိုးသော ယူကရိန်းအစိုးရ၏ လုပ်ရပ်အား ဆန့်ကျင်သော အနေဖြင့် အတိုက်အခံ ခေါင်းဆောင် ယူလီယာ တိုင်မိုရှန်ကိုက အစာငတ်ခံ ဆန္ဒပြနေသည်ဟုသိရသည်။ ယခင် ၀န်ကြီးချုပ်ဟောင်းလည်းဖြစ်ပြီး ယခုအခါ အကျဉ်းချခံထားရသည့် တိုင်မိုရှန်ကိုမှာ အစိုးရမှ ထိုစာချုပ်အား လက်မှတ်ထိုးသည့် အချိန်အထိ အစားအသောက် စားသောက်ခြင်းအား ပြုလုပ်မည်မဟုတ် သူမ၏ ရှေ့နေဖြစ်သူမှ တစ်ဆင့် ပြောကြားခဲ့သည်။

- ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးခဲ့သည့် ကျောင်းဆရာ ၁၁ ဦးအား တာလီဘန်အဖွဲ့က ဖမ်းဆီးခဲ့ပြီးနောက် ယနေ့တွင် ပြန်လည် လွတ်မြောက်လာခဲ့သည်။ ထိုကျောင်းဆရာများအား ပါကစ္စတန် အနောက်မြောက်ပိုင်းရှိ ခိုင်ဘာဒေတွင် လွန်ခဲ့သည့် ၃ ရက်က ပြန်ပေးဆွဲ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး လူမျိုးစု ခေါင်းဆောင်များက တာလီဘန်များနှင့် ဆွေးနွေးခဲ့ပြီးနောက် ယနေ့နံနက်တွင် ပြန်လွှတ်ပေး ခဲ့ခြင်းဖြစ်သည်ဟု ကျောင်းအုပ်ကြီးမှ ပြောကြားခဲ့သည်။

- အိန္ဒိယရှိ ဆရာဝန်ဇနီးမောင်နှံနှစ်ဦးမှာ လွန်ခဲ့သည့် ၅ နှစ်ကဖြစ်ပွားခဲ့သည့် သမီးဖြစ်သူနှင့် အိမ်အကူတစ်ယောက်၏ သေဆုံးမှုအတွက် အပြစ်ရှိကြောင်းတွေ့ရှိခဲ့ရသည်ဟု သိရသည်။ ဆရာဝန် ရာဂျက်ရှ်နှင့် ဇနီးဖြစ်သူ နူပူရ် တာလ်ဝါတို့မှာ ၂၀၀၈ ခုနှစ်က အသက် ၁၄ နှစ်အရွယ် သမီးဖြစ်သူနှင့် အိမ်အကူတို့အား သတ်ဖြတ်ခဲ့ကြောင်း အိန္ဒိယ ထောက်လှမ်းရေးဗျူရို (CBI) က စစ်ဆေးတွေ့ရှိခဲ့ရခြင်းဖြစ်သည်။ သို့သော်လည်း ထိုပြစ်မှုကို မကျူးလွန်ကြောင်း ၎င်းတို့နှစ်ဦးက ငြင်းဆိုခဲ့ကြသည်။ ပြစ်မှုအတွက် စီရင်ချက်ကို မကြာမီချမှတ်သွားမည်ဖြစ်ပြီး အမြင့်ဆုံးပြစ်ဒဏ်မှာ သေဒဏ်ဖြစ်သည်။

- နှစ်နိုင်ငံ နယ်စပ်တွင်ရှိနေသည့် ကေဆွန် စက်မှုဇုံ၏ လမ်းပမ်းဆက်သွယ်ရေး၊ အထွေထွေ အရေးကိစ္စများ အတွက် ဆွေးနွေးမှုများပြုလုပ်ရန် တောင်ကိုရီးယား၏ ကမ်းလှမ်းမှုအား မြောက်ကိုရီယားမှ လက်ခံခဲ့သည်ဟု ဆိုးလ်မြို့ရှိ ပြန်လည် ပေါင်းစည်းရေး ၀န်ကြီးဌာနက ပြောကြားခဲ့သည်။ စက်တင်ဘာ ၁၃ ရက်နေ့နောက်ပိုင်း ပထမဦးဆုံးဖြစ်မည့် အဆိုပါဆွေးနွေးပွဲကို လာမည့် သောကြာနေ့တွင် စတင်ကျင်းပမည်ဖြစ်သည်။


Viewing all articles
Browse latest Browse all 15231

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...