Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15231

နိုဝင်ဘာ-၂၆ အားကစားသတင်းစုစည်းမှု

$
0
0

နိုဝင်ဘာ-၂၆ ၂၀၁၃
M-Media

Suarez

- ယခင်ချယ်ဆီး နောက်ခံလူဟောင်းတစ်ဦးဖြစ်သူ မာဆယ်လ် ဒီဆယ်လီက လီဗာပူးလ်အသင်း၏ တိုက်စစ်မှူး ဆွာရက်ဇ်မှာ ဒိုင်ဗင် အထိုးကောင်းသူဟု စွပ်စွဲလိုက်ပြီး၊ ဆွာရက်ဇ်မှာ ဘောလုံးကွင်းအား ရေကူးကန်ဟု ထင်နေသော ကစားသမားဖြစ်သည်ဟု မှတ်ချက်ပေးပြောဆိုခဲ့သည်။ ဆွာရက်ဇ်မှာ ပရီးမီးယားလိဂ်သို့ ရောက်ရှိလာပြီးနောက် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရပြီး လီဗာပူးလ်အသင်း၏ နည်းပြဖြစ်သူ ဘရန်ဒန်ရော်ဂျာက နိုင်ငံခြားကစားသမားဖြစ်၍ သူ၏ အပြုအမူများမှာ အနည်းငယ်လွန်ကဲနေသည်ဟု ယခုနှစ်အစောပိုင်းက ကာကွယ်ပြောကြားခဲ့သည်။

- တိုက်စစ်မှူးတောရက်စ်မှာ ယနေ့ညတွင် ကစားမည့် ဘေဆယ်နှင့် ချန်ပီယံလိဂ်ပွဲတွင် ပြန်လည်ပါဝင်ရန် အဆင်သင့်ဖြစ်နေပြီဟု ချယ်ဆီးနည်းပြ မော်ရင်ဟိုက ပြောကြားခဲ့သည်။ တောရက်စ်မှာ နိုဝင်ဘာ ၂ ရက်နေ့က ကစားခဲ့သည့် နယူးကာဆယ်နှင့်ပွဲတွင် ဒဏ်ရာရရှိခဲ့ပြီး ၃ ပွဲဆက်တိုက် အနားယူနေခဲ့ရသူဖြစ်သည်။

-  အာဆင်နယ်အသင်း၏ ရာသီအစ ကောင်းမွန်သော ပုံစံက အသင်း၏ စွမ်းဆောင်ရည်အား မေးခွန်းထုတ်ခဲ့သူများကို ငြိမ်သက်သွားစေခဲ့သည်ဟု မာဆေးလ်အသင်း၏ နည်းပြဖြစ်သူ အီလီဘော့ပ်က ပြောကြားခဲ့သည်။ မာဆေးလ်အသင်းမှာ ယနေ့တွင် အီမရိတ်ကွင်း၌ အာဆင်နယ်အသင်းနှင့် ချန်ပီယံလိဂ်ပွဲကို ကစားရမည်ဖြစ်ပြီး အသင်း၏ကစားသမားများမှာ အကောင်းဆုံးကစားနိုင်မည်ဟု မျှော်လင့်နေသည်။

- နယူးကာဆယ်အသင်း၏ ကွင်းလယ်လူဖြစ်သူ ယိုဟန်ကာဘာယီက ၎င်းအနေဖြင့် နယူးကာဆယ်အသင်းတွင် ယခုနှစ်ရာသီကုန်အထိ ရှိနေမည်ဟု ကတိပေးခဲ့ပြီး၊ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ကစားနိုင်ရန်အတွက် ရာသီကုန်တွင် အသင်းမှ ထွက်ခွာနိုင်ကြောင်း ၀န်ခံပြောကြားခဲ့သည်။ ၂၀၀၆-၀၇ ခုနှစ် ဘောလုံးရာသီတွင် လိုင်လီအသင်းနှင့် ချန်ပီယံလိဂ်တွင် နောက်ဆုံကစားခဲ့သည့် ကဘာယီအား ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့က အာဆင်နယ်အသင်းမှ ပေါင် ၁၀ သန်းဖြင့် ခေါ်ယူရန်ကမ်းလှမ်းခဲ့သော်လည်း အပြောင်းအရွှေ့မှာ ဖြစ်ပေါ်လာခြင်းမရှိပေ။

- ဘွန်ဒီလီဂါတွင် ၃ ပွဲဆက်တိုက်ရှုံးနိမ့်ခဲ့ပြီး ဦးဆောင်သူ ဘိုင်ယန်မြူးနစ်နှင့် ၇ မှတ်အကွာသို့ရောက်ရှိလာခဲ့သောကြောင့် အသင်းတွင် ပြဿနာများရှိနေသည်ဆိုသည့် သတင်းအား ဒေါ့မွန်အသင်း၏ နည်းပြဖြစ်သူ ဂျာဂျန်ကလော့ပ်က ငြင်းဆိုလိုက်သည်။ ထိုကဲ့သို့ရှုံးနိမ့်မှုများက အသင်းရှိကစားသမားများကို ရိုက်ခတ်မည် မဟုတ်ဘဲ ယနေ့ညတွင်ကစားမည့် နာပိုလီအသင်းနှင့်ပွဲတွင် အကောင်းဆုံး ပုံစံပြသမည်ဟု ကလော့ပ်က ထည့်သွင်းပြောကြားခဲ့သည်။

- ကာဂလီယာရီအသင်းအား အိမ်ကွင်းတွင် ၁ ဂိုးစီသရေကျခဲ့သောကြောင့် စိတ်ပျက်မိသော်လည်း ရိုးမားအသင်းမှာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အခွင့်အရေးရှိနေသည်ဟု ကွင်းလယ်လူ ဒီရော့စီက ယမန်နေ့တွင် ပြောကြားခဲ့သည်။ ရိုမားအသင်းမှာ ထိုပွဲတွင် ဂိုးသွင်းခွင့်မြောက်များစွာ ရခဲ့ပြီး၊ အဆုံးသတ်ပိုင်းအားနည်းမှုနှင့် ကာဂလီယာရီအသင်း ဂိုးသမား၏ လက်စွမ်းပြမှုကြောင့် အိမ်ကွင်းတွင် ၁ ရေတစ်မှတ်သာ ရရှိခဲ့ခြင်းဖြစ်သည်။

- အေစီမီလန်အသင်း၏ အ၀တ်လဲခန်းအတွင်း အခြေအနေမှာ အနည်းငယ်တင်းမာလျက်ရှိသည်ဟု ကွင်းလယ်လူ ကာကာက ဖွင့်ဟခဲ့သည်။ အေစီမီလန်အသင်းမှာ စနေနေ့က အိမ်ကွင်းတွင်ကစားခဲ့သည့် ဂျီနိုအာအသင်းနှင့် ပွဲတွင် ၁ ဂိုးစီသရေချခဲ့ပြီး ပြိုင်ပွဲအားလုံးတွင် အနိုင်မရခဲ့သည်မှာ ၇ ပွဲဆက်တိုက်ရှိပြီဖြစ်သည်။ ထိုပွဲပြီးနောက် ပရိတ်သတ်များက ဆန်စီရိုကွင်း၏ ထွက်ပေါက်များအား ပိတ်ဆို့ကာ အသင်း၏ ဆိုးရွားသော ရလဒ်များအတွက် ကစားသမားများက ဖြေရှင်းပေးရန် တောင်းဆိုခဲ့ကြသည်။

- ဒဏ်ရာကြောင့် တင်းနစ်ကစားခြင်းမှအနားယူနေရသည့် ဗြိတိန် တင်းနစ်အကျော်အမော် အန်ဒီမာရေးမှာ ယခုလကုန်ပိုင်းပြုလုပ်မည့် သရုပ်ပြပွဲတစ်ခုတွင် ကစားမည်ဟုသိရသည်။ ယခုနှစ်ဝင်ဘယ်လ်ဒန်ချန်ပီယံ မာရေးမှာ ကာလကြရှည်စွာ ဒုက္ခပေးနေသော ၎င်း၏ နောက်ကျောဒဏ်ရာအား ခွဲစိတ်ကုသမှုကြောင့် ပြီးခဲ့သည့် စက်တင်ဘာလကတည်းက အနားယူနေရသူဖြစ်သည်။ မိုင်ယာမီ ဆောင်းရာသီလေ့ကျင့်ရေးစခန်းတွင် လေ့ကျင့်နေသည့် မာရေးမှာ လာမည့် ဒီဇင်ဘာတွင်လည်း အဘူဒါဘီ၌ သရုပ်ပြပွဲတစ်ခု ကစားရန် ရှိနေသည်။

- မိမိ၏ နည်းပြသစ်အဖြစ် နယ်သာလန်နိုင်ငံသား စဗန် ဂရိုနီဗဲဒ်အား ခန့်အပ်တော့မည်ဟု ရုရှားနာမည်ကြီးတင်းနစ်မယ် မာရီယာ ရှာရာပိုဗာက အတည်ပြုပြောကြားခဲ့သည်။ ရှာရာပိုဗာမှာ ယခုနှစ် ၀င်ဘယ်လ်ဒန် တင်းနစ်ပြိုင်ပွဲပြီးကတည်းက အချိန်အတော်ကြာ လက်တွဲလာခဲ့သည့် နည်းပြ သောမတ်စ် ဟော့ဂ်စတ်ဒ်နှင့် လမ်းခွဲခဲ့သည်။ ဂရိုနီဗဲဒ်မှာ အမျိုးသမီးတင်းနစ်လောကတွင် အောင်မြင်သူတစ်ဦးဖြစ်ပြီး မိုနီကာ ဆီလီစ်၊ မေရီ ပီယာစီ၊ အာနာ အိုင်ဗန်နိင်ဗစ်နှင့် ကာရိုလိုင်း ၀ုဇ်နီအက်ကီစသည့် ကမ္ဘာ့အဆင့် တင်းနစ်မယ်များအား နည်းပြခဲ့သူတစ်ဦးဖြစ်သည်။

- ဟောင်ကောင်နိုင်ငံမှာ နိုင်ငံ၏ ပထမဦးဆုံး WTA တင်းနစ်ပြိုင်ပွဲအား လာမည့်နှစ်တွင် ကျင်းပမည်ဟု သိရသည်။ တစ်ပတ်တာကြာမြင့်မည့် Hong Kong Open တင်းနစ်ပြိုင်ပွဲအား လာမည့်နှစ် စက်တင်ဘာလတွင် ဗစ်တိုရီးယားပန်းခြံရှိ တင်းနစ်ကွင်းတွင် ကျင်းပမည်ဖြစ်သည်။ ကမ္ဘာ့အဆင့် ၁၀ အတွင်းရှိ တင်းနစ်မယ်များထဲမှ တစ်ဦးပါဝင်မည်ဖြစ်ကာ ဆုကြေးငွေ စုစုပေါင်း ပေါက် ၁၅၅၀၀၀ ချီးမြှင့်မည်ဟု သိရသည်။


Viewing all articles
Browse latest Browse all 15231

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...