Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15244

ကြောက်စရာမြေကျွံမှုကို ၂ ရက်အတွင်း ပိုကောင်းအောင် ပြင်ပြလိုက်တဲ့ ဂျပန်

$
0
0

နိုဝင်ဘာ ၁၅၊ ၂၀၁၆
M-Media

japan-2

– ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း ဖူကူအိုကာမြို့က လူသွားလူလာများတဲ့လမ်းမကြီးမှာ ပြီးခဲ့တဲ့တစ်ပတ်အင်္ဂါနေ့က မြေကျွံမှုတစ်ခုကြောင့် မီတာ ၃၀ လောက်ကျယ်ပြီး ၁၅ မီတာလောက်နက်တဲ့ အပေါက်ကြီး ဖြစ်ပေါ်ခဲ့ပါတယ်။

မြေအောက်က ဓာတ်အားပေးလိုင်း၊ ဓာတ်ငွေ့လိုင်း၊ ရေဆိုးစွန့်ထုတ်မှုစနစ်၊ ရေပိုင်လိုင်း၊ ဆက်သွယ်ရေးလိုင်းတွေလည်း ဒီမြေပြိုမှုကြောင့် ပျက်ဆီးခဲ့ရပြီး အလွန်ကြီးမားတဲ့ ဒီအပေါက်ကြီးကြောင့် ဘေးနားက တိုက်တွေပါ ပြိုကျမယ့်အခြေအနေမျိုး ဖြစ်နိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိခဲ့ပါတယ်။

ဆိုရှယ်မီဒီယာမှာ အလျင်အမြန်ပြန့်နှံ့သွားတဲ့ ဒီဓာတ်ပုံကြောင့် ကမ္ဘာတစ်ဝှမ်းက ထိတ်လန့် အံ့သြခဲ့ရပါတယ်။ ဒီထက်ပိုပြီး အံ့သြစရာကောင်းတာတစ်ခု ရှိပါသေးတယ်။

ဒါကတော့ ဒီအပေါက်ကြီးကို ၄၈ နာရီအတွင်းမှာ အရင်ကထက် ပိုမိုတောင့်တင်းအောင် ပြုပြင်နိုင်ခဲ့တယ်ဆိုတဲ့ ဂျပန်အင်ဂျင်နီယာတွေနဲ့ စွမ်ဆောင်နိုင်မှုနဲ့ လုပ်ရည်ကိုင်ရည်ပါပဲ။

ဒီနေ့မနက်ပိုင်းမှာ ပြန်ဖွင့်နိုင်ခဲ့တဲ့ အဲဒီလမ်းမကြီးဟာ မူလကထက် အဆ ၃၀ လောက် ပိုမို ခိုင်မာတောင့်တင်းတယ်လို့ ဖူကူအိုကာ မြို့တော်ဝန် ဆိုချီရို တာကာရှီမာက ပြောကြားခဲ့ပြီး ဒီလိုမြေကျွံရတဲ့ အကြောင်းအရင်းကို ဖော်ထုတ်ဖို့အတွက် ကျွမ်းကျင်ပညာရှင်တွေပါဝင်တဲ့ အဖွဲ့တစ်ခုကို ဖွဲ့စည်းသွားမယ်လို့လည်း ဆိုပါတယ်။

၆၂၀၀ ကုဗမီတာရှိတဲ့ အဲဒီအပေါက်ကြီးကို သဲတွေ၊ ဘိလပ်မြေတွေ မြောက်များစွာသုံးကာ နေ့မအားညမနား ဖာထေးခဲ့တာဖြစ်ပြီး ဒီလို အားထုတ်ခဲ့တဲ့ ဂျပန်အင်ဂျင်နီယာတွေကို ပြည်သူတွေကလည်း ဆိုရှယ်မီဒီယာတွေကနေတစ်ဆင့် ချီးကျူးခဲ့ကြပါတယ်။

ဂျပန်နိုင်ငံမှာ လမ်းတွေကို ဒီလို အံ့သြလောက်ဖွယ်အမြန်နှုန်းနဲ့ ပြင်ဆင်နိုင်ခဲ့တာဟာ ဒါက ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ ၂၀၁၁ ခုနှစ် ၃ ခါဆက်တိုက် ကျရောက်ခဲ့တဲ့ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်ဆီးသွားတဲ့ လမ်းတွေကိုလည်း ဂျန်ပက ဒီလိုလျင်လျင်မြန်မြန်နဲ့ ပြင်ဆင်ခဲ့ပြီး အင်ဂျင်နီယာလောကကို မှင်သက်စေခဲ့ပါတယ်။

japan-3

Ref: Theguardian



The post ကြောက်စရာမြေကျွံမှုကို ၂ ရက်အတွင်း ပိုကောင်းအောင် ပြင်ပြလိုက်တဲ့ ဂျပန် appeared first on News @ M-Media.


Viewing all articles
Browse latest Browse all 15244

Trending Articles